Movie Name
Cirkus (2022)
Year
2022
Generes
Comedy, Drama
Code
IND0646
Type
Movie
Size
1.25 GB
Country
Bollywood
Description
Cirkus (2022) Comedy, Drama IMDb 6.4/10 (21K) အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဘောလီဝုဒ်ဟာသကားကောင်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မင်းသားချော ရန်ဗီးဆင်းက Dual Role နေရာကနေသရုပ်ဆောင်ထားပြီး မင်းသမီး ပူးဂျာဟစ်ဂဒေ..ဂျက်ကလင်းဖာနန်ဒက်ဇ်တို့အပြင် ဟာသသရုပ်ဆောင်ကြီးတွေဖြစ်ကြတဲ့ ဂျွန်နီလီဗာ..ဆန်ဂျေးမစ်ရှရားစသဖြင့် သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်အားဖြည့်ထားသလို မင်းသမီးချောလေး ဒီပီကားပါဒူကွန်ကလည်း Cameo အနေနဲ့ ပါဝင်ပေးထားပါတယ်နော်။ ဆရာဝန်တစ်ယောက်ရဲ့စူးစမ်းချင်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စမ်းသပ်ချက်တစ်ခုပေါ်မူတည်ပြီး အလွဲကြီးလွဲခဲ့ရတဲ့ဇာတ်ကြောင်းလေးပေါ့ဗျာ။ အငှားကိုယ်ဝန်ဆောင်ခြင်းတွေ ခေတ်မစားသေးခင်ကာလ ဒီကိစ္စကို လူတွေလက်မခံနိုင်ကြတဲ့အခါ…။ ပြုစုပျိုးထောင်ပေးတဲ့ မိသားစုတူရင် ဒီညီအစ်ကိုမောင်နှမတွေဟာ ကိုယ့်သွေးသားမဟုတ်လည်း သွေးသားရင်းခြာလို့ မေတ္တာထားကြမယ်။ ကူညီရိုင်းပင်ကြမယ်ဆိုတာကို ဒီဆရာဝန်ဟာ လောကကြီးကို ချပြချင်ခဲ့ပါတယ်။ ဒီလိုနဲ့ အမြွှာနှစ်တွဲကို တစ်ယောက်ဆီလွဲထည့်ပြီး မိသားစုနှစ်စုကို တစ်တွဲစီမွေးစားဖို့ပေးလိုက်ပါတော့တယ်။ တစ်ရက်တော့ ရုပ်တူပြီး လူချင်းလွဲနေတဲ့ ဒီအမြွှာနှစ်တွဲဟာ တစ်မြို့တည်းမှာ အတူဆုံကြတဲ့အခါမှာတော့ ဖြစ်ပျက်သမျှအလုံးစုံဟာ စတင်ပြီး လွဲလာပါတော့တယ်။ အလွဲလွဲအချော်ချော်နဲ့ ဘယ်လိုတွေ ပါးစပ်မပိတ်တမ်း ရယ်ရမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ရှုစားကြည့်ပါတော့နော်