-
Movie Name
-
Dragon Age Absolution (2022)
-
Year
-
2022
-
Generes
-
Action, Animation
-
Code
-
SAN0084
-
Type
-
Series
-
Size
-
2 GB
-
Country
-
Hollywood
-
Description
-
1-6 Completed
Dragon Age: Absolution (2022)
=======================
IMDb Rating – 6.4/10
ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့အတွက် Animation Series
ကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ရပါတယ်။ မှော်အတတ်တွေ
ဂမ္ဘီရသတ္တဝါတွေကြီးစိုးခဲ့တဲ့ ခေတ်ကာလတစ်ခုအကြောင်းသရုပ်ဖော်
ထားတဲ့ Fantasy ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
ရှေးခေတ် Tevinter နိုင်ငံတော်ကြီးမှာ သာမန်လူသားတွေနဲ့အတူ
မှော်ဆရာတွေ ဝါဒဖြန့်ဂိုဏ်းတွေ နတ်မိစ္ဆာတွေ နတ်သူငယ်လေးတွေ
ပါ အတူယှဉ်တွဲနေထိုင်ကြရာမှာ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ ပြည့်နှက်
နေခဲ့ပါတယ်။ မှော်အတတ်ကသာအရေးအပါဆုံးဖြစ်နေပြီး တိုင်းပြည်
ရဲ့ကာကွယ်စောင့်ရှောက်သူတွေကလည်း မှော်အစွမ်းရှိတဲ့ဘယ်လို
ပုဂ္ဂိုလ် ဘယ်လိုသတ္တဝါမျိုးကိုမဆို ပစားပေးထားပြီး မတရားမှုမှန်သမျှ
ကိုလည်း မျက်ကွယ်ပြုထားခဲ့ကြပါတယ်။
အထက်ဖားအောက်ဖိစနစ်နဲ့ တိုင်းပြည်မှာကျွန်ပြုခံနေရာကနေ လွတ်
မြောက်လာတဲ့ Mirium ဆိုတဲ့ နတ်သူငယ်မလေးကတော့ Tevinter
နိုင်ငံအပြင်ဘက်မှာပဲ ကြေးစားလုပ်ကြံသူတစ်ယောက်အနေနဲ့ ဇာတ်
မြှုပ်နေထိုင်နေရာ၊ တစ်နေ့မှာတော့ ချစ်သူဟောင်း Hira ရဲ့ကမ်းလှမ်းမှု
ကြောင့် လျို့ဝှက်စစ်ဆင်ရေးတစ်ခုကိုလက်ခံလိုက်တဲ့အတွက် Tevinter
ကိုပြန်သွားရဖို့ဖြစ်လာခဲ့ပါတယ်။ တန်းတူအခွင့်အရေးမရရှိခဲ့လို့ နေရပ်
တိုင်းပြည်ကိုမုန်းတီးနေသူ Mirium တစ်ယောက်…. တိုင်းပြည်ရဲ့မှော်ဝင်
ရှေးဟောင်းပစ္စည်းတစ်ခုကို ခိုးယူပေးရဖို့ဖြစ်လာတဲ့အခါ….. ရှေ့ဆက်
ရင်ဆိုင်ရမယ့်စွန့်စားခန်းတွေကို စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။