Movie Name
မျှော်စင်ရဲတိုက်ရဲ့လျှိဝှက်မျက်နှာဖုံ (Lady Behind The Mask) (2023)
Year
2023
Generes
Drama
Code
ST0709
Type
Series
Size
12.9 GB
Country
Thai
Description
1-17 Completed နန်ခွိုင်" ရဲတိုက်မှာ လူတွေရဲ့ဘဝကို တစ်သက်လုံးပြောင်းလဲသွားစေနိုင်တဲ့ လျှို့ဝှက်ချက်ရှိတယ်။ "ကွန့်" အဖြစ် - Pinkploy Paparwadee "ဆက်ကထတ်" အဖြစ် - Kitkong Khamkrith "နန်ခွိုင်" ရဲတိုက်ဟာ ပင်လယ်နဲ့မျက်နှာချင်းဆိုင် တောင်ကုန်းထိပ်ပေါ်မှာ ကျက်သရေရှိစွာ တည်ရှိနေပါတယ်။ဒါပေမဲ့ တစ်ခါတရံ ရဲတိုက်ထဲမှာ ကျယ်လောင်တဲ့အော်သံတွေ ချိုသာပြီးဝမ်းနည်းဖွယ်တေးသံတွေ ပျံ့လွင့်နေတတ်တာကြောင့် ရဲတိုက်မှာ သရဲရှိတယ်လို့ ရွာသားတွေက သို့လောသို့လောပြောကြသလို တချို့ကလဲ ရူးနေတဲ့မိန်းကလေးတစ်ဦး ရဲတိုက်ထဲမှာ အကျဉ်းကျခံနေရတယ်လို့ ပြောကြပါတယ်။ထူးဆန်းတဲ့အရာက ထိုမိန်းကလေးဟာ သူမရဲ့မျက်နှာအစစ်အမှန်ကိုဖုံးကွယ်ဖို့ ပန်းရောင်မျက်နှာဖုံးကို တပ်ဆင်ထားပါတယ်။ "ကွန့်" ဟာ အမေဖြစ်သူကိုစောင့်ရှောက်ဖို့နဲ့ အကြွေးတွေပြန်ဆပ်ဖို့ အလုပ်ကိုကြိုးစားလုပ်ကိုင်ရင်း ပိုက်ဆံရှာနေရင်း "နန်ခွိုင်" ရဲတိုက်မှာ နေမကောင်းတဲ့သူ "ပရဖင်ဖန်" ကိုပြုစုပေးဖို့ ရောက်လာပါတယ်။ "ပရဖင်ဖန်" ဟာ ပန်းရောင်မျက်နှာဖုံးကို အချိန်တိုင်းတပ်ဆင်ထားပြီး သူမရဲ့မျက်နှာအမှန်ကို ဖုံးကွယ်ထားပါတယ်။ "ခချေန်ထာ" မျိုးနွယ်ကို ရှေ့နေအမှုတော်ထမ်းပေးနေတဲ့ "ရာ့ချ်မန်ခါ" မျိုးနွယ်ရဲ့ ဆက်ခံသူ "ဆက်ကထတ်"ဟာ "ကွန့်"ကို တွေ့တွေ့ချင်းမှာပဲ မေတ္တာသက်ဝင်ခဲ့ပါတယ်။ "နန်ခွိုင်"ရဲတိုက်မှာ "ကွန့်"ထက်အရင် အလုပ်လာလုပ်တဲ့ "ချွန်ဖလွိုင်" ဟာ ရုတ်တရက်အကြောင်းအရင်းမရှိ ပျောက်ဆုံးသွားပါတယ်။ "ချွန်ဖလွိုင်" ကိုယ်စားအလုပ်လာလုပ်တဲ့ "ကွန့်" ဟာ "ပရဖင်ဖန်"နဲ့ရဲတိုက်မှာစတွေ့စဉ်ကတည်းက သူမဝတ်ဆင်ထားတဲ့ ပန်းရောင်မျက်မှာဖုံးအောက်ကအကြောင်းအရာတွေသိလိုက်ရတဲ့နောက်ပိုင်း "ပရဖင်ဖန်" ကို သနားနေမိခဲ့ပါတယ်။ "ကွန့်" နဲ့ "ပရဖင်ဖန်" တို့ တွေ့ဆုံရာမှစလို့ လျှို့ဝှက်ဆန်းကြယ်တဲ့အဖြစ်အပျက်တွေ "ကွန်"ဆီမှာပေါ်လာခဲ့တဲ့အခါမှာတော့ .... မြင်နေရတဲ့အမြင်နဲ့ကွာခြားနေတဲ့ "နန်ခွိုင်" ရဲတိုက်ထဲက ချောက်ချားဖွယ် လျှို့ဝှက်ချက်က ဘာလဲ ??? "ပရဖင်ဖန်"ရဲ့ ပန်းရောင်မျက်နှာဖုံးအောက်မှာ ဘယ်လိုအကြောင်းအရာမျိုးတွေရှိနေသလဲ ??? "ချွန်ဖလွိုင်"ရဲ့ ရုတ်တရက်ပျောက်ဆုံးမှုက ဘာကြောင့်များလဲ ??? ဆိုတာကို အဖြေရှာသွားမဲ့ ဒဏ္ဍာရီဆန်ဆန် လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။