-
Movie Name
-
JCVD (2008)
-
Year
-
2008
-
Generes
-
Action, Drama
-
Code
-
EN2137
-
Type
-
Movie
-
Size
-
904 MB
-
Country
-
Hollywood
-
Description
-
JCVD(2008)
***********
jcvd ဆိုတာက ဗန်ဒိန်းလို့ကျွန်တော်တို့သိကြတဲ့ အက်ရှင်မင်းသားကြီးJean-Claude Van Dammeရဲ့အတိုကောက်ပါ။
ဒီကားဟာဆိုရင်သူ့ရဲ့အခြားအက်ရှင်ကားတွေလိုမဟုတ်ဘဲ မင်းသားကြီးရဲ့လက်တွေ့ဘဝတွေ၊
ခံစားချက်တွေ၊ သူဖော်ပြချင်တဲ့ သူ့ရဲ့ကိုယ်ပိုင်ဒုက္ခတွေကိုတင်ဆက်ထားတာပါ။
ဇာတ်လမ်းအစမှာဆိုရင် မင်းသားကြီးဗန်ဒိန်းရဲ့ ကလေးအုပ်ထိန်းခွင့်
တရားရင်ဆိုင်ပြီးရှုံးနိမ့်တာတွေမြင်ရမှာပါ၊ သူ့ရဲ့ရုပ်ရှင်တွေက အက်ရှင်ကားတွေဖြစ်တာကြောင့် သမီးဖြစ်သူက
ကျောင်းမှာ လှောင်ခံပြောင်ခံရလို့ ဖေဖေနဲ့အတူနေဖို့မရွေးချယ်ပါဘူးလို့ တရားရုံးမှာထွက်ဆိုခဲ့တာပါတဲ့။
ဒီလိုနဲ့တရားခွင်မှာရှုံးနိမ့်ပြီး ဘယ်လ်ဂျီယံကိုပြန်လာခဲ့တော့လည်း ပြည်ပမှာအနေကြာသွားတဲ့အတွက်
ATMကငွေထုတ်မရ၊ ငွေလည်းအဆင်မပြေဖြစ်ရပြန်ပါတယ်၊
ငွေလွှဲယူဖို့အတွက် ဘဏ်ကိုအသွားမှာပဲ ဓားပြတိုက်မှုတစ်ခုထဲပါသွားပါတော့တယ်၊
ဒါပေမယ့် အက်ရှင်ကားတွေထဲကလိုတိုက်ခိုက်ဖြေရှင်းမှာမျိုးမဟုတ်ဘဲ
မင်းသားကြီးရဲ့လက်တွေ့ဘဝထဲကပုံစံအတိုင်းပဲဖြေရှင်းသွားမှာဖြစ်ပါတယ်။
တကယ့်ကိုလက်တွေ့ဆန်တဲ့ရုပ်ရှင်ပါပဲ။ အက်ရှင်မင်းသားလည်း သာမန်လူတစ်ယောက်ပါပဲ၊
သူလည်း ကမ္ဘာကြီးအတွက်ပြန်အကျိုးပြုချင်တယ်ဆိုတာမျိုးကိုမြင်တွေ့ရမယ့် ကားကောင်းလေးပါပဲ