Movie Name
Meet Yourself (2022)
Year
2022
Generes
Drama, Romance
Code
SC0610
Type
Series
Size
10.3 GB
Country
China
Description
1-40 Completed ❏ သူငယ်ချင်းအရင်းဖြစ်သူ ဆုံးပါးသွားတဲ့အတွက်ကြောင့် တလီမှာရှိတဲ့ ယွင်မောင်ရွာလေးကို စိတ်ပြေလက်ပျောက် တစ်ကိုယ်တည်း ခရီးထွက်လာတဲ့ ရွှဟုန်သုန့် အဖြစ် လျိုယိဖေး ❏ မြိုမှာရှိတဲ့ လစာကောင်းကောင်း အလုပ်ကိုစွန့်လွှတ်ကာ မွေးရပ်မြေယွင်မောင်ရွာကလေးကို တိုးတတ်ဖိုအရေး ကြိုးပန်းနေတဲ့ ရှဲကျစ်းယောင် အဖြစ် လီရှန့် သူငယ်ချင်းအရင်းဖြစ်သူ ဆုံးပါးသွားတဲ့အတွက်ကြောင့် ရွှဟုန်သုန့်(လျိုယိဖေး) တစ်ယောက် သူမရဲ့ ဘဝကြီးရော အလုပ်အကိုင်တွေရောဟာ အောက်ဆုံးအထိ နိမ့်ကျသွားခဲ့ပါတယ် သူမဟာ အဲဒီဝမ်းနည်းမှုတွေကို ဖြေဖျောက်ဖိုအတွက် တလီမှာရှိတဲ့ ယွင်မောင်ရွာလေးဆီကို အနားယူဖို တစ်ကိုယ်တည်းထွက်လာခဲ့ပါတော့တယ် အဲဒီအချိန်မှာတော့ လစာကောင်းတဲ့ လက်ရှိအလုပ်ကိုထွက်ပြီး မွေးရပ်မြေမှာ စိုက်ပျိုးတီထွင်မှုတွေပြုလုပ်နေတဲ့ ဒေသခံတစ်ယောက်ဖြစ်သူ ရှဲကျစ်းယောင် နဲ့တွေ့ဆုံခဲ့ပါတယ် ဒီလိုနဲ့ နေ့စဥ်အတူတူဖြတ်သန်းလာခဲ့စဥ်အတွင်းမှာ ရှဲကျစ်းယောင် တစ်ယောက် ရွှဟုန်သုန့်ရဲ့ ကြင်နာမှုတွေ လေးနက်မှုတွေကို တစ်ဖြည်းဖြည်းနဲ့ ခံစားလာခဲ့ပါတော့တယ် အဲဒီနောက်မှာတော့ သူဟာ ရွှဟုန်သုန့်ရဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးဆိုင်ရာ လုပ်ငန်းအတွေ့အကြုံတွေကိုအသုံးချပြီးတော့ ဒေသခံဝန်ထမ်းတွေကို ဝန်ဆောင်မှုဆိုင်ရာ အသိပညာပေးရန်နဲ့ ယွင်မောင်ကျေးရွာလေးရဲ့ ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်ဖို ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါတယ် ဒီလိုနဲ့ နှစ်ယောက်သားဟာ ယွင်မောင်ကျေးရွာလေး တိုးတတ်စေဖို အတူတူဆောင်ရွက်ခဲ့ကြရင်း ခံစားချက်တွေ ပေါက်ဖွားကာ မေတ္တာမျှခဲ့ကြပါတော့တယ်။ ဒီဇာတ်ကားလေးက အချစ်ဇာတ်လမ်းချည်းပဲ အဓိက ဦးစားပေးရိုက်ကူးထားတာတော့မဟုတ်ပါဘူး။ မဖွံဖြိုးသေးတဲ့ကျေးရွာတစ်ရွာကို အတူတူ တိုးတတ်အောင်လုပ်ဆောင်ကြပုံတွေ အချင်းချင်းရိုင်းပင်းကူညီကြပုံတွေ ၊ တာဝန်တွေ အတူတူထမ်းရွက်ပြီး ခွန်အားပေးကြပုံတွေ အစရှိတဲ့အရာလေးကို ဦးစားပေးပြီးတော့ ရိုက်ကူးထားတယ်လို ပြောရမယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး ။ ပြီးတော့သရုပ်ဆောင်ထားကြတဲ့သူတွေကလဲ တကယ့်ကိုနာမည်ကြီးတွေဖြစ်တာမို ကြည့်ရတာ လုံးဝတန်စေမဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်ရှင်