Movie Name
The Empress (2022)
Year
2022
Generes
Drama
Code
SE0345
Type
Series
Size
2.18 GB
Country
Hollywood
Description
1-6 Completed The Empress Season 1 (2022) IMDb rating ~ 7.4 ၁၉ ရာစု ဥရောပရဲ့ ဒုတိယမြောက် အကြီးကျယ်ဆုံး ဩစတြီးယားအင်ပါယာကြီးရဲ့ဧကရာဇ် ပထမမြောက် ဖရန့်ဇ် ဂျိုးဇက် ဘုရင်နဲ့ ကြင်ယာတော် အဲလိဇဘက်တို့ရဲ့ အချစ်ဇာတ်လမ်းပါ Sissi ဆိုပြီး နာမည်ကြီးတဲ့ ဘာဗေးရီးယား မင်းသမီး အဲလိဇဘက်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားတွေ စီးရီးတွေ အမြောက်မြားရှိသလို ဇာတ်ကားတိုင်း စီးရီးတိုင်းဟာလည်း သူ့ပုံစံနဲ့သူ ပေါက်ခဲ့တာချည်းပါပဲ ဒီတစ်ခေါက်စီးရီးကတော့ Netflix ကနေ လွှင့်တဲ့ စီးရီးပါ ကဗျာတွေ ရေးရတာ သဘောကျပြီး လွတ်လပ်စွာ တွေးခေါ် ပြုမူတတ်တဲ့ ဘာဗေးရီးယား မင်းသမီး အဲလိဇဘက်ဟာ အဲဒီခေတ်အဲဒီအခါကတော့ မိသားစုရဲ့ သိုးမည်းဆိုပြီး အမည်တပ်ခံထားရသူပါ ၁၈၅၃ ခုနှစ် ဩစတြီးယား အင်ပါယာကြီးမှာ ရာသီဥတုဒဏ်နဲ့ ငတ်မွတ်ခေါင်းပါးမှုတွေကြောင့် ဆူပူအုံကြွမှုတွေ ပေါ်ပေါက်လာပါတယ် ဆူပူမှုတွေကို ဖြေရှင်းဖို့ လူထုကို အာရုံလွှဲတဲ့အနေနဲ့ ဩစတြီးယား အင်ပါယာ ဘုရင်ရဲ့ မိခင်ဖြစ်သူက သားတောင်မောင် ဘုရင်မင်းမြတ်အတွက် ဧကရီမိဖုရားမြှောက်ပေးဖို့ ကြိုးပမ်းပါတော့တယ် မိဖုရားလောင်းအနေနဲ့ တူမတော်စပ်တဲ့ ဘာဗေးရီးယား မင်းသမီး ဟီလီနာကို ရွေးချယ်ပြီး ဧကရာဇ်ဘုရင်မင်းမြတ်နဲ့ လက်ဆက်ပေးဖို့ ကြံစည်ခဲ့ပေမဲ့ ဟီလီနာရဲ့ ညီမ ၁၅ နှစ်သမီးလေး အဲလိဇဘက်ကို ဘုရင်က မြင်မြင်ချင်း ချစ်မိသွားပြီး “အဲလိဇဘက်မှ မဟုတ်ရင် လက်မထပ်န်ိုင်ပါဘူး”ဆိုပြီး မိခင်ဖြစ်သူကို ဆန္ဒပြရာကနေ ဥရောပရဲ့ ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်း တစ်ပုဒ်ပေါ်ပေါက်လာပါတော့တယ် ၁၉ ရာစု ဥရောပ အရှုပ်တော်ပုံတွေကြားက အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ခမ်းနားလှတဲ့ နန်းတွင်းအပြင်အဆင်တွေနဲ့ ခံစားကြည့်ချင်တယ်ဆိုရင်တော့ Must watch list ထဲ ထည့်ထားသင့်တဲ့ စီးရီးတစ်ခုပါ