-
Movie Name
-
Student Of The Year (2012)
-
Year
-
2012
-
Generes
-
Comedy, Drama
-
Code
-
00228
-
Type
-
Movie
-
Size
-
1.20 GB
-
Country
-
Bollywood
-
Description
-
ဒီဇတ်ကားလေးက တက္ကသိုလ် ကျောင်းသားဘဝ လူငယ်တွေရဲ့ ကြားမှာ ဖြစ်တတ်တာလေးကို သဘာဝကျကျ ဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ အိန္ဒိယဇတ်ကားကောင်းလေး တစ်ကားပါ အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ St. Teresa တက္ကသိုလ်ကြီး ကို မိဘချမ်းသာမှုဂုဏ်ရှိန်တွေကြောင့် တတ်ရောက် လာကြတဲ့ ကျောင်းသားတွေနဲ့ စာကြိုးစားလို့ ပညာသင်ဆုရရှိပြီး တတ်ရောက်ကြတဲ့ ကျောင်းသူကျောင်းသားဆိုပြီး ရှိပါတယ် Rohan Nanda .. သူကတော့ အိန္ဒိယ နိုင်ငံရဲ့ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့သား မိဘရဲ့ အရှိန်နဲ့ကျောင်းကိုရောက်လာပြီး အချိန်ဖြုန်းနေသူShanaya Singhania.. တစ်ကျောင်းလုံးရဲ queen လို့ ပြောရလောက်အောင် လှပပြီးနာမည်ကျော်ကြားသူ Rohan Nanda ရဲ့ ရည်းစား Abhimanyu.. မိဘတွေသေဆုံးသွားပြီး အဘွား ရယ် သူ့ကိုမကြည်ဖြူတဲ့အဒေါ်နဲ့နေရပြီး စာတော်တဲ့ကျောင်းသား တစ်ယောက်သူတို့သုံးယောက် ဒီကျောင်းမှာအတူတူတွေ့ဆုံကြြပြီ ပဋိပက္ခ တွေကြားကနေပဲ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်ဘယ်လိုအခြေအနေတွေနဲ့ပဲ ကျောင်းကိုရောက်လာရောက်လာ ဒီကျောင်းမှာ တတ်နေကြတဲ့ ကျောင်းသားတိုင်း အလိုချင်ဆုံးဆုကတော့ Student of the year ဆိုတဲ့ ဆုဖုလားတစ်ခုပါပဲဒီဆုဖုလား ကိုရရှိဖို့ဆိုရင် ပြိုင်ပွဲတွေအများကြီး ယှဉ်ပြိုင်ပါတယ်အဲ့ဒီယှဉ်ပြိုင်မှုမှာ သူတို့သူငယ်ချင်းတွေပါဝင်ယှဉ်ပြိုင်မိတဲ့အခါမှာတော့ အချင်းချင်းမသင့်မြတ်မှုတွေ အတ္တတွေ မာနတရားတွေ ကို ခံစားလာရတဲ့အခါမှာ သူငယ်ချင်းသံယောဇဉ်ဆိုတာလည်း ပျက်စီးသွားခဲ့ပါတယ်ဒါပေမယ့် ထင်မှတ်မထားတဲ့ ဆုဖုလားရဲ့နောက်ကွယ်က တက္ကသိုလ်ပါမ္ခောတစ်ဦးရဲ့ စိတ်သဘောထားအမှန်ကို သိရှိခဲ့ပြီးတဲ့အခါမှာတော့ ၁၀ နှစ်ကြာ ခံစားခဲ့ရတဲ့ သူတို့သူငယ်ချင်းတွေကြားက အာဃာတ တွေပျောက်ကွယ်သွားပြီ ပြန်လည်ပြေလည်သွားတဲ့ အကြောင်းလေးကို ရိုက်ကူးထားတဲ့ဇတ်ကားကောင်းလေးတစ်ကားပါ