Movie Name
Waltz With Bashir (2008)
Year
2008
Generes
Animation, Biography
Code
AN0548
Type
Movie
Size
575 MB
Country
Hollywood
Description
Waltz with Bashir(2008) ********************** ၁၉၈၂ ခုနှစ် ဇွန်လမှာ အစ္စရေးဟာ လက်ဘနွန်နိုင်ငံကိုကျူးကျော်စစ်စတင်ခဲ့စဉ်က အကြောင်းတွေပြန်လည်ဖော်ထုတ်ထားတဲ့ဖြစ်ရပ်မှန်နောက်ခံဇာတ်ကားဖြစ်ပါတယ်။ Ari Flomanဟာထိုစစ်ပွဲမှာ အစ္စရေးဘက်ကတိုက်ခိုက်ခဲ့သူဖြစ်ပြီး လက်ရှိမှာ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်ကာ စစ်ပွဲနဲ့ပတ်သက်တာတွေကို သူမမှတ်မိနိုင်ဖြစ်နေပါတယ်။ တစ်နေ့မှာသူငယ်ချင်းဖြစ်သူ ဘော့ဇ်က သူ့အိပ်မက်အကြောင်းပြောပြတော့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က စစ်ပွဲမှာဖြစ်ပျက်ခဲ့တာတွေကိုရေးရေးမြင်လာပါတယ်။ စစ်ပွဲမှာ သူဘာတွေလုပ်ခဲ့လဲ၊ဘယ်တွေရောက်ခဲ့လဲဆိုတာကို ပြန်လည်ရှာဖွေဖို့ မိတ်ဆွေတွေဆီလိုက်မေးတဲ့ ပုံစံမျိုးနဲ့ဇာတ်အိမ်တည်ထားပါတယ်။ ဘာလို့လိုက်မေးရသလဲ ဒီဇာတ်ကားကိုသူဘာကြောင့်ထုတ်လုပ်ရသလဲဆိုတော့ အဲ့အချိန် အဲ့စစ်ပွဲမှာဖြစ်ပျက်ခဲ့ပြီး ဘာစီရင်ချက်မှမရှိခဲ့တဲ့ လက်ဘနွန်ဒုက္ခသည်စခန်းတွေက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို မီးမှောင်းထိုးပြချင်လို့ပါပဲ။ ဇာတ်လမ်းအဆုံးမှာ ထိုအချိန်ကရိုက်ကူးခဲ့တဲ့ video footageလေးနဲ့အဆုံးသတ်ထားပါတယ်