-
Movie Name
-
Interests Of Love (2022)
-
Year
-
2022
-
Generes
-
Drama, Romance
-
Code
-
SKR0780
-
Type
-
Series
-
Size
-
6.19 GB
-
Country
-
Korea
-
Description
-
အပိုင်း( ၁ မှ ၁၆ ) ထိ စ/ဆုံး
စိတ်ဝင်စားမှုမတူညီကြတဲ့လူလေးယောက် ဘဏ်မှာအလုပ်လုပ်ရင်းတွေ့ဆုံကြတဲ့အခါ ဖြစ်ပေါ်လာတဲ့ရုံးတွင်းအချစ်ရေးကိုပုံဖော်ထားတဲ့ ရိုမန့်စ်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။
Ha Sang Soo က တည်ငြိမ်ပြီး ထူးခြားမှုမရှိတဲ့ ဘဝကမှ ပျော်ရွှင်ခြင်းရဲ့ သော့ချက်လို့ စွဲစွဲမြဲမြဲ ခံယူထားသူဖြစ်ပါတယ်။ ဒါပေမယ့် အချစ်နဲ့တွေ့တဲ့အချိန်မှာတော့ သူ့ရဲ့တည်ငြိမ်တဲ့ဘဝလေးက မုန်တိုင်းထန်သွားပါတော့တယ်။
An Soo Young ကေတာ့ အချစ်က တည်မြဲမှုမရှိဘဲ အချိန်မရွေး ပျောက်ကွယ်သွားနိုင်တယ်လို့ ယုံကြည်နေသူလေးပါ။ ခက်ခဲတဲ့ အခြေအနေတွေကြားမှာ ကိုယ်တိုင်တောင့်ခံကြိုးစားရင်း သူ့ဆီ ချဉ်းကပ်လာတဲ့ ယောကျာ်းတစ်ယောက်ကို ရင်ခုန်စိတ်လှုပ်ရှားလာခဲ့ပါတယ်။
Park Mi Kyung ဟာ ချမ်းသာတဲ့မိသားစုကဆင်းသက်လာတဲ့ ယုံကြည်မှုရှိပြီး ခံစားချက်ပွင့်လင်းသူဖြစ်ပါတယ်။ သဘောကျတဲ့သူတွေ့ရင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူ့ဘေးရောက်အောင်လုပ်မယ့်သူပေါ့။ ဒါပေမယ့် သူဖြစ်စေချင်သလိုမဟုတ်တဲ့ ဆက်ဆံရေးတစ်ခုနဲ့သာ တွေ့ကြုံလာရပါတယ်။
Jung Jong Hyun ကေတာ့ ရဲအရာရှိဖြစ်ဖို့ ကြိုးစားနေသူပါ။ အရာရာတိုင်းကို အကောင်းဆုံးလုပ်တတ်တဲ့စိတ် ရှိပေမယ့် ကြမ်းတမ်းတဲ့ အခြေအနေမှာ နေနေရသူဖြစ်ပါတယ်။
ဒီလို ခံယူချက်တွေ မတူညီကြတဲ့ လူလေးယောက် တွေ့ဆုံပတ်သက်မိကြတဲ့အခါမှာတော့ ဘယ်သူတွေက ဘယ်လိုပြောင်းလဲသွားကြမလဲ?
အချစ်ရဲ့စစ်မှန်တဲ့အဓိပ္ပါယ်ကို နောက်ဆုံးမှာရှာတွေ့သွားပါ့မလား? ဆိုတာ ဒီဇာတ်လမ်းတွဲလေးမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။