-
Movie Name
-
Play Dead (2022)
-
Year
-
2022
-
Generes
-
Horror, Thriller
-
Code
-
EN2069
-
Type
-
Movie
-
Size
-
821 MB
-
Country
-
Hollywood
-
Description
-
Play Dead သို့မဟုတ် သေချင်ယောင်ဆောင်သူလေး..
ချဲလို အဲလ်ဘရိုက်နဲ့ တီဂျေ အဲလ်ဘရိုက်ဆိုတဲ့ မောင်နှမနှစ်ယောက်ဟာ မကြာသေးခင်ကမှ မိဘမဲ့ဖြစ်သွားပြီး အကြွေးတွေကြောင့် နေအိမ်ကိုပါ ဆုံးရှုံးတော့မလိုဖြစ်နေပါတယ်။
အစ်မကြီး အမိရာလို အရာအားလုံးကို တစ်ယောက်တည်း ဒိုင်ခံဖြေရှင်းနေရတဲ့ ချဲလိုကို တစ်ဖက်တစ်လမ်းက ကူညီပေးချင်တဲ့ တီဂျေဟာ အစ်မဖြစ်သူရဲ့ရည်းစားဟောင်းနဲ့ ဆိုင်တစ်ဆိုင်ကို ဓားပြတိုက်ဖို့ပေါင်းကြံခဲ့မိပါတယ်။ သို့သော်လည်း ကံအကြောင်းမလှစွာ ဆိုင်ပိုင်ရှင်မှာ သေနတ်တစ်လက်ရှိနေခဲ့တာကြောင့် ခွေးပြေး ဝက်ပြေးပြန်ပြေးလာခဲ့ရပါတော့တယ်။
တီဂျေဟာ သေနတ်ထိသွားတဲ့ အစ်မဖြစ်သူရဲ့ရည်းစားဟောင်း ရော့စ်ကိုထားခဲ့ပြီး ကားကိုလက်စဖျောက်ကာ အိမ်ကိုပြန်လာခဲ့ပါတယ်။ သို့သော်လည်း အိမ်ပြန်ရောက်ခါမှ သေနတ်ထိလို့ သေသွားလောက်ပြီဖြစ်တဲ့ရော့စ်ဆီမှာ ဓားပြတိုက်ဖို့ပြောဆိုထားခဲ့တဲ့ သက်သေတစ်ခုပါသွားတာကို သတိရသွားပါတော့တယ်။
လူသေမှုဖြစ်သွားတဲ့ လက်နက်ကိုင်ဓားပြမှုဖြစ်တာကြောင့် အနည်းဆုံး ထောင်ဒဏ် ၂၅ နှစ်ကနေ တစ်သက်တစ်ကျွန်းထိကျနိုင်ခြေရှိတဲ့မောင်ဖြစ်သူကို လက်လွှတ်မခံနိုင်တဲ့ ချဲလိုဟာ ရင်ခွဲရုံကို သေချင်ယောင်ဆောင်ပြီး ဝင်သွားတဲ့အခါ..
ရင်ခွဲရုံက အလောင်းတွေကြားမှာ ရှာတွေ့လိုက်ရတဲ့ လျှို့ဝှက်ချက်တွေအကြောင်းကို စိတ်လှုပ်ရှားဖွယ်ကောင်းစွာ ကြည့်ရှုနိုင်မှာပါ။
ဒီလိုရုပ်ရှင် genre မျိုးတွေကြည့်နေကျလူတွေအတွက်တော့ သြချရလောက်တဲ့ ဇာတ်လမ်းကြောင်းမျိုးမဟုတ်ပေမဲ့လည်း ပီပြင်တဲ့ SFX မိတ်ကပ်တွေကြောင့် သွေးသံတရဲရဲမြင်ကွင်းတွေကို ထိတ်လန့်ရမယ့်ရုပ်ရှင်မျိုးဖြစ်တာကြောင့် မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။
ထိတ်လန့်စရာကောင်းတဲ့ရုပ်ရှင်မျိုးဆိုပေမဲ့လည်း သဘောကျဖို့ကောင်းတာတစ်ခုက ဒီဇာတ်လမ်းထဲမှာ လူ့လောကဗေဒ အမှောင်ခြမ်းရဲ့ အယူအဆတွေကို ပါးပါးပုတ်ပြထားတယ်။ Gorge Orwell ရဲ့ ‘1984’ ကိုပါ မတူညီတဲ့အမြင်ဝေဖန်ထားတဲ့ဇာတ်လမ်းကြောင်းမျိုးဆိုတော့ သေချာပေါက် ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းလိုက်ရပါတယ်ဗျာ..။
အရေးကြီးတဲ့ကိစ္စကတော့ ဘယ်လိုကိစ္စပဲ ရှိရှိ သေချင်ယောင်မဆောင်ကြပါနဲ့။ ရင်ခွဲရုံမှာ သေတာထက်ဆိုးတဲ့ကိစ္စမျိုးနဲ့တိုးမှ ငုတ်တုတ်မေ့နေပါ့မယ်ဗျ။ မသေခင်တော့ ဒီဇာတ်ကားကို ကြည့်သွားပေးပါ။