Movie Name
Carnival Row
Year
2019
Generes
Crime, Drama, Fantasy
Code
SE0004
Type
Series
Size
3.18 GB
Country
Hollywood
Description
Carnival Row ( TV Show) Game Of Thrones လို နာမည်ကြီး ဇာတ်လမ်းတွဲ တစ်ခုနဲ့ အပြိုင်ဖိုက်ခဲ့တဲ့ Series တစ်ခုပါ။ သူဟာနဲ့သူတော့ အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ Fantasy ဇာတ်လမ်းတွဲအမျိုးအစားဖြစ်တာနဲ့အညီ ဒန်ဏ္ဍာရီလာ နတ်သမီးတွေ နတ်ဆိုးတွေ။ လူတစ်ပိုင်း ဆိတ်တစ်ပိုင်းပုံစံတွေကို ဒီဇာတ်လမ်းထဲမှာ မှင်သက်စွာမြင်တွေ့ရမှာပါ။ မင်းသမီးချော ဘလွန်းကတော့ ဒီထဲမှာ ဗင်ညတ်ဆိုတဲ့ နတ်သမီးတစ်ဦးအနေနဲ့။ အဓိက ပါ၀င်ထားပါတယ် မင်းသား Orlando Bloomရဲ့ ချစ်သူကောင်မလေးအဖြစ်နဲ့ရောပေါ့။ IMDB Rating ကတော့ 8/10အထိတောင်ရရှိထားပါတယ်ဗျ ဒါ့အပြင် Google Users မှာလည်း။ 94%အထိ ဒီ TV Shows ကိုကြိုက်နှစ်သက်ခဲ့ကြပါတယ် ကောင်းမွန်သေသပ်တဲ့ Seriesတစ်ခုပါ။ Review ဇာတ်လမ်းကတော့ လူသားမျိုးနွယ်တွေနဲ့နတ်မျိုး နွယ်တွေ အတူတကွပေါင်းစည်းနေထိုင်ကြရတဲ့။ အချိန်ကာလတစ်ခုကို သွားထားပါတယ်။ လူသားတွေက ဒီဒန်ဏ္ဍာရီလာ နတ်သားနတ်သမီးတွေကို မှင်စာအဖြစ်နဲ့ပဲ သတ်မှတ်ထားပြီး။ သူတို့ရဲ့ လက်အောက်ခံဘ၀နဲ့ပဲ နေခိုင်းစေတာပါ။ နတ်မျိုးနွယ်တွေအပေါ်စာနာမှုမရှိသလို ညှင်းပန်းနှိပ်စက်တတ်ကြပါသေးတယ်။ ဗင်ညတ်ဆိုတဲ့ နတ်သမီးတစ်ဦးဟာလည်း လူသားမျိုးနွယ်အိမ်ကြီးတစ်ခုမှာ အပျိုထိန်းလုပ်ရသူပါ။ သူမမှာက ဖိုင်လိုဆိုတဲ့ လူသားရဲအရာရှိတစ်ဦးနဲ့ အချစ်ဇာတ်လမ်းတွေ ရှိခဲ့ဖူးပါတယ်။ ဖိုင်လိုက အမှန်တရားကိုမြတ်နိုးသူပါ နတ်မျိုးနွယ်‌ တွေအပေါ်ကိုလည်း ကြင်နာမှုရှိပါတယ်။ လက်ရှိမှာတော့ နတ်မျိးနွယ်တွေ အသတ်ခံနေရတဲ့ အမှု‌တွေကို လိုက်လံစုံစမ်းနေတာပေါ့။ နောက်ပိုင်း ဒီဖြစ်ရပ်တွေမှာ သူရဲ့ချစ်သူ ဗင်ညတ်တစ်ယောက်ရော ပူးပေါင်းပါ၀င်သွားမလားဆိုတာ။ ကြည့်ရမှာပါ မှော်ကမ္ဘာကြီးထဲက သောင်းပြောင်း ထွေလာမျိုးစုံကို မြင်တွေ့ကြရမှာပါဗျ။