Movie Name
Behind Every Star (2022)
Year
2022
Generes
Comedy, Drama, Romance
Code
SKR0785
Type
Series
Size
6.38 GB
Country
Korea
Description
1-12 Completed ဒီဇာတ်လမ်းလေးကတော့ ပရိတ်သတ်တွေ ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မဲ့ Comedy/Romance Drama လေးတစ်ခုဖြစ်ပါတယ် ဒီဇာတ်လမ်းမှာ နာမည်ကြီးမင်းသား မင်းသမီးများရဲ့နောက်ကွယ်ကနေ ပံ့ပိုးပေးနေကြတဲ့ မန်နေဂျာတွေနဲ့ အခြားရိုက်ကွင်းအဖွဲ့သားတွေရဲ့ ဘဝတွေ၊ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခက်အခဲတွေကို ရိုက်ကူးပြသထားပါတယ် ဇာတ်လမ်းအကျဉ်း METHOD Entertainment ကတော့ မင်းသားမင်းသမီးတွေများစွာနဲ့ အလုပ်တွဲလုပ်နေတဲ့ နာမည်ကြီး အေဂျင်စီကြီးတစ်ခုဖြစ်တယ် ဒီအေဂျင်စီကြီးမှာရှိတဲ့ ဝန်ထမ်းတွေကတော့ သရုပ်ဆောင်တွေအတွက် အလုပ်အကိုင်နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုပါ ဖြေရှင်းပေးနေရတာပါ မာထယ်အိုကတော့ ကျွမ်းကျင်မန်နေဂျာတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီမှာတော့ ဒါရိုက်တာရာထူးနဲ့ လုပ်ကိုင်ဆောင်ရွက်နေပါတယ် ဉာဏ်ကောင်းပြီး သိမ်မွေ့ပေမယ့် ဗျူဟာကောင်းတဲ့လူတစ်ယောက်ဖြစ်တာကြောင့် ဘယ်လိုလှည့်စားမှုမျိုးကိုမဆို သူက ကျွမ်းကျင်စွာ လုပ်ဆောင်တတ်တယ် ချွန်းဂျယ်အင်ကတော့ မန်နေဂျာလုပ်သက် ၁၄ နှစ်ရှိတဲ့ ဝါရင့်မန်နေဂျာတစ်ယောက်ပါ အလုပ်မှာဆိုရင်လည်း မန်နေဂျာအဖွဲ့ရဲ့ အဖွဲ့မှူးတစ်ယောက်ဖြစ်တယ် အရည်အချင်းရှိပြီး အလုပ်ဂျပိုးတစ်ယောက်လည်းဖြစ်တယ် ဒေါသကြီးပြီး သူဖြစ်ချင်တာဆိုရင် ဘာကိုမှဂရုမစိုက်ဘဲ ရအောင်လုပ်တတ်လို့ မာထယ်အိုနဲ့သူမက အမြဲတမ်း ပြဒါးတစ်လမ်း သံတစ်လမ်းလိုဖြစ်နေကျပါ ဂင်ဂျောင်ဒွန် ကတော့ ချွန်းဂျယ်အင်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး အလုပ်မှာလည်း ဂျယ်အင်နဲ့ ရာထူးတူညီစွာပဲ မန်နေဂျာအဖွဲ့မှူးရာထူးကိုရထားတာပါ ဒါပေမဲ့ ဂျောင်ဂျွန်ကတော့ ဂျယ်အင်နဲ့ဆန့်ကျင်ဘက် သိမ်မွေ့ယဉ်ကျေးတဲ့သူတစ်ယောက်ဖြစ်နေပါတယ် တစ်နေ့ သူတို့ဝါရင့်မန်နေဂျာတွေကြားထဲ မန်နေဂျာလက်သစ်လေး ဆိုဟျွန်းဂျူရောက်လာတဲ့အခါ… လူသစ်လေးဖြစ်တဲ့ ဆိုဟျွန်းဂျူတစ်ယောက် မန်နေဂျာတွေရဲ့ နေ့စဉ်ဒုက္ခတွေ ဖြေရှင်းရတဲ့ ပြဿနာတွေကို ရင်ဆိုင်နိုင်ပါ့မလား သူမရထားတဲ့အလုပ်ကို သေချာလုပ်နိုင်မလားဆို ဘယ်လိုအခက်အခဲလေးတွေ အလွဲလေးတွေ ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင် ။