Movie Name
Hush Hush (2022)
Year
2022
Generes
Drama
Code
SIND0044
Type
Series
Size
2.52 GB
Country
Bollywood
Description
1-7 Completed Hush Hush IMDb-5.2/10 ဒီတစ်ခါ မိတ်ဆက်ပေးမှာကတော့ အိန္ဒိယ drama series ကောင်းလေးဖြစ်ပါတယ် နိုင်ငံရေးအသိုင်းအဝိုင်းနဲ့မကင်းတဲ့ စီးပွားရေးလုပ်ငန်းရှင် – အစ်ရှီ ဒီဇိုင်းပညာနဲ့ နိုင်ငံတကာထိုးဖောက်‌ဖို့ ကြိုးစားနေတဲ့-ဇာရာ အောင်မြင်တဲ့လုပ်ငန်းရှင်ယောင်္ကျားနဲ့ သားသမီးလေးတွေနဲ့ အခြေကျနေတဲ့ ဘ၀လေးပိုင်ဆိုင်ထားတဲ့-ဆိုင်ဘာ ငယ်ရွယ်လှ‌ပပေမယ့် ကလေးမရနိုင်လို့ဆိုပြီး ယောက္ခမဆီက အမြင်မကြည်ခံရတဲ့ -ဒိုလီ သူတို့လေးယောက်ဟာ အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်ကြပြီး တစ်နေ့ပါတီပွဲတစ်ခုမှာ လူတစ်ယောက်က အစ်ရှီကို သတ်ဖို့ ကြိုးစားလို့ ဝိုင်းကူကြရင်း လက်လွန်သွားကြတယ် ဟိုလူကလည်း ဘယ်သူမှန်းမသိသလို အစ်ရှီကလည်း နိုင်ငံအတွင်းဖြစ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သတ်ပြီး စောင့်ကြည့်ဝေဖန်ခံနေရတဲ့ စီးပွားရေးလုပ်ငန်းရှင် အစ်ရှီက သူဖြေရှင်းလိုက်မယ်ဆိုပြီး သူငယ်ချင်းတွေကို ဖျောင်းဖြပြီး ပြန်လွှတ်လိုက်တယ် ဒါပေမယ့် သူတို့နဲ့ချိန်းထားတဲ့ မနက်မှာပဲ အစ်ရှီက ရေးချိုးခန်းထဲမှာ သူ့ကိုယ်သူ သတ်သေသွားတဲ့အချိန်မှာတော့…. ကျန်ခဲ့တဲ့ သူငယ်ချင်းသုံးယောက်ဘယ်လိုတွေ ဆက်လုပ်ပြီး ဘယ်လို စခန်းသွားကြမလဲ…… အမျိုးသမီး လေးယောက်ရဲ့ ဘ၀ဇာတ်ခုံနဲ့ သူတို့ရဲ့ ဘ၀အမြင်ခံယူချက်တွေပါ ခံစားနိုင်မယ့် thriller ကားလေး ဖြစ်ပါတယ်