-
Movie Name
-
Limitless With Chris Hemsworth (2022)
-
Year
-
2022
-
Generes
-
Comedy, Drama, Family
-
Code
-
SE0349
-
Type
-
Series
-
Size
-
3.49 GB
-
Country
-
Hollywood
-
Description
-
1-6 Completed
Limitless with Chris Hemsworth (2022)
=============================
IMDb Rating – 8.1/10
ဒီရက်ပိုင်း Hit ဖြစ်နေတဲ့ သတင်းတစ်ခုကတော့
MCUရဲ့ Thor အဖြစ်သရုပ်ဆောင်တဲ့ Chris Hemsworthရဲ့
ဒီရက်ပိုင်း Hit ဖြစ်နေတဲ့ သတင်းတစ်ခုကိုတော့ ကြားဖူးထား
လောက်ပြီထင်ပါတယ်။ ဟုတ်ပါတယ် သူ့ရဲ့မျိုးရိုးလိုက်တတ်တဲ့
အယ်လ်ဇိုင်းမားရောဂါအကြောင်း သိရှိပြီးတဲ့နောက်မျာတော့ ရုပ်ရှင်
ရိုက်ကူးမှုတွေ ရပ်နားထားမှာဖြစ်ပြီး ဘယ်အချိန်မှာ ပြန်ရိုက်ကူး
ဖြစ်မလဲတော့ အတိအကျ ပြောဆိုထားခြင်း မရှိသေးပါဘူး။
သူက Avengers ရိုက်ကူးနေစဉ်ကာလကတည်းက စိတ်ဖိစီးမှု
ဒဏ်တွေ အများအပြားခံစားခဲ့ရပြီး သူ့ရဲ့ စားသောက်နေထိုင်မှု
ပုံစံတွေကိုပါပြောင်းလဲပစ်ခဲ့ရသူပါ။
ဒီ documentary မှာတော့ Chris Hemsworth ရဲ့ လက်ရှိကြုံ
တွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို တွန်းလှန်သွားနိုင်မဲ့ အပြင်းစား
စိန်ခေါ်မှုကြီးခြောက်ခုကို လုပ်ဆောင်ပြသွားမှာဖြစ်ပါတယ်။
စိတ်ဖိစီးမှုဒဏ်ကို တွန်းလှန်နိုင်ဖို့က အဲဒီလို စိတ်ဖိစီးမှုကို ဖြစ်စေတဲ့
အရာတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်ခြင်းဖြစ်တယ်ဆိုတဲ့ အဆိုအရ
သူအရမ်းကြောက်တဲ့ သူမလုပ်နိုင်လောက်ဘူးလို့ ထင်တဲ့ စိန်ခေါ်မှု
အကြီးစားတွေကို လုပ်ဆောင်ရင်း သူ့ရဲ့အတွေ့အကြုံတွေကို မျှဝေ
ပေးသွားမှာမျိုးပါ။
သူနဲ့အတူတူ သူ့ရဲ့ညီအစ်ကိုရင်းချာတွေဖြစ်တဲ့ မင်းသား Liam Hemsworth
နဲ့ Luke Hemsworth တို့အပြင် သူ့ရဲ့ စိတ်ရောဂါဝေဒနာကို ကုစားပေး
နေတဲ့ စိတ်ကျန်းမာရေးပညာရှင် Dr.Modupe နဲ့ Dr.Peter တို့ကပါ ပါဝင်
ရိုက်ကူးပေးထားပါတယ်။