Movie Name
Boundless (2022)
Year
2022
Generes
Action, Adventure
Code
SE0343
Type
Series
Size
2 GB
Country
Hollywood
Description
1-6 Completed Boundless (2022) Amazon Primeက​နေ ထုတ်လွှင့်ထားပြီး ပ​ရော်ဖက်ဆာကြီး Álvaro Monte နဲ့ နာမည်ကြီး လက်တင်မင်းသား Rodrigo Santoro တို့ ပါဝင်ထားတဲ့ Boundlessဆိုတဲ့ limitedစီးရီးကို တင်ဆက်​ပေးလိုက်ပါတယ်။ အပိုင်း၆ပိုင်းပဲပါဝင်ကာ IMDb rating 6.7ရရှိထားပါတယ်။ သမိုင်း​ကြောင်း အ​ခြေခံထားတဲ့ စိတ်ကူးယဉ်စီးရီး တစ်ခုဖြစ်ပြီး ​​ ရေ​ကြောင်းခရီးဖြင့် ကမ္ဘာကို တစ်ပတ်ပတ်ခဲ့ခြင်း နှစ်၅၀၀ပြည့်အထိမ်းအမှတ်ဖြင့် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ပေါ်တူဂီလူမျိုးဖာဒီနန်မက်ဂျဲလန်ဟာ အ​မေရိကတိုက် အင်ဒီးလူမျိုး​တွေနဲ့ ဟင်းခတ်ကုန်သွယ်​ရေးလုပ်ဖို့ မိုင်​ပေါင်းများစွာပိုတို​တောင်းတဲ့ ရေလမ်း​ကြောင်းသစ်တစ်ခု ရှာ​တွေ့ခဲ့​ပေမယ့် ပေါ်တူဂီဘုရင်က အသိအမှတ်မပြုခဲ့တာ​ကြောင့် စပိန်နိုင်ငံကိုသွားပြီး သူ့ရဲ့အစီအစဉ်နဲ့လမ်း​ကြောင်းကို ချပြခဲ့ရာ စပိန်နိုင်ငံဘုရင်က လက်ခံခဲ့တဲ့အတွက် သူရဲ့ နယ်​မြေသစ်ရှာပုံ​တော်ကို လက်စွဲသင်္ဘောသား​တွေအပါအဝင် စပိန်မာလိန်မှူး ဆီဘက်ရှန် အယ်ကာနိုတို့နဲ့ စတင်ခဲ့ပါတယ်။ တကယ်ရှိမရှိ ​သေချာမသိဘဲ ခန့်မှန်းတွက်ချက်မှုနဲ့ ရေလမ်း​ကြောင်းအသစ်ကို ​ခြေဆန့်ခဲ့တဲ့ မက်ဂျဲလန်နဲ့ အယ်ကာနို​​​​တို့ရဲ့စွန့်စားခန်းကို သဘာဝ​ဘေး​တွေအပြင် စိန်​ခေါ်မှု​ပေါင်းများစွာက ​စောင့်ကြို​နေတဲ့အခါ….