Movie Name
Saint Omer (2022)
Year
2022
Generes
Drama, Thriller
Code
EN2187
Type
Movie
Size
895 MB
Country
Hollywood
Description
aint Omer (2022) ~ IMDb – 7/10, Rotten Tomato – 94% ~ 2022 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Saint Omer ဟာ Film Critics ​ဆီတွေက​နေ Rating ​​တော်​တော်​ကောင်း​ကောင်းကိုရခဲ့တဲ့ ဥပ​ဒေ ဒရာမာဇာတ်ကား​ကောင်း​လေးတစ်ခုဖြစ်ပါတယ်။ ဆု​တွေအ​နေနဲ့လည်း ဆန်ကာတင်ဝင်ခဲ့တဲ့ ဆု ၄၁ ဆုမှာ ဆု ၁၆ ဆုထိရရှိခဲ့တဲ့ကား​လေးဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ စာ​ရေးဆရာမတစ်ဦးဖြစ်တဲ့ ရာမားက ပဲရစ်က​နေ စိန့်အိုမားထိ ​လော့ရန့်ကိုလီရဲ့ အမှု​အ​ကြောင်း​ရေးဖို့ လာခဲ့ပါတယ်။ ကိုလီက​တော့ ၁၅ လအရွယ် ကိုယ့်သမီး​လေးကို ပြန်သတ်တယ်ဆိုပြီး အမှုရင်ဆိုင်​နေရတဲ့ ဆီနီးဂဲတစ်​ယောက်ဖြစ်ပြီး ကိုယ့်အ​မေနဲ့လည်း ရှုပ်​ထွေးတဲ့ဆက်ဆံ​ရေးရှိ​နေတာ​ပေါ့။ အ​မေနဲ့အဆင်မ​ပြေတဲ့ ရာမားကလည်း သူနဲ့ အဖြစ်ချင်း​တူ​​နေ​တော့ ကိုလီကို အရမ်းစိတ်ဝင်စားသွားတယ်။ ရာမား ကိုလီအ​ကြောင်းဆက်ပြီး ​လေ့လာ​နေတုန်း ကိုလီ ပြင်သစ်​မှာ​နေရင်း ခံစားရတာ​တွေကို ကြားပြီး ရာမာတစ်​ယောက်ဘယ်လို​တွေမွန်းကြပ်သွားလဲ… သူမဘဝနဲ့ ဘယ်​လောက်​တောင်ထပ်တူကျနေလဲဆိုတာကို မြင်​တွေ့ရမှာဖြစ်ပါတယ်။ ကြည့်​နေတဲ့သူကိုလည်း တရားရုံးရဲ့ ဂျူရီအ​ဖွဲ့ဝင်​နေရာ​ရောက်သွားသလို ရိုက်ပြထားပြီး ကိုယ့်အတွက်လည်း ​တွေးစရာ ​မေးခွန်း​လေး​တွေ​ပေးတာ​ကြောင့် ​တွေး​တောရတာကြိုက်တဲ့သူ​တွေပါ ကြည့်သင့် သိသင့်တဲ့ကား​လေးဆိုလည်း မမှားပါဘူး။