Movie Name
Lighter And Princess (ချစ်ခြင်း၏အာနိသင်) (2022)
Year
2022
Generes
Drama, Romance
Code
SC0604
Type
Series
Size
9.14 GB
Country
China
Description
1-36 Completed ခပ်ဆိုးဆိုး/ခပ်မိုက်မိုက်ကောင်လေး – လီရွှင် နဲ့ ❏ စာတော်တဲ့ တက္ကသိုလ်ကျောင်းသူလေး – ကျူးယွင့် တိုရဲ့ အချစ် အမုန်း ဆုံးရှုးမှုတွေ ပေးဆပ်မှုတွေ ကြားထဲမှ ပေါက်ဖွားလာမဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်…! တက္ကသိုလ်ကျောင်းသူဘဝကို ပထမဆုံးခြေလှမ်းခါစပြုနေတဲ့ ကျူးယွင့်ဟာ ခပ်ဆိုးဆိုးကောင်လေး လီရွှင်နဲ့ တွေ့ဆုံခဲ့ပြီး သူမရဲ့ဘဝဟာ ဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့ရပါတော့တယ် ဘာကိုမှမသိနားမလည် ပိုက်ဆံဖြုန်းဖိုသာသိတဲ့ သူဌေးသားတစ်ယောက်လို ကျူးယွင့်ရဲ့ အထင်မှားခြင်းကို ခံထားရတဲ့ “သူ” ဟာ တကယ်တမ်းတော့ Programming ပိုင်းမှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့ ပညာရှင်လေးတစ်ဦးဖြစ်နေခဲ့ပါတယ် နှစ်ယောက်သားဟာ အကြိမ်ပေါင်းများစွာ တွေ့ဆုံပြီးတဲ့နောက်မှာတော့ တစ်ဦးနဲ့ တစ်ဦး လေးနက်မှူတွေ/တန်ဖိုးထားမှုတွေ ဖြစ်ပေါ်လိုလာခဲ့ပါတယ် ကျူးယွင့်အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့ အချိန်မှာလဲ လီရွှင်ဟာ သူမရှေ့ကနေပြီး မားမားမက်မက် ရပ်တည်ကာကွယ်ပေးခဲ့ပါတယ် ဒီလိုနဲ့ နှစ်ယောက်သားရဲ့ ရိုးရှင်းတဲ့ဆက်ဆံရေးကြားမှာ ချစ်ခြင်းမေတ္တာတွေ တစ်ဖြည်းဖြည်းပေါက်ဖွားလာခဲ့ပြီးတော့ မိသားစုအခြေအနေ ကွာခြားမှုတွေကိုတောင် ဂရုမပြုပဲ သတ္တိရှိရှိနဲ့ ရှေ့ဆက်လျှောက်လှမ်းခဲ့ပါတယ် ဒါပေမဲ့လို သူတိုနှစ်ဦးရဲ့ အချစ်ရေးလမ်းကြောင်းဟာ ဖြောင့်ဖြူးဖိုအတွက် ကံပါမလာခဲ့ပါဘူး ကံကြမ္မာရဲ့အလှည့်အပြောင်းတွေ ကံကြမ္မာရဲ့မျက်နှာသာမပေးမှုတွေကြောင့် လီရွှင်ရဲ့အစ်မဖြစ်သူဟာ မသမာသူတစ်ဦးကြောင့် ကားတိုက်မှုမတော်တဆဖြစ်ပွားခဲ့ပြီး အစ်မဇောနဲ့ စိတ်မထိန်းနိုင်တဲ့ လီရွှင်ဟာ တရားခံဖြစ်သူကို ထိခိုက်မှုဖြစ်စေခဲ့တာကြောင့် ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့အချိန်မှာတော့…? ❐ သူတိုနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးဟာ ဘယ်လိုဆက်ဖြစ်သွားမှာလဲ ? ❐ ကြုံလာတဲ့ အခက်အခဲတွေကိုရော သူတိုနှစ်ဦး ရင်ဆိုင်ကျော်ဖြတ်နိုင်ပါ့မလား ? ❐ သူတိုအပေါ် မသမာခဲ့တဲ့ လူတစ်စုအပေါ်ကိုရော ပြန်လည်ချေပါ့နိုင်ပါ့မလား ? ❐ လီရွှင်ခံစားနေရတဲ့ မိသားစုနဲ့သက်ဆိုင်တဲ့နာကျင်မှုတွေကို ကျူးယွင့်က အထိန်းအကွပ်မဲ့ပေးဆပ်ပြီး ကုစားနိုင်ပါ့မလား ? ❐ သူတိုနှစ်ဦး မျှော်လင့်ထားတဲ့ချစ်ခြင်မေတ္တာလေးကိုရော ပိုင်ဆိုင်နိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးထဲမှာ အဖြေရှာလိုက်ရအောင်လားရှင် အချစ် / အမုန်း / ဒေါသ / မာန်မာန / ၆ပအညှ်းအတေးတွေ အစရှိတဲ့ ရသမျိူးစုံကို ပေးစွမ်းနိုင်မဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်လို အခုပဲကြည့်ရှုလိုက်ရအောင်ပါနော်