Movie Name
Marianne (Season 1)
Year
2019
Generes
Drama, Horror
Code
SE0016
Type
Series
Size
3.12 GB
Country
Hollywood
Description
ထိတ်လန့်သည်းဖို ဇာတ်လမ်းတွေကိုမှကြည့်ချင်တယ်ဆိုရင်တော့ Marianne (2019) ကိုကြည့်ဖြစ်အောင် ကြည့်လိုက်ပါတော့။ Rating အမြင့်စားတွေရထားပြီး တကယ်လည်းကြောက်စရာကောင်းတဲ့ဇာတ်ကားပါ။ ကိုယ့်ရဲအိပ်မက်ဆိုးတွေကို ဝတ္ထုတွေအဖြစ်ပြောင်းလဲပြီး အောင်မြင်လာတဲ့ စာရေးဆရာမလေး အမ်မာလာဆင်မွန် သူ့ရဲ့ ငယ်သူငယ်ချင်းတစ်ယောက် သူ့ကိုလာရှာပြီး သူ့ရဲ့စာအုပ်ထဲမှာပါတဲ့ မာရီယန် ဆိုတဲ့စုန်းမက သူ့အမေကိုဝင်ပူးပြီး သူ့ကိုလာခေါ်ခိုင်းတဲ့အကြောင်းပြောပါတယ်။ နောက်တစ်နေ့မှာ အမ်မာရဲ့မျက်စိရှေ့မှာတင် သူ့ရဲ့သူငယ်ချင်းက ဆွဲကြီုးတစ်ခုကို သူ့အမေကိုပေးပေးပါလို့ပြောပြီး ကြိုးဆွဲချသတ်သေသွားပါတယ်။ အဲဒါကြောင့် အမ်မာ ၁၅ နှစ်လောက်ခွဲခွာနေခဲ့တဲ့မွေးရပ်မြေကို ပြန်ရောက်ခဲ့ရပါတယ်။ အဲဒီမှာ သူ့ကိုစောင့်ကြိုနေတဲ့ မာရီယန်ဆိုတဲ့စုန်းမနဲ့တွေ့ကြပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပါ။ သွေးသံရဲရဲမြင်ရမယ့် အခန်းတချို့ပါတဲ့အတွက် ကလေးသူငယ်တွေ နှလုံးရောဂါရှိသူတွေတော့မကြည့်သင့်ပါဘူးလို့ ပြောချင်ပါတယ်။ (ဘာသာပြန်တင်ဆက်ထားသူကတော့ d3mon ပဲ ဖြစ်ပါတယ်။)