-
Movie Name
-
Genius (S1)
-
Year
-
2017
-
Generes
-
Biography, Drama, Historical
-
Code
-
SE0011
-
Type
-
Series
-
Size
-
3.64 GB
-
Country
-
Hollywood
-
Description
-
Genius Tv Series ဟာ ကမ္ဘာမှာပေါ်ထွန်းခဲ့ဖူးတဲ့
ဂန္ဓဝင်ပုဂ္ဂိုလ်ကြီးတွေရဲ့ အကြောင်းကို
National Geographic က ရိုက်ထားတဲ့ တီဗီစီးရီးတစ်ခုပါ
Season 1 ကတော့ ရူပဗေဒပညာရှင်ကြီး
Albert Einstein ရဲ့ ဘဝဇာတ်ကြောင်းပဲ ဖြစ်ပါတယ်
2017မှာ ထွက်ရှိခဲ့တဲ့ ဒီစီးရီးဟာ Walter Issaacson ရေးသားခဲ့တဲ့
Einstein: His Life and Universeဆိုတဲ့ စာအုပ်ကို
အခြေခံရိုက်ကူးထားပြီး အော်စကာဆုရ မင်းသားကြီး
Geoffrey Rushက အိုင်းစတိုင်းအိုကြီး
အဖြစ်သရုပ်ဆောင်ထားပါတယ်
ဒီစီးရီးမှာတော့စူးစမ်းလိုစိတ်အပြည့်နဲ့
ဂျူးလူငယ်လေးဘဝက စလို့
သေဆုံးသည်အထိ
သူ့ရဲ့ထူးခြားတဲ့ အတွေးအခေါ်တွေ
သိပ္ပံအတွက် ကြိုးစားခဲ့တာတွေ
ရီလေးတစ်ဗတီကို ဘယ်လိုဖန်တီးနိုင်ခဲ့တယ်ဆိုတာတွေ
အနုမြူ ဗုံးဇာတ်လမ်း
ဒုတိယ ကမ္ဘာစစ် မတိုင်ခင် နာဇီတွေနဲ့ ဂျူးတွေကြားပြသနာတွေ
ဂျူးနိုင်ငံတည်ထောင်ရေးအတွက် ကြိုးပမ်းခဲ့တာတွေ
အမေရိကန်ထောက်လှမ်းရေးရဲ့
ရန်ငြိုးထား အရှက်ခွဲဖို့ကြိုးစားခဲ့တာတွေ
အနုမြူလက်နက်တားဆီးရေး အတွက်
ကမ္ဘာ့အစိုးရဖွဲ့ဖို့ ကြိုးပမ်းခဲ့တာတွေအပြင်
သူ့ရဲ့အချစ်ရေးနဲ့
ကွမ်တမ်ရူပဗေဒကို ဆန့်ကျင်တဲ့ အယူအဆတွေ
စသည်ဖြင့် သိပ္ပံအကြောင်းတစ်ခုတည်းမဟုတ်
ဇာတ်ကြောင်း စုံစုံလင်လင် သမိုင်းအထောက်အထား
တိကျစွာနဲ့ ရိုက်ကူးထားပါတယ်
သရုပ်ဆောင်တွေလည်း ကောင်းကြပါတယ်
နောက်ပြီး အိုင်းစတိုင်းပြောခဲ့တဲ့
မှတ်သားဖွယ်စကားတွေကိုလည်း
ဒိုင်ယာလော့တွေအဖြစ် ဝေဝေဆာဆာ
ထည့်ထားသေးတဲ့အတွက်
ကြည့်သင့်တဲ့ စီးရီးတစ်ခုဖြစ်ပါတယ်
….
