-
Movie Name
-
Bad Behind Bars Jodi Arias (2023)
-
Year
-
2023
-
Generes
-
Crime, Drama
-
Code
-
EN2136
-
Type
-
Movie
-
Size
-
591 MB
-
Country
-
Hollywood
-
Description
-
မိန်းမလည်သိန်းကြွယ် ဆိုတဲ့စကားပုံတစ်ခု မြန်မာစကားမှာရှိပါတယ်။ မိန်းမတွေလည်လာတဲ့အခါ ကောင်းတဲ့ဘက်မှာအရမ်းထူးချွန်ထက်မြက်ကြသလို ဆိုးတဲ့ဘက်မှာဆိုရင်လည်း တစ်ဖက်ကမ်းခတ်ယုတ်မာကောက်ကျစ်တဲ့သဘောကို ဖော်ပြတဲ့စကားပုံပါ။ အခုဇာတ်ကားလေးကိုကြည့်မိရင် ဒီစကားပုံကိုသွားအမှတ်ရမိမှာပါ။ လူ့သဘာဝအရ ထောင်ကျရင် ဆိုးမိုက်လို့လို့ ယေဘုယျသတ်မှတ်လို့ရပေမယ့် အချို့ကျတော့လည်း မှားယွင်းစွပ်စွဲခံရတတ်တာမျိုးလည်းရှိပါတယ်။ ဒီသဘောသဘာဝကြောင့် ထောင်တွင်းရောက်နေတဲ့ အကျဥ်းသားအချင်းချင်းတောင် မှားယွင်းယုံစားမိတာမျိုး၊ အခွင့်အရေးယူအသုံးချခံရတာမျိုး၊ လှည့်စားခံရတာမျိုးတတ်ရှိပါတယ်။ ဒီသဘောသဘာဝကို အခွင့်ကောင်းယူပြီး ကိုယ့်ပြစ်မှုအတွက်ပြစ်ဒဏ်သက်သာအောင် ကလိမ်တိငြမ်းစင် အကျဥ်းသားအချင်းချင်းလှည့်စားပြီး နှစ်ကျပ်ကွက်နင်းတဲ့အဖြစ်ကို ရိုက်ပြထားတဲ့ ၂၀၂၃ ခုနှစ်ထွက် crime- thriller ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ ဒိုနာဗန်ဘယ်ရင်း၊ ထရေစီဘရောင်း တို့ဟာ တစ်ဆောင်တည်းနေကြတဲ့ အကျဥ်းသူအချင်းချင်းဖြစ်သလို မိန်းမချင်းကြိုက်နေတဲ့ lesbian အတွဲလည်းဖြစ်ပါတယ်။ ထရေစီဟာ ဆတ်ဆတ်ထိမခံ ထောင်တွင်းဖိုက်တာတစ်ယောက်မို့ သူနဲ့ပတ်သက်သူတွေဟာ ထောင်တွေရဲ့ထုံးစံအတိုင်း တခြားအကျဥ်းသားတွေ၊ နှစ်ကြီးသမားတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတွေကနေ သက်သာရာရပါတယ်။ ထရေစီရဲ့ချစ်သူဖြစ်တဲ့ အကျဥ်းသူ ဒိုနာဗန်ကတော့ ယောကျ်ားလျာပုံစံဖြစ်ပေမယ့် ရိုးရိုးအေးအေးနေတတ်ပြီး သဘောကောင်းတဲ့သူဖြစ်သလို ထရေစီလောက်လည်း ပြစ်မှုမကြီးတဲ့အတွက် ထောင်ထဲမှာအချိန်ခဏပဲကုန်ဆုံးရမှာပါ။ အဲ့လိုနဲ့ သူတို့နှစ်ယောက်ဟာ ထောင်တွင်းအကျဥ်းသူဘဝကို အေးအေးဆေးဆေးဖြတ်သန်းနေစဥ်မှာပဲ ထောင်ထဲထပ်ရောက်လာတာကတော့ ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ကျော် ဂျိုဒီအာရီးယပ်စ်ပါ။ သူမဟာ ချစ်သူကောင်လေးဖြစ်တဲ့ ထရာဗစ်အလက်ဇန္ဒားကို