Movie Name
Love Can't Be Said (2022)
Year
2022
Generes
Drama, Romance
Code
CN0541
Type
Movie
Size
1.11 GB
Country
China
Description
ကိုယ့်ရဲ့ လူငယ်ဘဝ အချိန်လေးကို တောက်ပပေးစေနိုင်တဲ့လူလို့ ထင်မိစေလောက်တဲ့အထိ သဘောကျခဲ့ရတဲ့ အချစ်ဦးမျိုးရော ရှိခဲ့ဖူးလား? သူများနဲ့ စကားပြောရတာ မကြိုက်တတ်သူ ၊ မိတ်ဆွေဖွဲ့ဖို့ ဝန်လေးနေတတ်သူ ၊ ကိုယ့်ကိုကိုယ်အမြဲသိမ်ငယ်ပြီး နှိမ့်ချနေတတ်သူ တက္ကသိုလ် စတုတ္ထနှစ်ကျောင်းသူလေး – ထုန်ကျစ်းလျောင် ခင်မင်တတ်ပြီး ပျော်ပျော်နေတတ်သူ ၊ အပင်လေးတွေကိုချစ်မြတ်နိုးတဲ့သူ ၊ သူများတကာကို ကူညီစိတ်အပြည့်ရှိသူ စတုတ္ထနှစ်ကျောင်းသားလေး – ကုပင်း ကိုယ့်ကို အမြဲနှိမ့်ချ သိမ်ငယ်နေတတ်တဲ့ ထုန်ကျစ်းလျောင်တစ်ယောက် ထိုင်ပေကနေပြီး ကွမ်ကျိုးကို ကျောင်းလာတတ်တဲ့ ကုပင်းဆိုတဲ့ ကောင်လေးကို လေးနှစ်တိတိ သဘောကျလာခဲ့ပါတယ် ။ ဒါပေမဲ့လို့ ဖွင့်ပြောဖို့အတွက် သူမမှာ သတ္တိမရှိခဲ့ပါဘူး ။ ဖွင့်ပြောမယ် ဆုံးဖြတ်ချက်ချခဲ့တိုင်းလဲ လွဲမှားမှူတွေ အမျိုးမျိုးကြောင့် ဖွင့်ပြောဖို့ အခွင့်မသာခဲ့ပြန်ပါဘူး ။ ❏ သူမရဲ့ ဘဝလေးကို တောက်ပစေခဲ့တဲ့ “သူ” ❏သူမ ငယ်ရွယ်မှုတွေထဲက ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးခဲ့တဲ့ “သူ” ❏ ရှင်သန်ရခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ သူမကို သိစေခဲ့တဲ့ “သူ” ဘွဲ့ရပြီး နေရပ်ကိုပြန်ချိန် ကုပင်းတစ်ယောက် ထိုင်ပေကို ပြန်တော့မည့် အချိန်အတွင်းမှာမှ ထုန်ကျစ်းလျောင်တစ်ယောက် သတ္တိအပြည့်နဲ့ ဖွင့်ပြောခဲ့ပါတယ် ။ “တစ်ချိန်လုံး အမြဲတမ်း ရှင့်ကိုပဲ သဘောကျနေမိခဲ့တာ “…! ❏ ဒါပေမဲ့ သူမရဲ့ ဖွင့်ပြောမှုက အောင်မြင်နိုင်ပါ့မလား ? ❏ ကုပင်းမှာရော ဖုံးကွယ်ထားတဲ့ အရာတွေများရှိနေမလား ? ❏ ငယ်ရွယ်ချိန်မှာ တွေ့ရှိခဲ့ကြတဲ့ သူတို့နှစ်ယောက် သက်ဆုံးထိတိုင် ပေါင်းဖက်သွားနိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ပါရှင် ။ ဒီဇာတ်ကားလေးကို ကြည့်ပြီးသွားတာနဲ့ “ကိုယ်သဘောကျတဲ့သူကို ဖွင့်ပြောလိုက်ပါ ။ မဖွင့်ပြောမိလိုက်တဲ့အတွက် ရလိုက်တဲ့နောင်တက ကိုယ့်ဘဝတစ်လျှောက်လုံး အဖော်ပြုနေပေးသွားမှာ” ဆိုတာ သိရှိလာစေပါလိမ့်မယ်