-
Movie Name
-
Itzy Cosy House (2022)
-
Year
-
2022
-
Generes
-
Documentary
-
Code
-
SKR0783
-
Type
-
Series
-
Size
-
2.23 GB
-
Country
-
Korea
-
Description
-
1-5 Completed
Itzy Cosy House (2022)
4th Gen Idol group တွေထဲက အအောင်မြင်ဆုံး girl group တစ်ဖွဲ့ဖြစ်တဲ့ Itzy တို့ variety show အသစ်လေးနဲ့ ပြန်လာပါပြီ
Itzy ဆိုတာကတော့ Dalla Dalla, Wanna Be စတဲ့ သီချင်းတွေနဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့
JYP Entertainment လက်အောက်က ကောင်မလေး ၅ယောက်နဲ့ ဖွဲ့စည်းထားတဲ့ girl group လေးပါ
Itzy Cozy House ဆိုတဲ့ နာမည်လေးအတိုင်းပဲ
ဂျယ်ဂျူကျွန်းက Itzy တို့အိမ်လေးဆီ နွေဦးရာသီမှာ အလည်သွားရင်း အပန်းဖြေရမယ့် healing program လေးပါ။
Mnet ကတော့ picture-like house with picture-like owners လို့ တင်စားထားပါတယ်။
နွေဦးလို လန်းဆန်းပျိုမျစ်တဲ့ ကောင်မလေး၅ယောက်က
၄ရက်တာ တည်းခိုဆောင်ပိုင်ရှင်လေးတွေအဖြစ် ဝန်ဆောင်မှုပေးသွားမှာပါ။
စားဖိုဆောင် Itzy House နဲ့ ဧည့်နေဆောင် Cozy House လို့ ခွဲပြီး လာရောက်တည်းခိုမယ့် ဧည့်သည်တွေကို ဧည့်ခံကြမှာပါ။
သူတို့ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်မယ့် ဟင်းလျာလေးတွေ၊
စိတ်နှစ်ကိုယ်နှစ်ပြင်ဆင်ပေးမယ့် နှုတ်ဆက်လက်ဆောင်လေးတွေ၊
Itzy တို့ကိုယ်တိုင် recommend ပေးမယ့် ဂျယ်ဂျူကျွန်းရဲ့အလှအပတွေ၊
ညဘက်မှာ တပျော်တပါးသီချင်းဆိုကြမယ့် home live concert စတာတွေကို ကြည့်ရှုကြရမှာပါ
Hyori’s Bed and Breakfast, Youn’s Stay, House on Wheels စတဲ့ show တွေလို healing effect လေး ပေးနိုင်မယ့်ရှိုးလေးပါ။
Midzy လေးတွေလည်း အကြိုက်တွေ့ကြမယ်ထင်ပါတယ်။