Movie Name
Shankar's I (2015)
Year
2015
Generes
Action, Drama, Thriller
Code
00218
Type
Movie
Size
977 MB
Country
Bollywood
Description
ချစ်သူနှစ်ဦးရဲ့ ခိုင်မြဲမှုသင်္ကေတမှာ ရုပ်ရည်က အဓိကကျနေပါသလား။သင်သာဆိုလျှင်ကော ရုပ်ရည်ပျက်ယွင်းသွားတဲ့ချစ်သူကို ပစ်ခွာမသွားဘဲ အချစ်စစ် ကိုဖော်ကျူးနိုင်မလား မိတ်ဆွေ။ဒီဇာတ်ကားမှာတော့ အချစ်စစ် ကိုဖွဲ့ဆိုပြထားပြီး IMDB 7.8 /10 ရထားတဲ့အတွက်လည်း ဇာတ်ကားကောင်းအနေနဲ့ရော အချစ်ရဲ့အဓိပါ္ပယ်ကို ပြောပြပေးစွမ်းမယ့် ဇာတ်ကားကောင်းလေးအဖြစ်ရော သတ်မှတ်ထားမိပါတယ်။(ဇာတ်လမ်းအကျဉ်း)ဇာတ်လမ်းအစမှာတော့ သတို့သမီးကို ရုပ်ဆိုးဆိုး ခါးကုန်းကုန်း ရွတ်တွနေတဲ့သူတစ်ဦးက ဖမ်းခေါ်သွားခဲ့ခြင်းမျိူးနဲ့ အစပြုထားပါတယ်။ တကယ်တမ်းတော့ ဖမ်းယူသွားခဲ့သူဟာ သာမန်သူမဟုတ်ခဲ့ပါဘူး။ သူဟာ တမဲလ်မန်ဒု ကာယဗလမောင်ဆုရရှိထားတဲ့ လင်ဂီချန် ဆိုသူပါ။ကောင်မလေးကလည်း ဒိုင်ယာဆိုတဲ့ မော်ဒယ်လ်ချောလေးတစ်ဦးဖြစ်ပါတယ်။အတိတ်မှာဖြင့် လင်ဂီချန်ဟာ မစ္စတာ တမဲလ်မန်ဒု ကာယဗလမောင်ဆုရရှိခဲ့ပြီး MR.INDIA ဆိုတဲ့ကာယဗလမောင်ဆုကိုပါ ယှဉ်ပြိုင်ရယူရန် ရည်မှန်းထားခဲ့တဲ့သူပါ။အချစ်ရေးမှာလည်း သူဟာ ဒိုင်ယာ ဆိုတဲ့မော်ဒယ်မလေးကို စွဲလမ်းမိပြီး ရုပ်မြင်သံကြားဖန်သားပြင်မှ တိတ်တခိုး ချစ်ခင်နေမိခဲ့တာပါ။တစ်နေ့မှာတော့ လင်ဂီချန်ဟာ ဒိုင်ယာ ရှိနေတဲ့ရိုက်ကွင်းနေရာဆီလာရောက်ပြီး ဒိုင်ယာကိုတောင် လာမိတ်ဆက်ခဲ့ပါတယ်။တစ်ဖက်မှာလည်း ဒိုင်ယာဟာ ချောမောလှတဲ့မိန်းကလေးဖြစ်တာကြောင့် ဂျွန် ဆိုတဲ့ မင်းသားကလည်း ချစ်ရေးဆိုခဲ့ပါသေးတယ်။ ဒိုင်ယာကတော့ ငြင်းပယ်လိုက်ပါတယ်။ဒါကြောင့်ဂျွန်ဟာ ဒိုင်ယာနဲ့ပတ်သက်တဲ့ ရှုတင် အားလုံးကိုဖျက်ပြီး ဒိုင်ယာကို ကလဲ့စားချေလိုက်ပါတယ်။အဲ့ဒီနောက် ဒိုင်ယာရဲ့ရှုတင်တွေနည်းပါးလာပြီး ဒိုင်ယာဟာ လင်ဂီချန်နဲ့ သရုပ်ဆောင်ရန် အကြံရခဲ့ပါတယ်။လင်ဂီချန်အနေနဲ့လည်း ဝမ်းပန်းတသာလက်ခံပြီး ဒိုင်ယာနဲ့အတူ သရုပ်ဆောင်ခဲ့ကြတယ်။ သို့သော် အချစ်ရေးဘက်တွင်လည်း မဝံ့ရဲသော လင်ဂီချန်အတွက်တော့ သရုပ်ဆောင်မှုတွေကလည်း မပီပြင်ခဲ့ပါဘူး။ဒါကြောင့် ဒါရိုက်တာရဲ့အကြံပေးချက်အရ ဒိုင်ယာဟာ လင်ဂီချန်ကို ချစ်သူအယောင်ဆောင်တွဲခဲ့ပြီး