-
Movie Name
-
Dreams Of Getting Rich (2021)
-
Year
-
2021
-
Generes
-
Comedy, Drama
-
Code
-
CN0537
-
Type
-
Movie
-
Size
-
1.57 GB
-
Country
-
China
-
Description
-
အသက် (၃၀) အရွယ် မိဘမဲ့တစ်ယောက်ဖြစ်သူ ၊ ရွာမှာ ရှိတဲ့
အလုပ်မှန်သမျှကို လုပ်ကိုင်ပြီး ရွာက ကျွေးတာကမ်းတာကိုပဲစားရသူ ၊
ဆင်းရဲပြီး အရပ်မှာ ၅ ပေပဲရှိလို့ လူစဥ်မမှီတဲ့
သူတစ်ယောက်အဖြစ် ရပ်တည်နေရသူ – စုန့်ရှောင်ပေါင်”
စုန့်ရှောင်ပေါင်တစ်ယောက် ချမ်းသာချင်တဲ့အတွက်
သူ့အစ်ကို(၂) ဖြစ်သူကို ပူဆာပြီး ရှန့်ကျန့်မြို့ကြီးဆီ
ပိုက်ဆံရှာဖို့ထွက်လာခဲ့ပါတယ် ။ ပိုက်ဆံရှာဖို့ ထွက်လာတဲ့
ရှောင်ပေါင် တစ်ယောက် ပိုက်ဆံမရတဲ့အပြင် စွန့်ပစ်ခံထားရတဲ့
ကလေးငယ်တစ်ယောက်နဲ့ တွေ့ဆုံဖို့ ကံကြမ္မာက
အကြောင်းဖန်လာခဲ့ပါတော့တယ် ။ ကိုယ်တိုင်ကမိဘမဲ့
တစ်ယောက်ဖြစ်တာမို့ ကလေးငယ်လေးကိုလဲ မစွန့်ပစ်ရက်ပဲ
ဆင်းရဲမွဲတေတဲ့ ကြားကနေ မွေးစားခဲ့ပါတယ် ။
ကလေးတစ်ယောက်နဲ့ နေစရာအိမ်မရှိတဲ့ ရှောင်ပေါင် နဲ့
အစ်ကို (၂) တို့နှစ်ယောက်ဟာ အဘိုးတစ်ယောက်ရဲ့
ကူညီမှုနဲ့ နေစရာရရှိခဲ့ပြီး တစ်ချိန်ထဲမှာပဲ ရှောင်ပေါင်ဟာ
မာလုဆိုတဲ့ မိန်းကလေးနဲ့ တွေ့ဆုံခဲ့ပါတယ် ။
ကလေးငယ်လေးနဲ့အတူ ကံကြမ္မာအရ တွေ့ဆုံကြရတဲ့ သူစိမ်းတွေဟာ
ဆွေမျိုးရင်းလိုဖြစ်လာပြီး နွေးထွေးတဲ့ မိသားစုလေးအဖြစ်ပြောင်းလဲ လာခဲ့ပါတယ် ။
ဒါပေမဲ့လို့ ဒါတွေဟာ ကြာရှည်မခံခဲ့ပါဘူး ။
အရွယ်ယောက်လာတဲ့ ကလေးငယ်လေးဟာ အမေဖြစ်သူကို တွေ့ချင်လာတဲ့အခါမှာတော့ –
❏ ရှောင်ပေါင်တစ်ယောက် ဘယ်လိုဖြေရှင်းပေးမလဲ?
❏ မွေးစားသားပေမဲ့ သားအရင်းလို ရှာကျွေး ခဲ့တဲ့ “သူ”
❏ အရာရာကိုမျိုသိပ်ပြီး သားဖြစ်သူကိုသာ ရှေ့တန်းတင်ခဲ့တဲ့ “သူ”
❏ သားဖြစ်သူ အတွက်ဆို အသက်ကိုတောင် စတေးဝံ့တဲ့ “သူ”
“သူ” ဘာတွေဆက်ဖြစ််မှာလဲ / ဘယ်လိုတွေရင်ဆိုင်ရမလဲ ဆိုတာ
ဒီကားလေးမှာဆက်ပြီးတော့ စောင့်ကြည့်ပေးပါဦးရှင် ။
ဒီကားလေးကတော့ တကယ်ကိုကြည့်ရတာ အရမ်း
အရမ်းတန်စေမယ်လို့ အာမခံပါတယ် ။ တကယ့်လက်တွေ့ဘဝမှာ
ဖြစ်ပျက်နေရတာတွေကို ဟာသလေးတွေ နှောပြီးပြသထားတဲ့
အပြင် ဖခင်အရင်းမဟုတ်ပေမဲ့ သားဖြစ်သူကို ချစ်ရှာတဲ့
ဖခင်မေတ္တာတွေကို ကြည့်ရှုရင်းနဲ့ တကယ်ကို
နွေးထွေးမှုတွေကူးစပ်စေမှာပါ ။ အခုပဲကြည့်ရှုလိုက်ရအောင်ပါနော်