-
Movie Name
-
Northeast Zoo (2023)
-
Year
-
2023
-
Generes
-
Comedy
-
Code
-
CN0561
-
Type
-
Movie
-
Size
-
960 MB
-
Country
-
China
-
Description
-
ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို ဘဝအမောတွေပြေစေဖို့
ပေါ့ပေါ့ပါးပါး ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေရှင် ။
“ မြို့ကိုတက်ပြီးအလုပ်လုပ်နေပေမဲ့ အလုပ်မှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရသူ ၊
ဖခင်ဖြစ်သူဟာ လျောင်ခရိုင်မှာ တိရိစ္ဆာန်ရုံတစ်ခုကိုဖွင့်လှစ်ထားပေမဲ့
၎င်းတိရိစ္ဆာန်ရုံကို ဦးစီးဖို့ နည်းနည်းလေးမှ စိတ်ကူးမရှိသူ ၊
ဖခင်နဲ့လဲ ဆက်ဆံရေး အဆင်မပြေသူ – စွင်းရှောင်ဟူ ”
တစ်နေ့မှာတော့ ရင်းနီးမြှုပ်နှံသူတစ်ချို့ဟာ စွင်းရှောင်ဟူ ဖခင်ရဲ့
တိရိစ္ဆာန်ရုံကို စီးပွားရေးနယ်ချဲ့ဖို့အတွက် မျက်စိကျနေခဲ့ကာ
တိရိစ္ဆာန်ရုံမြေနေရာကို လက်ဝါးကြီးအုပ်ဖို့ ကြံစည်လာခဲ့ပါတယ် ။
အဲဒါနဲ့ပဲ အလုပ်အကိုင် / ငွေကြေးအဆင်မပြေတဲ့ စွင်းရှောင် ဟူကို
ငွေနဲ့ဖျားယောင်းကာ တိရိစ္ဆာန်ရုံရဲ့ စီးပွားရေးဖျက်ဆီးပစ်ပြီး
မြေနေရာကို ဖယ်ခိုင်းခဲ့ပါတယ် ။ ဖခင်အပေါ်လဲ စိတ်ကျေနပ်မှုမရှိတဲ့
စွင်းရှောင်ဟူဟာ ဒီသဘောတူညီချက်ကိုလက်ခံပြီး
တိရိစ္ဆာန်ရုံကို ဖျက်ဆီးပစ်ဖို့ စီစဥ်လာခဲ့ပါတော့တယ် ။
❏ စွင်းရှောင်ဟူတစ်ယောက် ဖခင်ဖြစ်သူကိုဘယ်လိုရင်ဆိုင်မှာလဲ ?
❏ တိရိစ္ဆာန်ရုံဖျက်ဆီးပြစ်ဖို့ အကြံကရော အောင်မြင်နိုင်ပါ့မလား ?
❏ သူ့အပေါ်ဆို ဘယ်အရာနေနေ သစ္စာရှိကြတဲ့
သူငယ်ချင်းတွေကရော သူ့လုပ်ရပ်အတွက် ခွင့်လွှတ်နိုင်ပါ့မလား ?
❏ ဘယ်လိုအလွဲလွဲ အမှားမှားတွေ ဖြစ်လာဦးမလဲဆိုတာ
ဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးကို အခုပဲ ကြည့်ရှုလိုက်ရအောင်ပါနော် ။