-
Movie Name
-
Aligarh (2015)
-
Year
-
2015
-
Generes
-
Biography, Drama
-
Code
-
IND0631
-
Type
-
Movie
-
Size
-
879 MB
-
Country
-
Bollywood
-
Description
-
Aligarh (2015)
IMDb-7.8/10
အိန္ဒိယနိုင်ငံ Aligarh University မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုရိုက်ကူးထားတာ
ဖြစ်ပါတယ်
အဓိကဇာတ်ဆောင်မင်းသားကြီး Manoj Bijpayeeဟာလည်း ဒီထဲက စီရပ်ဇာတ်ကောင်နဲ့
Best Actor ဆု 3 ဆုဆွတ်ခူးရရှိခဲ့ပြီး nomination 2 ဆု၀င်ခဲ့ပါတယ်
ဒီဆုတွေရခဲ့လောက်အောင်လည်း ဒီထဲကသူ့ရဲ့ ဇာတ်ရုပ်ကိုပီပြင်ဟာသရုပ်ဆောင်မှုဟာ
လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀ ကျော်က ပုဂ္ဂိုလ်တစ်ဦးကို မျက်မြင်တွေ့ကြုံရသလိုပါပဲ
ဒီပူးဇာတ်ကောင်နဲ့ Rajkumar Rao က Best Supporting actor nomination ငါးဆုထိ၀င်ခဲ့ပါတယ်
“ငါ့ရဲ့ခံစားချက်တွေကို ဒီ (g a y) စကားလုံးလေးသုံးလုံးနဲ့ ဘယ်လိုဖော်ပြလို့ရမှာလဲ”
ပရော်ဖက်ဆာစီရပ်ဟာ အူရဒူဘာသာစကားပြောတဲ့မြို့မှာ မာရသီဘာသာစကားသင်ပေးတဲ့
ပရော်ဖက်ဆာတစ်ယောက်ပါ
အိမ်ထောင်သည်ဆရာတွေကြားမှာလည်း သူတစ်ယောက်တည်းလူပျိုလူလွတ်တစ်ယောက်ဖြစ်နေခဲ့တယ်
ဒါတွေတင်မက သူ့ရဲ့ချစ်စိတ်တိမ်းညွှတ်မှုဟာလည်း အများသတ်မှတ်ထားတဲ့စံညွှန်းတွေနဲ့မတူ
တစ်မူထူးခြားနေလေတော့…
သူ့ရဲ့ထူးခြားထူးချွန်မှုတွေကို အမြင်မကြည်တဲ့တက္ကသိုလ်အကြီးအကဲတွေရဲ့ ချောက်ချခံရပါတော့တယ်
သူ့ရဲ့လိင်တိမ်းညွှတ်မှုမတူကွဲပြားမှုကိုသာ ထောက်ပြပြစ်တင်တဲ့ တက္ကသိုလ်အသိုင်းအဝိုင်းနဲ့
စီရပ်ရဲ့ လူအခွင့်အရေးချိုးဖောက်ခံရပြီး အိမ်ထဲထိကိုယ်ထိလက်ရောက်ကျူးလွန်ခံရမှုတွေအတွက်
ရပ်တည်ပေးသူတို့ တရားရုံးမှာထိပ်တိုက်တွေ့ရင်ဆိုင်ကြပါတော့တယ်
ဒီဇာတ်လမ်းမှာလူ့အဖွဲ့အစည်းရဲ့ လိုရာဆွဲတွေးတစ်ဖက်စောင်းနင်းပြုမူသူတွေနဲ့
မတူကွဲပြားမှုအရှိတရားကိုလက်ခံကျင့်သုံးသူတို့ရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာဖြစ်ပါတယ်