Movie Name
ရမ္မက်မီး (Buang Bai Bun) (2022)
Year
2022
Generes
Drama, Romance
Code
ST0704
Type
Series
Size
12.3 GB
Country
Thai
Description
Buang Bai Bun (2022) 1 - 44 စ-ဆုံး အပိုင်းအရှည်ကြီးနဲ့ သားစဉ်မြေးဆက်လောင်မြိုက်ရတဲ့ မိသားစုကားကြိုက်သူတွေအတွက် 2022 ထွက်ကားကောင်းလေး ဆင်းရဲနွမ်းပါးသောမိသားစုမှ မွေးဖွားလာပြီး စီးပွားပျက်၍ ဘုရားဆင်းတုလုပ်ငန်းပိုင်ရှင်သူဌေးဘွန်ယာနုဖာ့အိမ်တွင် အခိုင်း အစေအဖြစ် ရောင်းစားခံခဲ့ရတဲ့ဒေါရတ် ဆိုတဲ့ မိန်းကလေးတစ်ယောက် အိမ်ရှင်ရဲ့သားဖြစ်သူခွန်သော်နှင့်ချစ်ကြိုက် မိသွားပြီး ဘွန်ယာနုဖာ့အိမ်တော် သခင်မနွေနာ့ရဲ့ မျက်မုန်းကြိုးနှိပ်စက်ခြင်းခံခဲ့ရကာ ချစ်သူမှာလည်း တခြားမိန်းကလေးနှင့် ပေးစားခံလိုက်ရပါတော့တယ်။ နာကျဉ်းချက်တွေနဲ့ မှီခိုစရာမရှိသော ဒေါရတ်တစ်ယောက် စံအိမ်ပိုင်ရှင်သခင်ကြီးရဲ့ မယားငယ်အဖြစ်ခံခဲ့ပြီး လူအများရှေ့တွင် သူတော်ကောင်းယောင်ဆောင်ကာ နောက်ကွယ်တွင် သခင်မနွေနာ့ကို လက်စားချေလိုစိတ်ဖြင့်ပိုင်ဆိုင်မှုအားလုံးကိုလက်ဝါးကြီးအုပ်ရန်ကြံစည်ခဲ့ပါတယ်။ ဒါ့အပြင် စိတ်မမှန်ပဲ လိင်စိတ်ကြွလာရင် မိန်းကလေးတွေက်ို အကြမ်းဖက်နှိပ်စက်တတ်တဲ့ သူ့သား ရဒုန်ကိုလည်း ဘိုင်စီဆိုတဲ့ မရှိဆင်းရဲသားကောင်မလေးနဲ့ အတင်းအဓမ္မပေးစားပြီး ချွေးမဖြစ်သူရဲ့အကျိုးခံစားခွင့်တွေကိုလည်းသိမ်းယူခဲ့တယ်။ ကျင့်စာရိတ္တပျက်ပြားပြီး အတ္တကြီး အငြိုးအတေးကြီးကာ ရက်စက်ယုတ်မာလွန်းတဲ့ ဘဝမေ့သူ ဒေါရတ်ရဲ့ ဘဝနိဂုံးကိုကြည့်ရှု ရမှာပဲဖြစ်ပါတယ်။