Movie Name
Itlu Maredumilli Prajaneekam [2022]
Year
2022
Generes
Action, Crime
Code
IND0592
Type
Movie
Size
1.19 GB
Country
Bollywood
Description
ဒီတစ်ခေါက် ဇာတ်ကားလေးကတော့itlu Maredumilli Parajaneekamဆိုတဲ့အိန္ဒိယဇာတ်ကားလေး ဖြစ်ပါတယ်။မရီဒူမီလီဆိုတဲ့တောင်ပေါ်ရွာလေးအကြောင်းကို ရိုက်ပြထားတဲ့ဇာတ်ကားလေးပေါ့။ ရွာလေးက တောင်ပေါ်ဒေသဆိုတော့လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်း ကျောင်းမရှိ ဆေးရုံမရှိပေါ့။တစ်ခုခုဖြစ်လာရင် တောင်အောက်ကို ဆင်းနေရတာနဲ့ပဲ လူတွေမသေသင့်ပဲသေရပါတယ်။သူတို့ရွာက လမ်းကိုကောင်းကောင်းလေးဖောက်ပေးဖို့ တောင်းဆိုလာတာလည်းအနှစ်၃၀လောက်ရှိနေပါပြီ။ ဘယ်အရာရှိတွေ ဘယ်အစိုးရတွေကမှအရေးမလုပ်ခဲ့ပါဘူး။အဲ့လိုနဲ့ရွာသားတွေဟာ အစိုးရအရာရှိတွေဆိုရင် မုန်းတီးနေခဲ့ပါတယ်။ တစ်နေ့မှာနိုင်ငံအတွင်း ရွေးကောက်ပွဲကျင်းပဖို့ လုံးပန်းကျခဲ့အခါ မဲကလည်း တစ်ရာရာခိုင်နှုန်းရမှ ဖြစ်မယ်ဆိုပြီးအဲ့တောင်ပေါ်ရွာသားတွေဆီကို ကျောင်းဆရာနှစ်ယောက်ကို စေလွှတ်ခဲ့ပါတယ်။အဲ့အချိန်မှာteluguဆရာလေးဟာ ရွာသားတွေကို မဲပေးဖို့စည်းရုံးရင်းကနေ ရွာသားတွေရဲ့ဘဝကို နားလည်လာခဲ့တယ် စာနာလာခဲ့တယ်။အဲ့တော့ ဆရာလေးက ရွာသားတွေနဲ့အတူ အကြံထုတ်ပြီးအစိုးရက လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် တံတားတည်ဆောက်ခွင့်ပေးလာအောင်အမျိုးမျိူးကြံစည်ခဲ့ပါတယ်။ ‌တောင်ပေါ်ရွာသားတွေနဲ့ ဆရာလေးကပဲ သူတိူ့အလိုရှိတာကိုရသွားမလား။အင်အားကြီးမားတဲ့ အစိုးရကပဲ အရေးမလုပ်ပဲနေနိုင်မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုသွားရမှာပါ။နိုင်ငံရေးနည်းနည်းဆန်ပေမဲ့ဆရာလေးနဲ့တောင်ပေါ်ရွာသူလေးရဲ့lovelineလေးကိုလည်းထည့်ပေးထားတယ်။ ‌နောက်ဆရာတစ်ယောက်ရဲ့ funny character လေးကိုလည်း ထည့်ပေးထားတော့ကြည့်ရတာအရမ်းအဆင်ပြေပါတယ်။ဇာတ်အိမ်ခိုင်ချုင်နဲ့ အစိုးရနဲ့ နိုင်ငံရေးသမားတွေရဲ့တစ်ကိုယ်ကောင်းဆန်မှုကို မြင်သာထင်သာအောင် ရိုက်ပြသွားတဲ့အတွက်လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပါ။