-
Movie Name
-
13 Reasons Why (2017)(S1+S2)
-
Year
-
2017
-
Generes
-
Drama
-
Code
-
SE0019
-
Type
-
Series
-
Size
-
9.68 GB
-
Country
-
Hollywood
-
Description
-
ဒီစီးရီးကိုတော့ လူအတော်များများ ကြားဖူးပြီးနေလောက်ပါပြီ။
Netflix ရဲ့ ကမ္ဘာတစ်ဝှမ်းမှာ ကျော်ကြားသွားတဲ့ စီးရီးပါပဲ။
IMDb နဲ့ RT တွေမှာ rating 9 ကျော်နေပြီး
ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးသံတွေ
ဆက်တိုက်ရရှိခဲ့တဲ့ စီးရီးလေးပါ။ ၂၁ ရာစု
အကောင်းဆုံး High School Drama တွေထဲက
တစ်ခုလို့ ချီးကျူးကြတယ်။ စလယ်ဆုံး
ဇာတ်ရှိန်မကျဘဲ ဆွဲခေါ်သွားနိုင်တယ်။
ခံစားချက်မျိုးစုံကို ပေးနိုင်တယ်
စသည်ဖြင့် မှတ်ချက်တွေပြည့်နေခဲ့ပါတယ်။
ဝေဖန်ခံရတဲ့ အချက်ကတော့ ဇာတ်လမ်းရဲ့
အဓိကဇာတ်ဆောင်ဟာ မိမိကိုယ်ကို သတ်သေခဲ့ပြီးမှ သူ့ရဲ့
နောက်ဆက်တွဲတွေကို ခမ်းနားစွာ ဖော်ပြထားတဲ့
ဇာတ်ကြောင်းဖြစ်နေလို့ သတ်သေမှုတွေကို
တနည်းအားဖြင့် အားပေးနိုင်တယ်ဆိုပြီး
ပြောသူတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဒီစီးရီးရဲ့
အကြောင်းအရာတွေမှာ အထက်တန်းကျောင်းသားတွေရဲ့
စိတ်ဖိအား၊ခံစားချက်တွေတွေကို နားလည်ဖို့နဲ့
ဆရာတွေမိဘတွေ ပိုပြီး
သတိထားမိလာစေဖို့၊ ကျောင်းသားသူတွေကြားထဲက
ကိုယ်ချင်းစာတရားတွေ ပိုကောင်းမွန်လာဖို့
အားပေးတဲ့အချက်တွေ အများကြီးပါပါတယ်။
ဒီစီးရီးရဲ့ အဓိက သရုပ်ဆောင် ၂ ယောက်ဟာလည်း
တကယ်ကောင်းမွန်ခဲ့တာမို့ ချီးကျူးမှုတွေ အများအပြားရရှိထားပြီး
သူတို့ သရုပ်ဆောင်ဘဝလမ်းကတော့
ပိုပြီးတောက်ပြောင်လာလိမ့်မယ် ထင်မိပါသေးတယ်။
ဇာတ်လမ်း အကျဉ်းပြောရရင် အစမှာ ဟန်နာ ဆိုတဲ့
အထက်တန်းကျောင်းသူလေး မိမိကိုယ်ကို
သေကြောင်းကြံသွားခဲ့တာက စပါတယ်။ အဲဒီအဖြစ်ရဲ့
ရိုက်ခတ်မှုတွေဟာ ဆရာတွေ၊ကျောင်းသားတွေ နဲ့
မိဘတွေကြားမှာနည်းမျိုးစုံနဲ့
သက်ရောက်နေခဲ့တယ်။ ကျောင်းသားတွေထဲမှာမှ
ဟန်နာနဲ့ထူးထူးခြားခြားသိကျွမ်းခဲ့တဲ့
ကလေးရ်(Clay) ဆိုတဲ့ ကောင်လေးကတော့
ပိုပြီးသူ့ကို သတိရနေခဲ့သူပါ။
တစ်ညမှာတော့ ကလေးရ်ဆီကို ဟန်နာ အသံသွင်းထားတဲ့
တိတ်ခွေလေးတွေ ရောက်လာခဲ့တယ်။
တိတ်ခွေမှာ အကြောင်း ၁၃ ပိုင်း ပါဝင်ပြီး သူသတ်သေခဲ့ရတဲ့
၁၃ ချက်သောအကြောင်းရင်းတွေကို
ပြောပြထားခဲ့တယ်။ တိတ်ခွေအစမှာ
ဒီတိတ်ခွေတွေကို သူသေဆုံးခဲ့ရမှုအတွက်
တာဝန်ရှိတဲ့ လူအားလုံးကို တစ်ယောက်ပြီး
တစ်ယောက် လက်ဆင့်ကမ်းပြီး နားထောင်ဖို့
ပြောထားခဲ့ပြီး ဒီစည်းကမ်းကို မလိုက်နာရင်တော့
သူတာဝန်ပေးခဲ့တဲ့
တစ်ယောက်သောသူဟာ ဒီအခွေတွေကို
လူတွေကြားထဲကို ချပြလိုက်လိမ့်မယ်လို့
ချိန်းခြောက်ထားပါတယ်။
Clay ရဲ့ အရင်ရှေ့မှာ နားထောင်ပြီးတဲ့သူတွေဟာ
ဟန်နာကို သစ္စာဖောက်ခဲ့သူတွေ၊ အနိုင်ကျင့်ခဲ့သူတွေ
စသည်ဖြင့် အကြောင်းအရာမျိုးစုံပါဝင်နေပါတယ်။
