Movie Name
Anons (2017)
Year
2017
Generes
Comedy, Drama
Code
EN2031
Type
Movie
Size
1.03 GB
Country
Hollywood
Description
Anons (2017) =========== IMDb Rating – 6.7/10 တူရကီနိုင်ငံမှာ အာဏာသိမ်းဖို့ ကြိုးစားခဲ့တာတွေ တော်တော် ရှိခဲ့ဖူးပါတယ်။ ဒီကားမှာတော့ ၁၉၆၀ ခုနှစ်ကျော်ဝန်းကျင်က စစ်တပ်ကနေပြီးတော့ တူရကီနိုင်ငံအစိုးရဆီကနေ နိုင်ငံအာဏာ သိမ်းဖို့ကြိုးစားခဲ့တဲ့အကြောင်းနဲ့စတာပေါ့။ ဒါပေမယ့် တခြား နိုင်ငံရေး၊ စစ်ရေးတွေထက် ဒီထဲမှာ တူရကီစစ်တပ်က စစ်ဗိုလ် လေးယောက် အဲ့အာဏာသိမ်းဖို့လုပ်မယ့်အကြောင်းကို တူရကီရဲ့ ရေဒီယိုအစ္စတန်ဘူလ်ဆိုတဲ့အသံလွှင့်ဌာနကနေလွှင့်ကြေညာဖို့ အတွက် ညလုံးပေါက်ခရီးသွားကြတာကိုပဲ Black Comedy ဆန် ဆန်၊ Satire သဘောဆန်ဆန်ရိုက်ထားတာပါ။ ရုပ်ရှင်အစကနေအဆုံးထိ အဲ့အကြောင်းပဲဆိုတော့ စစချင်းပျင်းဖို့ ကောင်းမယ်ထင်ရပေမယ့်လို့ သူတို့လေးယောက်သွားရတာက အဆင်ချောမနေဘဲ ကိစ္စအဖုံဖုံပေါ်ပေါပြီး ပြဿနာတွေတက်နေရ တာကိုကြည့်နေရင်းနဲ့စိတ်ဝင်စားဖို့ကောင်းပြီးဆက်ကြည့်ချင်စိတ် ဖြစ်မိမှာပါ။ နောက်ဆုံးဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီ Anons (Announcement) ကားကိုပဲဆက်ကြည့်လိုက်ကြပါဦး။