-
Movie Name
-
From Repair To Pair (ချစ်ရိပ်ခြယ်မဲ့ အတိတ်ပန်းချီ)(2022)
-
Year
-
2022
-
Generes
-
Comedy, Romance
-
Code
-
SC0612
-
Type
-
Series
-
Size
-
7.36 GB
-
Country
-
China
-
Description
-
1-23 Completed
ဒီတစ်ခါမှာတော့ youkuကအဆွေးတစ်လိုင်းတွေ အဝကြည့်ပြီး
မျက်ရည်မဆယ်နိုင်သေးတဲ့လူတွေအတွက်
ချိုမှချိုဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ခုနဲ့
CMက မိတ်ဆက်ပေးချင်ပါတယ်။
“ချိုးယွမ်”ဟာ ယဉ်ကျေးမှုအနုပညာလက်ရာတွေကို
မြတ်နိုးတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး
သူတိုမိသားစုဟာလည်း ပန်းပုပညာနောက်ခံရှိတဲ့အလျောက်
“ယွီရှင်းကျန့်”လိုခေါ်တဲ့ရှေးဟောင်းယဉ်ကျေးမှု
အမွေအနှစ်ထိန်းသိမ်းရေးလုပ်ငန်းဟာ
သူမရဲ့ ပန်းတိုင်တစ်ခုပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ထိုနေရာရောက်ဖိုဆိုတာ
သူမအတွက် ကောင်းကင်က ကြယ်ကို ဆွတ်ခူးဖို
အိမ်မက်မက်သလို ဖြစ်နေခဲ့ပါတယ်
“ချင်ကျစ်ယွင်”ကတော့ ယွီရှင်းကျန့်က ရှေးဟောင်းအမွေအနှစ်
ပြုပြင်ထိန်းသိမ်းရေး ပညာရှင်တစ်ယောက်ဖြစ်ပြီး
ချိုးယွမ်ရဲ့ လေးစားရဆုံး အိုင်ဒေါလ်တစ်ယောက်လည်းဖြစ်ပါတယ်။
“လော်ယိုချန်”ဆိုတဲ့ ချိုးယွမ်ရဲ့အစ်ကိုဖြစ်သူဟာ
နာမည်အတိုင်း ငွေသာအရာရာဆိုတဲ့လူမျိုးဖြစ်ပါတယ်၊
ဒီလိုနဲ့အစ်ကိုဖြစ်သူကြောင့်ရော တစ်နေ့မှာ ယွီရှင်းကျန့်လုပ်ငန်းမှာ
အကျပ်အတည်းကြုံတွေ့နေချိန် ချိုးယွမ်တတ်မြောက်ထားတဲ့
ရော်ဘာပန်းချီပညာဟာ ယွီရှင်းကျန့်အတွက်
အသက်ကယ်ဆေးတစ်ခွက် ဖြစ်နေခဲ့ပါတော့တယ်၊
ဒါကြောင့်ပဲချိုးယွမ်ဟာ သူမအလေးစားရဆုံးသူဆီမှာပဲ တပည့်ဖြစ်ပြီး
နီးစပ်ဖို အကြောင်းဖန်လာပါတော့တယ်။
ဒါပေမဲ့”ဘယ်လောက်ပဲ ဖြောင့်တန်းနေတဲ့ မျဉ်းတစ်ကြောင်းဖြစ်ပါစေ၊
ထိမိရင်တော့ ရွေ့သွားနိုင်တာပဲ”ဆိုတဲ့အတိုင်း
ချိုးယွမ်အမြဲတစ်ဖက်သတ်ကြိုက်ခဲ့ရတဲ့
“ဇော့ဟွိက်ရန်”ဟာ ပြည်ပကနေ ပြန်လာခဲ့ပါတော့တယ်
-သူတို နှစ်ယောက်ကြားက စည်းကရော ခိုင်မြဲနေမှာလား
-စွာတေးလန်မလေးနဲ့ ဆရာတပည့်ကြားက
ရယ်မောစရာဟာသလေးတွေနဲ့အချိုေလးေတွကို
ပုံမှန်နဲ့မတူကွဲပြားတဲ့ပုံစံနဲ့ ကြည့်ရှုရမယ့်အပြင်
ရှေးဟောင်းယဉ်ကျေးမှုအလေ့အထတွေကိုပါ
တစ်ဝကြီးမြင်ေတွ့ရမှာပဲ ဖြစ်ပါတယ်။