Movie Name
Masooda (2022)
Year
2022
Generes
Horror, Thriller
Code
IND0652
Type
Movie
Size
1.02 GB
Country
Bollywood
Description
Masooda ( 2022 ) IMDb 7.8/10 အခုတစ်ခေါက်မှာတော့ ရုံတင်၀င်ငွေခန့်မှန်းခြေ ဆယ်ကုဋေကျော်လောက်ရရှိထားတဲ့ သဘာ၀လွန် Horrorရုပ်ရှင်အမျိုးအစား ရုံတင်ကားသစ်ကြီးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်…။ ဇာတ်လမ်းအကျဉ်းကတော့ နီလမ်ဟာ Single motherတစ်ယောက်ဖြစ်ပြီးတော့ သမီးဖြစ်သူနာဇီယာနဲ့အတူ တိုက်ခန်းလေးတစ်ခန်းငှားကာနေထိုင်ပါတယ်။သူတို့အခန်းနဲ့မနီးမဝေးမှာ ဂိုပီလို့ခေါ်တဲ့ အိမ်နီးချင်းကောင်လေးတစ်ယောက်နေထိုင်ပြီးတော့ နီလမ်တို့သားအမိအကူအညီ လိုအပ်ရင်လည်း လက်မတွန့်ပဲကူညီပေးတတ်တဲ့ အိမ်နီးချင်းကောင်းတစ်ယောက်ဖြစ်ပါတယ်…။ တစ်ညမှာတော့ နီလမ်တစ်ယောက် ဂိုပီ့အခန်းကိုတံခါးလာခေါက်ကာအကူအညီတောင်းပါတော့တယ်… ဂိုပီလိုက်သွားကြည့်တဲ့အခါမှာတော့ တစ်စုံတစ်ယောက်၀င်ပူးနေသလိုဖြစ်နေတဲ့ နာဇီယာကိုတွေ့လိုက်ရပါတယ်။နီလမ်နဲ့ဂိုပီတို့နှစ်ယောက် နာဇီယာကိုဆရာ၀န်နဲ့ပြပေမဲ့ မသက်သာတဲ့အဆုံးမှာတော့ အပနှင်ဆရာတွေလိုက်ရှာဖွေရင်း သိရှိလာတာက ဒီပူးကပ်နေတဲ့နတ်ဆိုးဟာ အင်မတန်မှအငြှိုးကြီးပြီး သူ့ကိုသတ်နိုင်မယ့်လက်နက်ကလည်း သီးသန့်ရှိနေကြောင်းသိရှိလိုက်ရတဲ့အခါမှာတော့…. နာဇီယာကိုကုသလို့ရနိုင်ပါ့မလား … နာဇီယာကို၀င်ပူးနေတဲ့ အငြှိုးကြီးတဲ့ဝိဉာဥ်ကရောဘယ်သူဖြစ်မလဲ… ဘယ်လိုအကြောင်းကြောင့်၀င်ပူးနေတာလဲဆိုတာကို တော့ ကျောတချမ်းချမ်းနဲ့ဆက်လက်ကြည့်ရှုရမှာပါ။ Horror ရုပ်ရှင်ကြိုက်သူ‌တွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။