Movie Name
A Family Man (2016)
Year
2016
Generes
Drama
Code
EN2194
Type
Movie
Size
461 MB
Country
Hollywood
Description
အဓိကဇာတ်ဆောင်အဖြစ် မင်းသားကြီး Gerard Butler ကသရုပ်ဆောင်ထားပြီး William Dafoe၊ Alfred Molina၊ Alison Brie၊ Gretchen Molစတဲ့ ပရိသတ်နဲ့ရင်းနီးပြီးသား သရုပ်ဆောင်တွေချည်းပါပဲ။ ဇာတ်လမ်းလေးကတော့ Head-hunter ဆိုတာ ကုမ္ပဏီတွေအတွက်လူသစ်ရှာဖွေရေးဝန်ဆောင်မှုလုပ်ရင်း အလုပ်ဖြစ်ရင်၊ ပွဲဖြစ်ရင် ကုမ္ပဏီဘက်ကနေ ဝန်ဆောင်ခရတဲ့ အလုပ်ကိုမျိုးကို ပွဲစားလိုလုပ်တဲ့ အလုပ်ပွဲစားတွေပေါ့။ အလုပ်လုပ်ဖို့ကလည်း စားပွဲတစ်လုံး ဖုန်းတစ်လုံး ထိုင်ခုံတစ်ခု လူတစ်ယောက်ပဲ လိုပါတယ်။ ကလိမ်ကကျစ်ကျတတ်ဖို့၊ ကွက်ကျော်ရိုက်တတ်ဖို့ ၊လိမ်လည်တတ်ဖို့ကတော့ အဆစ်ပေါ့ဗျာ။ သူဌေးဖြစ်သူကိုယ်တိုင်က အလုပ်မဖြစ်တဲ့ အလုပ်ပွဲစားတွေကို အလုပ်ဖြုတ်တဲ့စနစ်၊ ရာထူးတိုးချင်ရင်လည်း လအလိုက်အပြိုင်အဆိုင် ငွေရှာခိုင်း၊ နိုင်တဲ့သူမှ ရာထူးတိုးပေးတဲ့စနစ်ကိုပဲသွေးအေးအေးကျင့်သုံးတဲ့သူပေါ့။ ဘယ်လောက်တောင်ဆိုးလဲဆိုရင် အလုပ်ထွက်သွားတဲ့သူတွေ သူ့ကိုပြန်မတုနိုင်အောင် မယှဥ်ပြိုင်ရသဘောတူညီချက်(non-compete aggreement)တွေထားပြီး ကိုယ့်ဆီကအလုပ်ထွက်သွားရင်တောင် ဒီအလုပ်လုပ်လို့မရအောင် ခေါင်းပုံဖြတ်ထားသတဲ့။ ဒီအလုပ်ကိုပိုင်နိုင်ကျွမ်းကျင်သလို အရမ်းလည်းအလုပ်ကြိုးစားတဲ့ David Jensenတစ်ယောက် အလုပ်ကိုပဲ မဲလုပ်နေတော့ မိသားစုအပေါ်လစ်လပ်လာတာတွေ၊ သားသမီးကိုဂရုမစိုက်မိတာတွေ ဖြစ်လာတယ်။ ပိုကံဆိုးချင်တော့ သားဖြစ်သူက သွေးကင်ဆာ ဖြစ်ပြီး သေမလားရှင်မလားဖြစ်အလာ၊ အလုပ်ကလည်း အပြိုင်အဆိုင်ဆိုတော့ Dane တစ်ယောက် ဘာ‌တွေဘယ်လို့ရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။