Movie Name
Fate The Winx Saga (2021-2022)
Year
2021
Generes
Action, Adventure, Drama
Code
SE0096
Type
Series
Size
7.64 GB
Country
Hollywood
Description
S1(1-6),S2(1-7) IMDb Rating – 6.8/10 Netflix ကအသစ်လွှင့်တဲ့ Fate: The Winx Saga Series ဖြစ်ပါတယ်။ Alfea ဆိုတဲ့ သာမာန်လူတွေမသိတဲ့ ‌တစ်ခြားကမ္ဘာကမှော်နယ်မြေတစ်ခုမှာ နတ်သမီး (fairy)ကျောင်းတစ်ခုမှာ ရှိပြီး (fairy)မျိုးဆက်တွေကို ပညာသင် ကြားပေးပါတယ်။ ကျောင်းကြီးဟာ ပညာသင်ပေးရုံသာမက လောင်းကျွမ်း သားရဲကောင်အန္တရာယ်ကနေကာကွယ်ဖို့ အကာကွယ်ကြီးအုပ်ကာထားတဲ့ ခံတပ်ကြီးတစ်ခုလဲဖြစ်ပါတယ်။ ဘလွန်းရဲ့ မိဘတွေကသာမာန်လူတွေဖြစ်လျှက် သူမမှာနတ်သမီးအစွမ်းရှိနေ တာသိခဲ့ပြီး မထိန်းချုပ်နိုင်ဘဲ ဒုက္ခရောက်ခဲ့ရာကစလို့ အစွမ်းကိုထိန်းချုပ်နိုင်ဖို့ ကျောင်းလာတက်ပါတယ်။ လူတွေနဲ့အနေဝေးပြီး သီးသန့်နေတတ်တဲ့ ဘလွန်းဟာ သူနဲ့အဆောင်တူ မိန်းကလေး ၄ ယောက်နဲ့အတူ ပထမဆုံးကျောင်းတက်တဲ့နေ့မှာပဲ အဖြစ်မျိုးစုံကြုံရင်း သာမာန်မိဘကနေ ဘာကြောင့် နတ်သမီးအစွမ်းတွေရနေတာလဲ၊ လောင်ကျွမ်း သားရဲကြီးက ကောဘာကြောင့်ရောက်နေတာလဲ ဘယ်လိုအန္တရာယ် ဆိုးတွေကြုံရမလဲ။ သူတို့အစွမ်းတွေနဲ့တိုက်ဖျက်ဖြေရှင်းနိုင်ကြမှာလားဆိုတာ တို့ကိုစိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။ ဇတ်လမ်းလေးက စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် ဖန်တီးသူကလဲ the-vampire- diaries ရဲ့ စာရေးဆရာဖြစ်တဲ့ Brian Young ဖြစ်ပါတယ်။ Virtual Effect တွေလဲ အတော်လေးကောင်းတဲ့အတွက် Magic ဖန်တွေ ကြည့်သင့်တဲ့ Fantasy စီးရီးလေး တစ်ခုအဖြစ်ညွှန်းလိုက်ပါတယ်။ Season 2 IMDb Rating – 6.9/10 ဒီစီးရီးဟာ ယခုလို Live Action စီရီးအနေနဲ့မထွက်ခင် Animated series အနေနဲ့ ၂၀၀၄ ခုနှစ်တည်းက စတင်ထွက်ရှိလာခဲ့ပြီး၊ အောင်မြင်ခဲ့တဲ့ မှော်စီးရီး တစ်ခုလည်းဖြစ်ပါတယ်။ Live Action ဟာ Animated ထက် ပိုကောင်းသွားတဲ့ စီးရီးကိုပြပါဆို ဒီစီးရီးဟာ ထိပ်ဆုံးကနေ ဦးဆောင်မယ့်စီးရီးတစ်ခုလို့ဆိုရပါလိမ့်မယ်။ မှော်ဇာတ်လမ်းအများစုဟာ ဇာတ်လမ်းဇာတ်ကွက်ချာ၊ CGI effect ကညံ့၊ သရုပ်ဆောင်တွေက သုံးစားမရလို့ ကြည့်မကောင်းတာတွေက ‌အတော်များတတ်ပေမဲ့ ဒီစီးရီးမှာတော့ ထိုအရာတွေအကုန်လုံးတစ်ခုမှ ပြောစရာမလိုဘဲ အလွန်ကောင်းတယ်ဆိုတာ Season 1 ကြည့်ဖူးသူတိုင်း သိကြမယ်လည်းထင်ပါတယ်။ ပရိသတ်တွေ အရမ်းသဘော ကျလွန်းလို့ Rating ခပ်များများပေးထားတာခံရတဲ့ စီးရီးလေးလည်းဖြစ်တာမို့ ဘယ် လောက်ကြည့်ထိုက်လဲဆိုတာ သိပ်ပြောပြဖို့လိုနေမယ်မထင်တော့ပါဘူး။ ယခုမှစကြည့်ချင်သူတွေ‌အနေနဲ့ကတော့ Season 1 ကိုစကြည့်ရမှာဖြစ်ပြီး မှော်ကား ကြိုက်သူတစ်ယောက်အတွက် အလွန်နှစ်ခြိုက်စရာကောင်းအောင် ကြိုအသိပေးထား ပါရစေ။ ယခု Season 2 ကိုတော့ Season 1 မှာ အဆုံးသတ်ထားတဲ့နေရာကနေ ထပ်ဆက် ထားပြီး အပိုင်းတစ်မှာတင် ဇာတ်ကွက်ထုံးလိုက်တာမို့ Season 1 လိုမျိုး Season အဆုံးထိ မလျှော့သော ဇာတ်ရှိန်နဲ့ ဆွဲခေါ်ဦးမယ့် စီးရီးတစ်ခုပဲဖြစ်ပါတယ်။ အပိုင်းအနေနဲ့ ၇ ပိုင်းတိတိထွက်ရှိထားပြီး အပိုင်းတိုင်းရဲ့ rating ဟာ အလွန်အားရစရာ ကောင်းလှပြီး ကြည့်လို့ကောင်းလှတဲ့ ယခု Season 2 မှာ Bloom နဲ့ သူငယ်ချင်းတစ်သိုက် ဘာတွေဆက်ဖြစ်မယ်၊ ဒေါင်းလင်းနဲ့ ဆောလ်ဆေးဗားတို့ရဲ့ ကံကြမ္မာက ဘယ်လိုဆက် လာမလဲ၊ ကျောင်းတော်ကြီးရဲ့ အနာဂတ်ကရော ဘယ်သို့ဘယ်ပုံခရီးဆက်မယ်‌ဆိုတာကို ခံစားရင်ခုန်လို့ရပါပြီခင်ဗျာ။ အားပေးကြပါဦးခင်ဗျာ။