-
Movie Name
-
High Heat (2022)
-
Year
-
2022
-
Generes
-
Action, Comedy, Crime
-
Code
-
EN2027
-
Type
-
Movie
-
Size
-
557 MB
-
Country
-
Hollywood
-
Description
-
High Heat (2022)
အန်နာ ခေါ် အန်ညာက ပြင်သစ်စားသောက်ဆိုင်ကို သူ့ခင်ပွန်းနဲ့အတူပူးတွဲပိုင်ပြီး စားဖိုမှူးတစ်ယောက်လဲဖြစ်ပါတယ်။
မီးဖိုချောင်ရဲ့ အပူတွေကြားမှာ စားဖိုမှူးတွေထုံးစံအတိုင်း တစ်ခါတစ်ရံပေါက်ကွဲသောင်းကျန်းတတ်တဲ့အန်နာ့ကို
သူ့ခင်ပွန်းက ယုတ္တိမတန်သူ ဘွဲ့ပေးထားတယ်ဆိုပါတော့။
တကယ်တော့အန်နာက စားဖိုမှူးထက်အများကြီးပိုတဲ့ အပူတွေကိုကြုံဖူးခဲ့တဲ့ရုရှားစပိုင်တစ်ယောက်ဖြစ်ပါတယ်။
အဲဒီဘဝကနေထွက်ပြေးလာပြီး ကိုယ်ရောင်ဖျောက်နေသူတစ်ယောက်ပါ။
ဆိုင်ဖွင့်ပွဲညမှာတော့ မိန်းမအတိတ်အကြောင်းကိုဘာမှမသိတဲ့ အန်ညာ့ခင်ပွန်းကသူ့မိန်းမကိုဂုဏ်ပြုတဲ့အနေနဲ့
သတင်းစာထဲကိုဆိုင်အကြောင်းထည့်ပေးလိုက်ရာမှာ အန်ညာ့အတိတ်က အန်ညာ့နောက်ပြန်လိုက်တာတဲ့အပြင်
သူ့ခင်ပွန်းရဲ့အကြွေးဇာတ်ထုပ်တွေကလဲ အဲဒီညမှာပေါ်လာချိန်မှာတော့
အန်ညာတစ်ယောက်ဆိုင်ထဲမှာတပ်စွဲပြီး သူ့စားသောက်ဆိုင်နဲ့သူ့ကိုယ်သူဘယ်လိုကာကွယ်သွားမယ်ဆိုတာကို
အက်ရှင်နဲ့ဟာသရောနှောရိုက်ကူးထားလို့ ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းမယ့် ကားတစ်ကားပါပဲ
အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။