-
Movie Name
-
Song Of The Moon (လရိပ်ခြယ်တေးသွား) (2022)
-
Year
-
2022
-
Generes
-
Drama, Historical, Romance
-
Code
-
SC0607
-
Type
-
Series
-
Size
-
15.1 GB
-
Country
-
China
-
Description
-
1-40 COMPLETED
ရှန်းရှဇာတ်လမ်းတွဲတွေကိုမျှော်နေတဲ့ CM ပရိသတ်တွေအတွက်
အသစ်ထွက်ရှိလာတဲ့ ရှန်းရှဇာတ်ကားလေးကို
ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။
Main Cast တွေကတော့ မကြာသေးခင်ကမှ
ဇာတ်သိမ်းသွားတဲ့ A romance of little forest ထဲက
မင်းသား Jiang Bin Bin နဲ့ Love Scenery ထဲက
မင်းသမီး Xu Lu တိုပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့
Liu Shao က ဘဝကိုအပူအပင်ကင်းကင်းဖြတ်သန်းနေတဲ့
မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။
တစ်နေ့မှာသူမဟာ ထူးဆန်းပြီးလျှိဝှက်ဆန်းကြယ်တဲ့
လူတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီး သူမရဲ့အနာဂတ်ကို
သုံးရက်တာပျော်ရွှင်မှုနဲ့လဲလှယ်ခဲ့ပါတယ်။
ထိုသူဟာ လျှိဝှက်တဲ့နတ်ဘုရား Lu Li ဖြစ်ပြီး
သူမဟာ ထိုသူနဲ့ပတ်သက်မိရာကနေ နတ်ဘုရားနဲ့
မိစ္ဆာတွေရဲ့ အရှုပ်အထွေးတိုက်ပွဲတွေကြားကို
ကျရောက်သွားခဲ့ရပါတယ်။ သူမဟာ အခက်အခဲမျိုးစုံကို
ကြုံတွေ့ဖြတ်သန်းရပါတော့တယ်။ ဒီလိုနဲ့ Liu Shao နဲ့
နတ်ဘုရား Lu Li ကြားသံယောဇဥ်တွေရစ်ပတ်ပြီး
အချစ်တစ်ခုပေါက်ဖွားလာတဲ့အခါ…
ချစ်ရတဲ့သူတွေကိုကာကွယ်ဖို အခက်အခဲဒုက္ခမျိုးစုံကို ဖြတ်သန်းရပြီး ၊
မိမိနှလုံးသားဆန္ဒများကိုဘေးဖယ်ထားပြီး၊
လောကရဲ့ဘေးကင်းအေးချမ်းမှုကို ဦးစားပေးရချိန်မှာတော့…
သူတို ကံကြမ္မာကိုပြောင်းလဲနိုင်မလား။
ရှန်းရှကားတိုရဲ့ထုံးစံအတိုင်း အချို အရို အငို ရသမျိုးစုံခံစားကြည့်ရှုရမှာမို
မလွတ်တမ်းစောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။