Movie Name
Oh! My Assistant (2022)
Year
2022
Generes
Comedy, Romance
Code
KR0323
Type
Movie
Size
663 MB
Country
Korea
Description
Korean BLတွေ ဆက်တိုက်ထွက်လာ‌နေတဲ့အထဲမှာပဲ ဇာတ်သွက်သွက်ကလေးနဲ့ တမူထူးခြားတဲ့ BL ဇာတ်လမ်းလေးဖြစ်တဲ့ Oh! My Assistant ဆိုတဲ့ ဇာတ်ကားကောင်းလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Seon Ho (Song Seung Hyun) ဟာ ၁၉+ ဝက်ဘ်တွန်းတွေပဲဆွဲတဲ့ စာရေးဆရာတစ်ဦးပါ။ သူ့ရဲ့ ရုပ်ပြကာတွန်းတွေက ရူးခါလောက်အောင်နာမည်ကြီးလာခဲ့သလို သူ့မှာလည်း ထူးဆန်းတဲ့ သက်ရောက်မှု တစ်ခုရှိလာခဲ့ပါတော့တယ်။ အဲဒါကတော့ ဝက်ဘ်တွန်းစရေးတဲ့ အချိန်ကစလို ၂နှစ်ကြာတဲ့အထိ သူရဲ့အငယ်ကောင် မနိုးလာတော့တာပါပဲ။ ဒီလိုနဲ့ ပင်ပန်းလာတဲ့အဆုံး လက်ထောက်တစ်ယောက် ငှားမှဖြစ်တော့မယ်လို ဆုံးဖြတ်လိုက်ပြီး အလုပ်လာလျှောက်တဲ့ Go Mu Young (Ko Chan Bin) နဲ့ တွေ့ဆုံတဲ့အခါမှာတော့ သူ့ရဲ့ အငယ်ကောင်လေးက နိုးချင်ချင်ဖြစ်လာခဲ့ပါတော့တယ်။ အချိန်အကြာကြီး အိပ်ပျော်နေခဲ့တဲ့ အငယ်ကောင်ကို နိုးထလာစေခဲ့တဲ့ Mu Young ဆိုသူနဲ့ Seon Ho တစ်ယောက် ဘယ်လိုနှစ်ပါးသွားမှာလဲ။ Mu Young ကလည်း ရိုးရိုးတန်းတန်းအလုပ်လာလျှောက်တာ မဟုတ်ဘဲ Seon Ho ရဲ့ နံပါတ်ဝမ်းပရိသတ်ဖြစ်နေတဲ့အခါမှာတော့ ဝက်ဘ်တွန်းရေးဆရာနဲ့ သူ့ရဲ့အမာခံပရိသတ်တိုကြား အချစ်ဇာတ်လမ်းလေးတစ်ခု ဘယ်လိုပေါက်ဖွားလာမှာလဲဆိုတာကို စောင်ကိုက်ပြီး GC နဲ့အတူတူ ကြည့်ရှူခံစားလိုက်ရအောင်ပါ‌နော်