-
Movie Name
-
Rang De Basanti (2006)
-
Year
-
2006
-
Generes
-
Comedy, Drama
-
Code
-
00209
-
Type
-
Movie
-
Size
-
1.16 GB
-
Country
-
Bollywood
-
Description
-
Rang De Basanti (2006)- ပါဝင်သူများ- Aamir Khan, Sharman Joshi, Kunal Kapoor, Siddharth Narayan, Atul Kulkarni, R.Madhavan, Soha Ali Khan“သေခြင်းတရားကို ပက်ပင်းတိုး ရင်ဆိုင်ရတဲ့အခါ တုန့်ပြန်တာချင်း မတူတာမှာ လူနှစ်မျိုးပဲ ကြုံဖူးတယ်… ပထမတစ်မျိုးက အသံ တစ်ချက်မှမထွက်ပဲ တည်ငြိမ်စွာ အသေခံတာရယ် ဒုတိယ တစ်မျိုးကျတော့ သေခြင်းတရားကို မချိတင်ကဲ ပြင်းထန်တဲ့ ဝေဒနာနဲ့ အော်ဟစ်ငိုယိုပြီး အသေခံသွားကြတာပဲ ရှိတယ်… ကျုပ်တစ်ဘဝစာ အတွေ့အကြုံကို လှုပ်ခါပစ်ခဲ့တဲ့ တတိယ တစ်မျိုး ကြုံတွေ့လိုက်ရတဲ့အခါ…”ဆိုပြီး အစချီထားတဲ့ အိန္ဒိယမှာ အင်္ဂလိပ်တွေ အုပ်စိုးတုန်းက ထောင်မှူး Mr. McKinley တစ်ယောက် သူ့ ဒိုင်ယာရီထဲမှာ ရေးထားခဲ့တဲ့ ထောင်မှာ ကြိုးမိန့်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသား သုံးယောက်ကို ထိန်းသိမ်းခဲ့ရစဉ်နဲ့ ကြိုးပေးခါနီး အဖြစ်သနစ်တွေကို ဖတ်ရတဲ့ သူ့သမီး Sue McKinley (တက်သစ်စ ရုပ်ရှင်ရိုက်ကူးသူ) တစ်ယောက်က ဒီ နိုင်ငံရေး အကျဉ်းသား ဆိုသူတွေဟာ အိန္ဒိယ တော်လှန်ရေး သမိုင်းမှာ အထင်ကရ နာမည်ကြီး ကျော်ကြားခဲ့သူ တော်လှန်ရေး သူရဲကောင်းသုံးယောက် အကြောင်း Documentry ရိုက်ကူးမယ်လို့ စိတ်ပိုင်းဖြတ်ပြီး အိန္ဒိယမှာ နေတဲ့ သူ့သူငယ်ချင်း ဆိုနီယာဆီ ထွက်လာခဲ့တယ်။(အခုဒီမှာ ဗိုလ်ချုပ် အကြောင်းဇာတ်ကား ရိုက်မယ် ဆိုသလိုပေါ့ဗျာ) အိန္ဒိယရောက်တော့ သူရိုက်မယ့် ဇာတ်ကား အတွက် ဇာတ်ကောင်နဲ့ ကိုက်ညီမယ့် သရုပ်ဆောင် ရှာတော့ ထင်သလောက် မလွယ်၊ ဒါနဲ့ စိတ်ပျက်လက်လျှော့ဖို့ ကြံနေတုန်း ဆိုနီယာ့ ကျောင်းနေဘက် သူငယ်ချင်းတွေကို သုံးပြီး ရိုက်ပါလားလို့ အကြံပေးတယ်။ ဒါနဲ့ သူက ဇာတ်ညွှန်းတွေ ရှင်းပြ ဇာတ်ဝင်ခန်းတွေကို အစမ်းလေ့ကျင့်တဲ့အခါ ဒီလူတွေက ဘယ်လိုမှ ဈာန်မဝင်စားဘူး၊ လမိုင်းမကပ်ဘူးပေါ့ဗျာ။အဲဒီအပြင် သူလာရိုက်တဲ့ ဇာတ်ကားဆိုတာ အပိုအလုပ်… သူ ‘သူရဲကောင်း’ တင်ရိုက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ တကယ့်တကယ်ဘဝမှာ ဒီလိုလုပ်ခဲ့တယ် ဆိုတာ မခံစားတတ်ဘူး။ တိုင်းပြည် လွတ်လပ်ရေးအတွက် အသက်ပေး စွန့်လွှတ် စွန့်စားတယ် ဆိုတာက စာအုပ်ထဲက တော်ကီတွေ… ဘာအတွက် ဒီလောက် ရူးရူးမိုက်မိုက် လုပ်ခဲ့ကြသလဲ? ကဲတကယ် စွန့်လွှတ်ခဲ့သည်ပဲထားဦး သူတို့ အားထုတ်မှုရလဒ်က ဘာလဲ? အခုလို တိုင်းပြည် ဆင်းရဲတွင်းထဲ ရောက်အောင် ပို့ခဲ့တဲ့ သမိုင်းက အဖြေလား? ရမ်းချင်တိုင်းရမ်း ခိုးချင်တိုင်း ခိုးနေတဲ့ ဝန်ကြီးတွေ၊ အသုံးမကျတဲ့ အုပ်ချုပ်ရေးစံနစ် တခု ဖြစ်လာဖို့ လုပ်ခဲ့တာ သူတို့ပဲ မဟုတ်လား… အဲသလို တွေဝေဖန်ပြီး ဟားတိုက်တာ ခံလိုက်ရရော။ ဒါက အစချီထားတဲ့ မိတ်ဆက်ဗျာ…ဇာတ်လမ်းကို ပြောပြဖို့ စိတ်ကူးမရှိပါဘူး… ကိုယ်တိုင်ကြည့်တဲ့အခါ ခံစားဖို့ ချန်ခဲ့ပါရစေ။မှာချင်တာက ဒီဇာတ်ကား စကြည့်ဖြစ်ခဲ့ရင် အဆုံးထိအောင် ကြည့်စေချင်တယ်။ အစချီတာမှာ စိတ်ပျက်မသွားဖို့ပါပဲ။ဒီဇာတ်ကား ရိုက်ကူးစဉ်နဲ့ ရိုက်ကူးပြီး နိုင်ငံရေးမှာ လှုတ်ခတ်သွားခဲ့တာတွေ အများကြီးပါ အဲဒီထဲက ထင်ရှားတာကတော့ မနေ့က ရန်ကုန် မြို့တော်ခန်းမရှေ့က Candle Campagne တွေလို Campagne တွေ အစပြုစေခဲ့တာ တစ်ခု အပါအဝင်ပါ။ဇာတ်လမ်းက အသင့်ရှိနေတဲ့ ဝတ္တုတစ်ပုဒ်ကို ဟိုဒီ တည်းဖြတ် ဇာတ်ညွှန်းရေးပြီး ရိုက်ခဲ့တာ မဟုတ်ပါဘူး။ ဇာတ်လမ်း ဖန်တီးဖို့ကို ၇နှစ်ကျော် ကြာခဲ့ပါတယ် ဆိုပါတယ်။ ဖန်တီးခဲ့တဲ့သူဟာ အပြင်မှာ ခေတ်လူငယ်တွေနဲ့ ထိတွေ့ဆက်ဆံ ၇နှစ်ကြာ သုတေသနပြုရင်း ဒီဇာတ်လမ်းကို တဖြည်းဖြည်းချင်း အဆင့်ဆင့် ပြင်ဆင်တည်းဖြတ် ရေးသားခဲ့ရတယ်လို့ မှတ်ဖူးပါတယ်။ဒီဇာတ်ကား အကြောင်း ပြောရင် ပြောစရာတွေ အများကြီးပါ… ပြောလို့ ကုန်မှာ မဟုတ်တော့ပါဘူး။ မကြည့်ရသေးရင် ကြည့်စေချင်တဲ့ စေတနာရယ် ပြီးတော့ အခု လက်ရှိ မြန်မာနိုင်ငံက အဖြစ်တွေနဲ့ တိုက်ဆိုင်တဲ့ အချက်တွေ တော်တော်များများ တွေ့မိတာရယ်ပါ။အဲ.. ဒီဇာတ်ကားထဲ ဇာတ်တည်ထားတဲ့ နိုင်ငံရေး သူရဲကောင်း Bhagat Singh အကြောင်းသီးသန့် ကြည့်ချင်သပဆိုရင်တော့ 2002 မှာ ရိုက်ထားတဲ့ The Legend of Bhagat Singh ဆိုတဲ့ကားက သိပ်ပြောင်မြောက်ပါကြောင်း။