သရုပ်ဆောင်ပီပြင်စေခဲ့ပါတယ်။သို့သော် ဤကဲ့သို့ ချစ်သူအယောင်ဆောင်ထားခြင်းအား လင်ဂီချန်သိခဲ့လေသောအခါ —-။ဘာတွေဆက်ဖြစ်လာမလဲ။ ချစ်တတ်လွန်းသူအတွက် အပေးဆပ်ခံနှလုံးသားကိုဖဲ့ကျိုးခံရခြင်းက နာကျည်းမှုတွေများ သန္ဓေတည်စေခဲ့မလားဆိုတာ ဝမ်းနည်းဖွယ် ကြည့်ရှုရဦးမှာပါ။လင်ဂီချန် အတွက် ပေးဆပ်မှုတွေက ဝမ်းနည်းမှုဖြစ်ခဲ့သလို မနာလို ရန်သူတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။လင်ဂီချန် ဟာ ဗလမောင်ပြိုင်ပွဲတုန်းက ရာဗီးဆိုတဲ့သူနဲ့ ပြဿနာဖြစ်ခဲ့ဖူးပါသေးတယ်။ ရာဗီးကတော့ အခဲမကြေနိုင်ဘဲ အငြိုးထားခဲ့ရာမှ (သူကဲ့သို့ လင်ဂီချန် အားဖယ်ရှားလိုသူ)မင်းသားဂျွန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံမှုကတော့ လင်ဂီချန် အတွက်အကြီးမားဆုံးသော အန္တရာယ်ကြီး ဖြစ်စေခဲ့ပါတယ်။အဲဒီနောက် လင်ဂီချန်ရဲ့နေ့ရက်တွေဟာ ဘယ်လိုများဖြစ်ပေါ်စေခဲ့မလဲဆိုတာလည်း ရင်မောဖွယ် ကြည့်ရှုရမှာပါ။ဒီဇာတ်ကားမှာတော့ နောက်ကျောဓားထိုးတတ်တဲ့ မိတ်ဆွေအတုအယောင်တွေကို ဖယ်ရှားသင့်ကြောင်း အသိပေးခဲ့အပြင် ချစ်ခြင်းမေတ္တာ သစ္စာတရားတွေနဲ့ လူ့နှလုံးသားအကြောင်းလည်း ဖွင့်လှစ်ပြပေးခဲ့တယ်။ကျွန်တော့်အတွက်တော့ ဒီဇာတ်ကားလေးမှာ မထင်မှတ်ရခဲ့တဲ့ မြှုပ်ကွက်တစ်စုံက ရင်ဘတ်အရှိုက်ကို ထိမှန်စေခဲ့ပါတယ်။အတိတ်နဲ့ပစ္စုပ္ပန်ကို တစ်လှည့်စီပြသပေးရင်း စိတ်ကိုနှိုးဆွစေခဲ့တယ်။မိတ်ကပ်ပညာအလွန်ကောင်းမွန်ပြီး ဇာတ်အိမ်ဖွဲ့ပုံခိုင်မာလွန်းတာကြောင့်တသသကျန်ရစ်စေမယ့်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ထို့အပြင် လင်ဂီချန် တစ်ယောက်ရဲ့နေ့စွဲရက်တွေက ခါးကုန်းကုန်းနဲ့ ရွတ်တွသူတစ်ဦးဖြစ်အောင် မည်သို့များပြောင်းလဲစေခဲ့တာလဲ။ဒိုင်ယာ နဲ့ လင်ဂီချန်တို့ရဲ့ အချစ်ရေးကရော မည်သို့ရှေ့ဆက်ကြမလဲ။လင်ဂီချန်အတွက်တော့ မမြင်နိုင်တဲ့အန္တရာယ် မည်သူတွေက ဇာတ်လမ်းရဲ့အဓိက ရန်သူဖြစ်လာစေခဲ့မလဲ။လင်ဂီချန်ရဲ့ လှည့်ကွက်ဆန် တုံ့ပြန်လက်စားချေမှုကရော ဘယ်လိုမျိုးလဲ ဆိုတာ စိတ်လှုပ်ရှားစွာ မြင်တွေ့ရဦးမှာပါ။ ဒါ့ပြင် လင်ဂီချန် အတွက် ကံကြမ္မာက တဖန်ပြန်လည် မျက်နှာသာပေးဦးမလား။ အရင်လို အခြေအနေ ပြန်ကောင်းလာခဲ့မလားဆိုတာကတော့ ဇာတ်ကားလေးကြည့်ရင်း ခန့်မှန်းကြည့်ရှုလိုက်ကြစို့နော်။