-
Movie Name
-
Recipe For Farewell (2022)
-
Year
-
2022
-
Generes
-
Drama
-
Code
-
SKR0774
-
Type
-
Series
-
Size
-
3.27 GB
-
Country
-
Korea
-
Description
-
1-12 Completed
Recipe for Farewell အညွှန်း
ဂင်ဆာဘူကိုလွမ်းနေကြတဲ့သူတွေအတွက် Dr.Romantic S3 မလာခင်
အလွမ်းပြေကြည့်စရာ ဇာတ်လမ်းကောင်းလေးလာပါပြီ။
“နှုတ်ဆက်ဟင်းပွဲ” လို့နာမည်ပေးထားတဲ့အတိုင်းပါပဲ
တမြေ့မြေ့နဲ့ ခပ်ဆွေးဆွေးကြည့်ရမယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။
ဒီဇာတ်လမ်းလေးကတော့ စာရေးဆရာရဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းလို့သိရပါတယ်။
အသက် ၄၀ ပိုင်းအရွယ် ဘာသာပြန်လုပ်ရင်း လူမှုဘာသာရပ်တွေသင်ကြားတဲ့
ဂန်ချန်းရယ်ဆိုတဲ့လူဟာ ဟင်းတစ်ခါမှတောင်ချက်ဖူးဝာာမျိုးမရှိခဲ့သူပါ။
ဒါဂျောင်းကတော့ ချိုသာပြီး အလုပ်ကြိုးစားတဲ့ အမေတစ်ယောက်ဖြစ်ခဲ့ပေမယ့်
သတိမထားလိုက်မိခင်မှာပဲ အူမကြီးကင်ဆာနောက်ဆုံးအဆင့်ဆိုတဲ့ လောကဒဏ်က သူ့ဆီကိုရိုက်ခတ်လာတဲ့အခါမှာ
အစားစားရတာ ခက်ခဲလာပြီး အစာအိမ်ပြဿနာတွေဖြစ်လာပါတော့တယ်။
အခြေအနေတွေအရ ကွာရှင်းထားတဲ့ ယောက်ျားဖြစ်သူ ချန်းရယ်ကို ဟင်းချက်ပေးဖို့ အကူအညီတောင်းရပါတော့တယ်။
ခေါက်ဆွဲပြုတ်တာကလွဲရင် တစ်ခါမှဟင်းမချက်ဖူးခဲ့တဲ့ ချန်းရယ်တစ်ယောက်
အချိန်သိပ်မကျန်တော့တဲ့ ဇနီးဖြစ်သူအတွက် အစားအသောက်တွေကို ချစ်ခြင်းမေတ္တာတွေ ၊
ဂရုစိုက်မှုတွေနဲ့ စတင်ပြီး ချက်ပြုတ်ပေးဖို့ကြိုးစားကြည့်ပါတော့တယ်။
ကျန်းမာရေးနဲ့သင့်တော်မယ်ထင်တဲ့ဟင်းလျာတွေကို ကြိုးစားချက်ပြုတ်ပေးရင်း
တစ်ခါတလေတော့ မသေမသပ်ဖြစ်ပေမယ့် တဖြည်းဖြည်း ချက်ပြုတ်ရတဲ့အချိန်နဲ့
မိသားစုနဲ့ထမင်းအတူတူစားခွင့်ရတဲ့တန်ဖိုးကို နားလည်လာတဲ့ ဂန်ချန်းရယ်ဟာ
ဇနီးဖြစ်သူအတွက် နောက်ဆုံး နှုတ်ဆက်ဟင်းပွဲကို ဘယ်လိုနှလုံးသားနှစ်ပြီး ချက်ပြုတ်ပေးမလဲဆိုတာကို ခံစားကြည့်ရှုလိုက်ကြရအောင်နော်။