-
Movie Name
-
Ballabhpurer Roopkotha (2023)
-
Year
-
2023
-
Generes
-
Comedy, Horror
-
Code
-
IND0605
-
Type
-
Movie
-
Size
-
663 MB
-
Country
-
Bollywood
-
Description
-
Ballavpurer Roopkatha 2022
8.7/ 10 IMDb
ဒီရုပ်ရှင်ဇာတ်ကားလေးကတော့ ရယ်လဲရယ်ရ ကြောက်လဲကြောက်ရမယ့် သရဲဟာသကားလေးပါ…
ကျိန်စာဆိုတာ ကြောက်ဖို့ကောင်းသလို အဲ့ဒီအစွဲကိုချွတ်ဖို့အကြောင်းအရင်းကိုသိမှ
မကျွတ်မလွတ်သေးတဲ့သူတွေဟာ လွယ်လွယ်ကျွတ်လွတ်နိုင်မှာမဟုတ်လား….
ဒီဇာတ်ကားလေးမှာတော့ မင်းသားSatyam ( ဘူပတီ)၊ မင်းသမီးလေးSurangana ( ချန်ဒါ)နဲ့အတူ သရုပ်ဆောင်ပေါင်းများစွာပါဝင်အားဖြည့်ထားပါတယ်…..
ဒီရုပ်ရှင်ရဲ့ဇာတ်လမ်းအကျဥ်းလေးကတော့….
ဘူပတီက ကိုလ်ကတ္တားကိုပြောင်းပြီး သွားဆေးခန်းဖွင့်ချင်နေတဲ့သူတစ်ယောက်ပါ…
သူ့က ရှင်ဘုရင်မျိုးဆက်ဖြစ်ပြီး သူပိုင်ဆိုင်တာဆိုလို့ ဘိုးဘွားဘိုင်
သက်တမ်း ၄၀၀ရှိတဲ့ ဘော်လာပူရ်နန်းတော်/ အိမ်ကြီးပဲရှိပါတယ်.
ဒါပေမယ့် သူဟာအကြွေးတွေနစ်ပြီး ပြန်ပေးစရာမရှိတဲ့အခါမှာတော့
ဘိုးဘွားပိုင်အိမ်ကြီးကိုရောင်းရဖို့ဖြစ်လာပါတော့တယ်..ဒါ့ကြောင့်
စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ ဆပ်ပြာပိုင်ရှင် မစ္စတာဟလ်ဒါက
တစ်နေ့မှာသူ့အိမ်ကိုလာကြည့်ဖို့အကြောင်းကြားလာပါတယ်..
ဒီလိုနဲ့ ဘူတီလဲ နယ်ကိုပြန်ပြီး အိမ်တော်ထိန်းမိုနိုဟာနဲ့ နှစ်ယောက်ပေါင်းကြံကာ
အိမ်ကြီးကိုရောင်းဖို့စီစဥ်ပါတော့တယ်..အိမ်ကိုအကြွေးတောင်းဖို့ရောက်လာတဲ့
အကြွေးရှင်သုံးယောက်နဲ့ ဘူမသိကိုးမသိ မဖိတ်ခေါ်ပဲရောက်လာတဲ့သူငယ်ချင်းဖြစ်သူ
ဆန်ဂျိဘ်ကရော အိမ်ကိုရောင်းထုတ်ဖို့စီစဥ်ရာမှာ တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့ရပြန်ပါတော့တယ်…
ဘာဖြစ်လို့များ ညသန်းခေါင်ရောက်မှာကို သူတို့ကြောက်နေကြတာလဲ…
ဒီအိမ်ကြီးကိုရောင်းရပြီးရော အမြန်ရောင်းချင်နေတဲ့အကြောင်းကရော
ဘာကြောင့်လဲ.. ဘူပတီပြောတဲ့ ရာဂူဆိုတဲ့သူကရော
ဘယ်လိုမျိုးလဲဆိုတာ ပရိသတ်ကြီးပဲ မျှောင့်လင့်စောင့်စားကြည့်ရှုလိုက်ကြပါဦး…