Movie Name
Legion Of Super Heroes (2023)
Year
2023
Generes
Action, Animation, Sci-Fi
Code
AN0560
Type
Movie
Size
549 MB
Country
Hollywood
Description
Legion of Super-Heroes (2023) ====================== IMDb Rating – 5.8/10 DCAUရဲ့ Animationကားသစ်တစ်ကား ထွက်ရှိလာပါပြီ။ ဒီတစ်ခါ အလှည့်ကျတာက​တော့ ကာရာ​​ဇောအဲလ်​ခေါ် စူပါဂဲလ်ပါ။ DCAUရဲ့ ​နောက်ပိုင်း​animation​တွေမှာ ရုပ်ထွက်အပိုင်း​တွေက အ​တော်​လေး ​သေသပ်ပြီး မျက်စိပသာဒဖြစ်လာတာ ​တွေ့ရမှာပါ။ ဒီanimationရဲ့ ရုပ်ထွက်​က အ​တော်​လေး ချစ်စရာ​ကောင်းပါတယ်။ IMDbမှာ​တော့ 5.8 ရထားပါတယ်။ ခရစ်ပတွန်ဂြိုဟ်ပျက်စီးမှုက​နေ ကမ္ဘာဂြိုဟ်ဆီ​ရောက်လာတဲ့ ကာရာ တစ်​ယောက် အိမ်အသစ် ဂြိုဟ်အသစ်မှာ အသားမကျ​သလို မိခင်နဲ့ ​မွေးရပ်ဂြိုဟ်ကိုလွမ်းဆွတ်မှု​ကြောင့် ကမ္ဘာဂြိုဟ်မှာ မ​ပျော်ရွှင်နိုင်ဘဲ ဖြစ်​နေတာပါ။ အဲဒီအပြင် သူ့ရဲ့စွမ်းအားကို မထိန်းချုပ်နိုင်မှု​ကြောင့် ကမ္ဘာသား​တွေရဲ့ အိုးအိမ်ပျက်စီးမှု​တွေဖြစ်လာပြီး မကြည်ဖြူမှု​တွေ ရှိလာလို့ ကမ္ဘာက​နေ စွန့်ခွာသွားဖို့ စဉ်းစား​နေသူပါ။ ဒါ​ပေမဲ့ ဝမ်းကွဲအစ်ကိုဖြစ်သူ စူပါမန်းက အချိန်စက်လုံးနဲ့ ၃၁ရာစုရဲ့ ကမ္ဘာဂြိုဟ်ကို ​ခေါ်သွားပြီး လီဂျင်တပ်​​ခေါ် စူပါဟီးရိုးအဖွဲ့အစည်းရဲ့ အကယ်ဒမီမှာ သူ့ရဲ့စွမ်း​အားတွေကိုထိန်းချုပ်နိုင်အောင် ​လေ့ကျင့်ဖို့ ​ခေါ်သွားခဲ့ပါတယ်။ ထိုအကယ်ဒမီမှာ သူနဲ့ရွယ်တူ ဟီးရိုးအငယ်​တွေ စုံမိပြီး အဆင်​ပြေမယ်ကြံကာမှ သူတို့အစွမ်းနဲ့မမျှတဲ့ ဉာဏ်များတဲ့ ဗီလိန်အဖွဲ့တစ်ဖွဲ့က လီဂျင်တပ်ထဲက ပစ္စည်းတစ်ခုကိုခိုးကာ အလွန် ဆိုးဝါးတဲ့အစီအစဉ်တစ်ခုကို ပုံ​ဖော်လာတဲ့အခါ စူပါဂဲလ်တို့ လူငယ် တသိုက် ထိုအဖွဲ့အစည်းကို တားဆီးဖို့ ကြိုးစားရပါ​တော့တယ်။