-
Movie Name
-
Breaking Bad (2008)
-
Year
-
2008
-
Generes
-
Crime, Drama, Thriller
-
Code
-
SE0003
-
Type
-
Series
-
Size
-
20.7 GB
-
Country
-
Hollywood
-
Description
-
Breaking Bad (Season 1+2+3+4+5)
မြန်မာစာတန်းထိုး ( စဆုံး )
IMDB 9.5 တောင်ရထားတဲ့စီးရီးကောင်းလေးတခု
Top 10 နံပါတ် ၅ နေရာမှာ နေရာယူထားတဲ့ Series တစ်ခုပါ
စော်အလန်းလေးတွေလဲမပါ.. ရုပ်ဖြောင့်ဖြောင့်ဘဲတွေလဲမပါ..(အိမ်ထောင်သည် ဗိုက်ရွှဲှ ကလေးအဖေများက ဇတ်လိုက်တွေ 😛 ) သရဲတွေ မိစ္ဆာတွေမပါ...စုံထောက်တွေ လူသတ်မှုတွေမပါ.... သွေးစုပ်ဖုတ်ကောင်တွေ zombie တွေမပါ..ထူးခြားဆန်းကျယ် မှော်ပညာတွေမပါ.... သဘာဝလွန်ဖြစ်ရပ်ဆန်းတွေမပါ...သိပ္ပံအဆန်းတွေမပါ ဘဲ သာမန် ကျောင်းဆရာတစ်ယောက်ရဲ့ ဘဝကို ရိုက်ကူးထားပြီး တစ်ကမ္ဘာလုံး သဲသဲလှုပ်ကြတဲ့ GOT ကို အသာလေးကျော်တက်ပြီး No.1 နေရာမှာ ရပ်တည်ခဲ့တယ်... season 5 မှာ ဇတ်သိမ်းသွားတဲ့ထိ No. 1 နေရာက လုံးဝလုံးဝ မဆင်းဘူးး (director ဟာ လူမဟုတ်နိုင်ဘူး ဂြိုဟ်သား ဖြစ်ရင်ဖြစ် အနာဂတ်ကလာတဲ့ time traveller ဖြစ်ရင် ဖြစ်လိမ့်မယ်လို့ စာရေးသူ ခနခနစဉ်းစားဖူးတယ်)
ဇာတ်လမ်းကတော့ ...
Walter White ဆိုတဲ့ လူတော်လူကောင်းကြီးတစ်ယောက်အကြောင်းပါ ...
Walter White ဟာ Carlifornia Institute of Technology ကျောင်းထွက် ဓာတုဗေဒပညာရှင်ဖြစ်ပါတယ် ... သူဟာ အရည်အချင်း ပြည့်ဝသလိုတော်လည်းတော်တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်တယ် ...
နိုဘယ်ဆုရတဲ့ ဓာတုဗေဒအသင်းတစ်ခုမှာ ပါဝင်ကူညီဖူးသလို နောင်တစ်ချိန်မှာ ဘီလျံချီ ချမ်းသာလာမယ့် Grey Matter ဆိုတဲ့ ကုမ္ပဏီကိုလည်း သူငယ်ချင်းတစ်ယောက်နဲ့တွဲတည်ထောင်ဖူးပါတယ် ...
လူ့ဘဝမှာ အောင်မြင်ဖို့ဆိုတာကြိုးစားမှုနဲ့ဆိုင်သလို ကံကြမ္မာနဲ့ဆိုင်ပါသေးတယ် ...
ကံမကောင်းခြင်းများစွာက Walter ရဲ့ဘဝကိုပြောင်းလဲစေပါတယ် ...
နောင်တစ်ချိန်မှာ အောင်မြင်လာမယ့် Grey Matter ကုမ္ပဏီကို မအောင်မြင်ခင်မှာ ဒေါ်လာ ၅၀၀၀နဲ့ ရောင်းချပြီးတော့ မိသားစုနဲ့အတူ New Mexico ပြည်နယ် Albuquerque မှာ အခြေချနေထိုင်ပါတယ် ...
သူ့မှာ လှပပြီးနားလည်ပေးတဲ့ ဇနီး နဲ့ Cerebral palsy ရနေတဲ့သားတစ်ယောက်ရှိပါတယ် ...
ထို့အပြင် မရီးနဲ့ မယားညီအစ်ကို Hank တို့လည်းရှိပါတယ်... မယားညီအစ်ကိုဖြစ်တဲ့ Hank ကတော့ DEA(Drug Enforcement Administration)က အေးဂျင့်တစ်ယောက်ပါ ...
တစ်ချိန်က အနာဂတ်ကောင်းတွေကိုပိုင်ဆိုင်ခဲ့ပေမယ့် မိသားစုအတွက်နဲ့ ဘဝကို အထက်တန်းပြ ဓာတုဗေဒ ဆရာအဖြစ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုတယ် ...
လောက်ငှအောင်သုံးဖို့ရာ ကားရေဆေးဆီလိုက်မှာလည်း အလုပ်လုပ်ကိုင်ပါသေးတယ် ...
မကြာမီမှာပဲ သူတို့မိသားစုဘဝထဲကို သမီးလေးတစ်ယောက်ထပ်ရောက်လာတော့မယ်ဆိုတဲ့ သတင်းလည်းရောက်လာပြန်တယ် ...
ဒီလိုနဲ့ဘဝမှာ မအောင်မြင်ပေမယ့် မိသားစုအတွက် ရိုးရှင်းစွာဖြတ်သန်းနေတဲ့ လူတော်လူကောင်းကြီးအတွက် ကံကြမ္မာဆိုးတွေ ဝင်လာပါတော့တယ် ...
