Movie Name
Phantom (2023)
Year
2023
Generes
Action
Code
KR0338
Type
Movie
Size
660 MB
Country
Korea
Description
Phantom (2023) ၁၉၃၃ ခုနှစ် ဂျိုဆွန်းပြည် (ကိုရီးယား) ကို ဂျပန်တွေအုပ်စိုးနေချိန်မှာ ဂျပန်ဘုရင်ခံချုပ်ကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု။ ဘယ်သူဘယ်ဝါရယ်လို့ တရားခံမပေါ်သေးခင်မှာပဲ အစအနပျောက်သွားခဲ့ပေမဲ့ လူတိုင်းရဲ့စိတ်ထဲမှာ စွဲကျန်နေခဲ့တဲ့ “တစ္ဆေ” ဆိုတဲ့လူတစ်ဦး။ ဂျိုဆွန်းလူမျိုး “တစ္ဆေ” က ဦးဆောင်နေတဲ့ အကြမ်းဖက်ဂိုဏ်းဟာ ဂျိုဆွန်းရဲ့နေရာတိုင်းမှာသာမက ရှန်ဟိုင်းအထိပါ သူလျှိုတွေစေလွှတ်ထားပြီး ဂျပန်အစိုးရကို အကြီးအကျယ်ထိတ်လန့်စေနေခဲ့ပါတယ်။ ဒီလိုနဲ့ ဒုတိယအကြိမ် ဘုရင်ခံချုပ် လုပ်ကြံခံလိုက်ရပြီးတဲ့နောက်မှာတော့ ဗိုလ်ချုပ်ကြီး ဒါခါဟာရာ ဟာ သံသယရှိသူ ဂျိုဆွန်းလူမျိုး ၅ ဦးကို ဟိုတယ်တစ်ခုထဲမှာ ထိန်းသိမ်းလိုက်ပါတော့တယ်။ ကိုယ်က ‌တစ္ဆေမဟုတ်ကြောင်းကိုပဲ သက်သေပြမလား၊ ဒါမှမဟုတ် သံသယရှိသူကိုပဲ ထုတ်ပြောပြီး ကိုယ်လွတ်မြောက်ဖို့ကိုပဲ ရွေးချယ်ကြမလား ဆိုတဲ့ ရွေးချယ်စရာ ၂ ခုပဲရှိတော့တဲ့ အချိန်မှာတော့ ဒီလူ ၅ ယောက်‌အနေနဲ့ ဘယ်လိုဆုံးဖြတ်ချက်မျိုးကို ချကြမလဲ။ သူတို့ထဲမှာ တကယ်ပဲ “တစ္ဆေ” ရှိနေတာလား ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် Action, Thriller ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ Casts တွေအနေနဲ့လည်း နာမည်ကြီးတွေဖြစ်ကြတဲ့ Sol Kyung-gu, Lee Honey, Park So-dam, Park Hae-soo, Kim Dong-hee နဲ့ Seo Hyun-woo တို့က ပါဝင်ထားတာဖြစ်လို့ ကြည့်ရှုရတန်စေမှာ အသေအချာပါပဲ