ရက်ရက်စက်စက်သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ ထောင်ထဲရောက်လာပြီး တရားသူကြီးရဲ့အပြီးသတ်အမိန့်ချမှတ်မှုကို စောင့်ဆိုင်းရမှာဖြစ်ပါတယ်။ အကျဥ်းသူအသစ်ဖြစ်တဲ့အတွက် အခန်းလွတ်နေတဲ့ ထရေစီ့အခန်းမှာပဲ ထောင်ဝါဒါတွေကနေရာချပေးတဲ့အချိန်မှာ ဂျိုဒီကိုမြင်ကတည်းကကြည့်မရတဲ့ ထရေစီနဲ့ပြသနာတက်ပါတော့တယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ဂျိုဒီတတ်ကျွမ်းတဲ့တက်တူးပညာကြောင့် ထရေစီနဲ့သာမက သူမချစ်သူဖြစ်တဲ့ ဒိုနာဗန်ဘယ်ရင်းနဲ့ပါ ခင်မင်သွားကြပြီး သုံးယောက်သားတတွဲတွဲဖြစ်လာပါတော့တယ်။ ဒီလိုအေးဆေးစွာဖြတ်သန်းနေတဲ့အချိန်မှာပဲ အခြေအနေပြောင်းလဲဖို့ဖြစ်လာတာက ဒိုနာဗန်ဘယ်ရင်းအပြီးသတ်အမိန့်ချမှတ်ခံရပြီး လျှော့ရက်တွေနှုတ်ပြီး ထောင်ထဲကအစောကြီး လွတ်ဖို့အကြောင်းဖန်လာတာပါ။ တစ်ဖက်မှာလည်း မိန်းမချင်းချစ်ကြိုက်မှုကြောင့် ထရေစီနဲ့ဒိုနာဗန်ကို လူချင်းခွဲပြီး ထရေစီကိုထောင်ပြောင်းပေးလိုက်ပါတယ်။ အဲ့အချိန်မှာပဲ အေးဆေးတယ်လို့ထင်ရတဲ့ ဂျိုဒီတစ်ယောက် ဇာတိတွေပြလာပါတယ်။ တီဗီအင်တာဗျူးတွေမှာ သူ့အမှုနဲ့ပတ်သက်ပြီး သူအပြစ်မရှိကြောင်း တင်ပြတာ၊ ထောင်ဝါဒါတွေနဲ့ ခြေရှုပ်တာကအစ မျိုးစုံအလုပ်ရှုပ်လာပါတယ်။ အဲ့အချိန်မှာ ဘယ်ရင်းတစ်ယောက် လွတ်သွားပြီဖြစ်လို့ သူကနေတစ်ဆင့် သူမသက်သာရာသက်သာကြောင်း၊ ပြစ်ဒဏ်လျော့ရာလျော့ကြောင်းတွေကို ဂျိုဒီတစ်ယောက်နည်းမျိုးစုံသုံးပြီးချိတ်ဆက်လှုပ်ရှားဆောင်ရွက်လာပါတော့တယ်။ အဲ့အချိန်ကျမှ ဘယ်ရင်းလည်း ဂျိုဒီတကယ်ပဲအမှုကျူးလွန်ခဲ့လား၊ မကျူးလွန်ခဲ့ဘူးလားဆိုတာ မျက်မြင်ကိုယ်တွေ့သိလာရပါတော့တယ်။
ဂျိုဒီတစ်ယောက် တကယ်ပဲအပြစ်ကင်းခဲ့သလား…
ထရေစီ၊ ဂျိုဒီနဲ့ ဘယ်ရင်းတို့သုံးယောက် တကွဲတပြားဖြစ်ပြီးတဲ့နောက် အရင်လိုပဲတတွဲတွဲဖြစ်ဦးမလား…
အပြင်ရောက်သွားတဲ့ ဒိုနာဗန်ဘယ်ရင်းတစ်ယောက်ရော ဘာတွေဆက်ကြုံရမလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးကြည့်ရင်း ရှုစားလိုက်ရအောင်ပါ။
ထရေစီယာဘလက်ခ်၊ ဆယ်လီနာဆင်းဒန်၊ လင်းရက်ဖာတီတို့ခေါင်းဆောင်ပါဝင်ထားတဲ့ဒီဇာတ်ကားဟာ IMDd rating 5.9 ရရှိထားပြီး ဇာတ်ကားကြာမြင့်ချိန်က ၁နာရီ ၃၀ မိနစ်ဖြစ်ပါတယ်။