တစ်နေ့မှာ သူလုပ်ကိုင်နေတဲ့ ကားရေဆေးဆီလိုက်မှာ Walter တစ်ယောက် ချောင်းဆိုးသွေးအန်ပြီး သတိလစ်မေ့မျောသွားပါတယ် ...
သတိရတော့ သူ ဆေးရုံမှာရောက်နေတယ် ...
ဆရာဝန်က Walter ကို အဆုတ်ကင်ဆာဖြစ်နေကြောင်း ရှင်းပြပါတယ် ...
ဒီမှာတင်ပဲ Walter စိတ်အနှောင့်အယှက်ဖြစ်သွားတယ် ...
သူ့မှာ မသန်စွမ်းဖြစ်နေတဲ့ သားတစ်ယောက်ရှိတယ် ...
ဇနီးမှာလည်း ကိုယ်ဝန်နဲ့ ... သူဆုံးသွားရင် သူ့မိသားစုကို ဘယ်လိုစောင့်ရှောက်ရမလဲဆိုတာ ဝေခွဲရခက်ခက်နဲ့ အိမ်ပြန်လာတယ် ...
မိသားစုဝင်တွေတော့ သူ ကင်ဆာရတဲ့အကြောင်းကို ဘယ်သူ့မှမပြောပြဘူး ...
တစ်ရက်မှာ မိသားစုတွေ မိတ်ဆွေတွေနဲ့ တွေ့ဆုံစားသောက်တဲ့အချိန်မှာ မယားညီအစ်ကိုဖြစ်တဲ့ Hank က သူ့အလုပ်နဲ့စပ်ဆိုင်တဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေပြောကြားရင်းနဲ့ ငွေအလုံးအရင်းနဲ့ရတဲ့ Methamphetamine စိတ်ကြွဆေးတွေအကြောင်းကြားရတယ် ...
နောက်ရက်မှာ Walter ဟာ Hank တို့ မူးယစ်ဆေးရောင်းဝယ်တဲ့ နေရာတွေလိုက်ဖမ်းတာကို လိုက်သွားတယ် ..
အဲ့ဒီမှာ အရင်က သူ့တပည့်ဖြစ်ဖူးတဲ့ Jesse Pinkmanဆိုတဲ့ ချာတိတ် ရဲတွေလက်ကနေ တိတ်တိတ်လေးထွက်ပြေးတာကို တွေ့လိုက်တယ် ...
ဒီမှာ Walter တစ်ယောက် အကြံရသွားတယ် ...
သူ့ဟာ ဓာတုဗေဒပညာရှင်ဖြစ်လို့ Methamphetamine တွေကို အရည်အသွေးကောင်းကောင်းနဲ့ ဘယ်လိုချက်ရတယ်ဆိုတာ သူကောင်းကောင်းသိတယ် ...
Jesse ကို စည်းရုံးပြီး ရောင်းဝယ်မှုတွေလုပ်ရင် ငွေအမြောက်အမြားရမယ် သူ့မိသားစုအတွက် သူမသေခင် ရှာနိုင်သလောက်ရှာပေးမယ် ...
သေခါနီးလူတစ်ယောက်အတွက် ဒုစရိုက်မှုတွေ ကျူးလွန်ဖို့ရာ မကြောက်ရွံ့တော့ဘူးပေါ့ ...
အဲ့ဒီ အကြံအစည်နဲ့ပဲ Walter ဟာ Methamphetamine ဆေးတွေ ထုတ်လုပ်ဖြန့်ချိမှုကို Jesse နဲ့ပေါင်းပြီး လုပ်ကိုင်ပါတော့တယ် ...
အထက်တန်းကျောင်းပညာရေးအဆင့်သာရှိတဲ့ Jesse ရဲ့ ဉာဏ်တိမ်တဲ့ လုပ်ရပ်တွေကြောင့် Walter စိတ်ညစ်ရပေမယ့် သူတို့နှစ်ယောက် Partner ကောင်းတွေဖြစ်တာတော့ Walter လက်ခံတယ် ...
အစမှာတော့ မိသားစုအတွက်ဆိုတဲ့စိတ်နဲ့ ရှာဖွေရင်း နောင်ကျတော့ Walter ရဲ့ မသိစိတ်မှာ ကိန်းအောင်းနေတဲ့ မကောင်းတဲ့စိတ်က သူ့ကို ဝါးမြိုသွားပါတယ် ...
ဒီလိုနဲ့ Walter ဟာ HISENBERG ဆိုတဲ့ အမည်ဝှက်နဲ့ သူ့ရဲ မူးယစ်ဆေးဝါး အင်ပါယာကို ထူထောင်ပါတော့တယ် ...
ဒီဇာတ်လမ်းတွဲက အရမ်းမှန် အရမ်းကောင်းတဲ့လူတစ်ယောက် ကြောက်စရာကောင်းလောက်အောင်ကို ပြောင်းလဲသွားတဲ့ အကြောင်းကို ရိုက်ပြထားတာပါ ...
အဓိကဇာတ်ဆောင် Walter White ဟာ anti-hero ပုံစံပါ ...
သူကြောင့် သူ့မိသားစုဝင်တွေရဲ့ဘဝတွေပါ ပြောင်းလဲမှုတွေဖြစ်လာခဲ့တယ် ...
ဒါ့အပြင် Walter နဲ့ Jesse ကြားမှာရှိတဲ့ သားအဖလိုဆက်ဆံမှုတွေကိုလည်း ရိုက်ပြထားပါတယ် ...
ဒီဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေဟာ နာမည်ကြီးသရုပ်ဆောင်တွေ တစ်ယောက်မှမပါပါဘူး ...
ဒါပေမယ့် ဒီဇာတ်လမ်းတွဲကြောင့် အကုန်နာမည်ကြီးကုန် ပါတယ်...