Movie Name
တော်ဝင်ဇနီးလောင်း (Spai Jao) (2015)
Year
2015
Generes
Drama, Romance
Code
ST0700
Type
Series
Size
17.8 GB
Country
Thai
Description
1-17 Completed ဇာတ်လမ်းအကျဉ်း❤ ဆာလင် ဆိုတဲ့ကောင်မလေးဟာ အလွန်ဖြူစင်ရိုးသား ချစ်စရာကောင်းပြီး ဘဝကိုပျော်ပျော်ရွင်ရွင်နေတဲ့ သာမာန်ကောင်မလေးတစ်ယောက် ဆာလင်မှာ သူနဲ့ဆန့်ကျင်ဘက် လှပသိမ်မွေ့တဲ့ စီဂျစ်တရာဆိုတဲ့အစ်မချောချောလေး တစ်ယောက်ရှိတယ်။ တစ်နေ့မှာ ဆာလင်တို့ရဲ့အဒေါ်ဖြစ်သူဟာ တော်ဝင်မျိုးရိုးဖြစ်တဲ့ ဝပ်ထီဝေ့မျိုးရိုးက အကြီးဆုံး ခွန်ချိုင်တစ်ယောက်နဲ့ အစ်မဖြစ်သူစီဂျစ်တရာကို လက်ထပ်ပေးဖို့ကြံစည်တယ်။ ကံဆိုးစွာနဲ့ပဲ အကြီးဆုံးခွန်ချိုင်နဲ့လက်ထပ်စီစဥ်မှုဟာ ပျက်ဆီးသွားခဲ့ပြီး အလတ်ဖြစ်တဲ့ ခွန်ချိုင်ရုန်နဲ့ အစ်မဖြစ်သူ စီဂျစ်တရာကို စီစဥ်ခဲ့ပြန်တယ်။ ခွန်ချိုင်ရုန်ဟာ ဆယ်နှစ်တာတွဲခဲ့တဲ့ချစ်သူအပေါ်မှာပဲ သစ္စာရှိရှိချစ်ခဲ့သူဖြစ်ပြီး ချစ်သူရဲ့သစ္စာဖောက်ခြင်းခံလိုက်ရတဲ့အချိန်မှာ အဒေါ်ဖြစ်သူစီစဥ်ပေးတဲ့ လက်ထပ်ပွဲကို ခေါင်းညိမ့်ခဲ့မိတယ်။ ခွန်ချိုင်ရုန်နဲ့စီဂျစ်တရာက ပုံစံအနေထိုင်သဘောထား တူညီနေခဲ့တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် အေးစက်စက်သာပြုမူနေခဲ့ကြတယ်။ ဆာလင်ဟာလည်း အစ်မဖြစ်သူလက်ထပ်ရမယ့် ခွန်ချိုင်ရုန်အပေါ် အထင်အမြင်တွေလွဲနေခဲ့ပြီး အစ်မဖြစ်သူနဲ့လက်မထပ်အောင်ကြိုးပမ်းခဲ့တယ်။ ဒီလိုနဲ့ခွန်ချိုင်ရုန်ဟာ ဆာလင်နဲ့တဖြေးဖြေးနီးစပ်လာခဲ့ပြီး ဆာလင်အပေါ်ခံစားချက်တွေဖြစ်ပေါ်လာခဲ့ပါတယ်။ ဆာလင်ကကော အစ်မဖြစ်သူလက်ထပ်ရမယ့် ခွန်ချိုင်ရုန်အပေါ်မှာ ချစ်မိသွား မလား ? စီဂျစ်တရာအနေနဲ့ကော သူမကိုအချစ်စစ်နဲ့ချစ်နိုင်တဲ့ မင်းသားလေးပေါ်လာမလား ? ခွန်ချိုင်ရုန်နဲ့ဆာလင်တို့ မတည့်အတူနေကနေ နှစ်ယောက်သား ခံစားကိုယ်စီနဲ့ရှေ့ဆက်လက်တွဲနိုင်ပါ့မလား ? တော်ဝင်အချစ်ဒရမ်မာကားကြိုက်သူများ အကြိုင်တွေ့စေမယ့် ဇာတ်ကားကောင်းလေးပါ။