သက်ဆိုင်သူအားလုံးနည်းပါးက ဒီတိတ်ခွေတွေကို
တစ်ညတည်း အကုန်နားထောင်နိုင်ကြပေမယ့်
Clay အတွက်တော့ မတူခဲ့ပါဘူး။
သူ့အတွက် ဒီတိတ်ခွေတွေက ပေးတဲ့
ခံစားချက်တွေက ပြင်းထန်လွန်းလို့
အပိုင်းပိုင်းလေးတွေပဲ နားထောင်နိုင်စွမ်းရှိနေပါတယ်။
ကျန်တဲ့ သူတွေအားလုံးကတော့
ကလေးရ် ဒါတွေအကုန်နားထောင်ပြီးချိန်မှာ
ဘယ်လိုတုံ့ပြန်လာမလဲ ရင်တမမနဲ့
စောင့်နေရပါပြီ။ တချို့လည်း သူဆက်နားမထောင်နိုင်အောင်၊
သူဘယ်တော့မှထုတ်မပြောရဲအောင်၊
ဟန်နာပြောတာတွေကို မယုံအောင်
နည်းမျိုးစုံကြိုးစားလာကြပါတော့တယ်။
ဟန်နာသေဆုံးရတဲ့ တရားခံတွေထဲမှာ Clay လို
အေးဆေးပြီး စိတ်ထားကောင်းတဲ့ သူက ဘာလို့ပါနေရတာလဲ။
သူလည်း ဘာတွေလုပ်ခဲ့သလဲ။ ကျန်တဲ့သူတွေကရော
ကလေးရ်နားထောင်မိသွားမယ့်အကြောင်းအရာတွေအတွက်
ဘာလို့ ကြောက်လန့်နေကြသလဲဆိုတဲ့
အဖြေတွေကိုတော့ တစ်ပိုင်းချင်းစီမှာ
ပြသသွားပါလိမ့်မယ်။ ဒီစီးရီးမှာ
ကြောက်စရာ လူသတ်ကောင်တွေ
ရက်စက်လွန်းတဲ့ ဖြစ်ရပ်တွေတော့ မပါဝင်ပါဘူး။
ဒါပေမယ့်
သာမာန် Horror ကားတွေထက်
ပိုကြောက်စရာကောင်းပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ ဒီထဲက
တရားခံဆိုတဲ့သူတွေလူတွေ လုပ်ခဲ့တဲ့
အရာတွေဟာ ကျွန်တော်တို့ကိုယ်တိုင်
သတိမမူရင်၊ အခြေအနေတစ်ခုမှာ
လုပ်လိုက်မိနိုင်တဲ့ အပြစ်တွေ ဖြစ်နေတဲ့အတွက်
ဇာတ်လမ်းထဲမှာ စိတ်နှစ်ပြီး
ခံစားမိရင်တော့ အပိုင်းတိုင်းဟာ
ကြောက်စရာကောင်းပြီး
စိတ်လှုပ်ရှားစရာတွေ ပြည့်နေပါလိမ့်မယ်။
ဘယ်လိုခံစားရလည်း ဆိုတာကိုတော့
ကိုယ်တိုင်ကြည့်ပြီးမှ ဆုံးဖြတ်ကြည့်လိုက်ပါတော့။
(စီးရီးစ-ဆုံးကို ခံစားဘာသာပြန်ပေးခဲ့ကြသော
BommyChan, Ye Man Aung, KhinCherryHinn, Kaung Myat Thu,
HanHtooZaw, Littleneo တို့အား ကျေးဇူးတင်ရှိပါတယ်)
Season 1 Complete Download
13 RW အတွဲ ၂ ကို စဆုံး တင်ပေးထားပါပြီ။
စီစန် ၁ ရဲ့ နောက်ဆက်တွဲအနေနဲ့ ဟန်နာဘိတ်ကာရဲ့ မိဘတွေက
လစ်ဘာတီအထက်တန်းကျောင်းကို တရားစွဲတာကနေ စပါတယ်။
တိတ်ခွေတွေဟာ ပြည့်စုံတဲ့ အမှန်တရား မဟုတ်ခဲ့တာကို တွေ့ရပါတော့မယ်။
တရားခွင်မှာ တစ်ရက်ပြီးတစ်ရက် တစ်ယောက်ပြီးတစ်ယောက်
သူတို့ဘက်ခြမ်းက အမှန်တရားတွေကို ထုတ်ဖော်လာကြတဲ့အခါ…..
တစ်ဖက်မှာလည်း ကလေးရ် နဲ့ သူငယ်ချင်းတွေ
ဘရိုက်စ်ကို မုဒိန်းမှုနဲ့ စွဲချက်တင်နိုင်ဖို့ ကြိုးစားနေသလို
ဘရိုက်စ်ဘက်က တစ်စုံတစ်ယောက်ကလည်း
သက်သေအားလုံးကို မပေါ်ပေါက်လာအောင် ကြိုးပမ်းပါတော့တယ်…..
ဒီ TV Series ကို စထွက်ထွက်ခြင်း Team ဖွဲ့ပြီး စလုပ်ဖြစ်တယ်
ပါဝင် ဘာသာပြန်ပေးထားသူတွေကတော့
Little Neo ,Saw Bwar , Hlaing Min Ko Ko
May Thazin Soe , ThinZar Htet , Kaung Mhat Thu
တို့မှ ဘာသာပြန် တင်ဆက်ပေးထားပြီး Review ကို
Little Neo က ရေးပေးထားပါတယ်။