(စီးရီးမကြည့်ခင် ဒါလေးတွေ သိထားသင့်တယ်ထင်လို့
wikiကရှာထားတာ အမှားပါသွားရင် ခွင်းလွှတ်ပါ)
၂၀ရာစုမှာ ခေတ်သစ်ရူပဗေဒပညာရပ်နဲ့
ခေတ်မီနည်းပညာတွေပေါ်ထွန်းလာဖို့
အဓိကဒေါက်တိုင်ကြီးနှစ်ခုဖြစ်တဲ့
ရီလေးတစ်ဗတီသီဝရီနဲ့ ကွမ်တမ်ရူပဗေဒတို့ ပေါ်ပေါက်လာခဲ့ပါတယ်
ရီလေးတစ်ဗတီ
(နှိုင်းရသီဝရီလို့လည်း မြန်မာမှုပြုကြတယ်)
ကိုတော့ အဲလ်ဘတ် အိုင်းစတိုင်း
တစ်ယောက်တည်းက ရှာဖွေတွေ့ရှိခဲ့ပြီး ဒီသီဝရီကို
လူသားတွေးခေါ်မှုရဲ့ အမြင့်ဆုံးအပိုင်းလို့တောင် တင်စားခဲ့ကြပါတယ်
ကွမ်တမ်ရူပဗေဒကတော့ မက်(စ်) ပလန့် အိုင်းစတိုင်း နေး(လ်)ဘိုဟာ
ဟိုင်ဆင်ဘာဂ့် စတဲ့ ရူပဗေဒပညာရှင်များစွာရဲ့
အားထုတ်မှုကြောင့်ပေါ်ပေါက်လာခဲ့ပါတယ်
အိုင်းစတိုင်းဟာ ကွမ်တမ်ကို အစပြုခဲ့သူတွေထဲမှာ
ပါဝင်ခဲ့ပေမယ့် နောက်ပိုင်း ကွမ်တမ်သီဝရီတွေကိုတော့
ယုတ္တိမတန်ဘူးဆိုကာ ဆန့်ကျင်ခဲ့ပါတယ်
အိုင်းစတိုင်း မတိုင်ခင်အထိ ရူပဗေဒပညာရှင်တွေဟာ
စမ်းသပ်ချက်တွေအပေါ် အဓိကအခြေခံတဲ့
Experimental/Pratical Science ကိုသာ
အဓိကအလေးထားခဲ့ကြပါတယ်
အိုင်းစတိုင်းဟာ သင်္ချာတည်ဆောက်မှုတွေနဲ့
တွေးခေါ်မှုအပေါ် အခြေခံတဲ့ Theoretical Physicsကို
တွင်ကျယ်စေခဲ့သူလည်း ဖြစ်ပါတယ်
ဒါ့ကြောင့် သူ့သီဝရီတွေကို တင်ပြကာစမှာ
စမ်းသပ်ချက်တွေနဲ့ အတည်မပြုနိုင်ခင်အထိ အများစုက
စိတ်ကူးယဉ်သက်သက်ပဲလို့
ယူဆကာ လှောင်ပြောင်ပုတ်ခတ်ခဲ့ကြပါတယ်
ဂျူးတစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့်လည်းပါတာပေါ့
ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့
စမ်းသပ်ချက်တွေနဲ့ အတည်ပြုနိုင်ခဲ့ပါတယ်
ယေဘူလျရီလေးတစ်ဗတီကနေ
ပေါ်ပေါက်လာတဲ့ ခန့်မှန်းချက်တစ်ခု ဖြစ်တဲ့
ဒြပ်ဆွဲလှိုင်းတွေကို ၂၀၁၅ခုနှစ် LIGOမှာ
စတင်တိုင်းတာတွေရှိခဲ့ကြောင်း ၂၀၁၆မှာကြေငြာခဲ့ပါတယ်
သိပ်မကြာခင်ကလည်း ရီလေးတစ်ဗတီရဲ့ ဟောကိန်းတစ်ခုဖြစ်တဲ့
တွင်းနက်တစ်ခုကို ပထမဆုံး ဓာတ်ပုံရယူ နိုင်ခဲ့ပြီး
အိုင်းစတိုင်းမှန်ကြောင်း ထပ်မံသက်သေပြနိုင်ခဲ့ပါတယ်