Movie Name
Bride's Revenge (အမုန်းတမြည့်မြည့်) (2022)
Year
2022
Generes
Drama, Romance
Code
SC0614
Type
Series
Size
3 GB
Country
China
Description
“အချစ်ကြောင့်နာကျည်းမှုတွေများလာတဲ့အခါ အမုန်းတရားတွေပေါက်ဖွားလာတယ်၊ အာဃတတွေကြောင့် သံသရာစက်ကွင်းထဲမှာနစ်မြောနေတဲ့အခါ ပြန်လည်ရှင်သန်ခြင်းဆိုတာ မရှိဘူး”တဲ့~ ကဲ ကဲ~ CM Cdrama Fanလေးတိုရေ~ Xianxiaတွေ wuxiaတွေလည်း မကြည့်ချင်၊teenage romance တွေလည်း ရိုးအီနေပြီ၊ plotကတစ်မူထူးပြီး ကွဲထွက်နေတာလေးမှ ကြည့်ချင်တယ်ဆိုသူလေးတွေအတွက် Revengeအမျိုးစား ဇာတ်ကားသစ်လေးကို တစ်ဖန်ပြန်ယူဆောင်လိုလာပါပြီနော်။ နာမည်လေးကိုက Bride’s Revenge (*ရက်တစ်ရာ သတိုသမီး*)တဲ့… ဇာတ်လမ်းအကျဉ်း -ယဲ့မိသားစုရဲ့တစ်ဦးတည်းသောသမီး “ယဲ့ချင်းလန်”ဟာ မုမိသားစုရဲ့အကြီးဆုံးသခင်လေးနဲ့ချစ်သူတွေဖြစ်ပြီး ချစ်ရသူရဲ့လှည့်စားမှုကို ခံရကာ မကောင်း‌ေသာအခြင်းအရာတွေဆေးကြောဖိုဆိုတဲ့အယူတစ်ခု‌အရ အတင်းအကျပ် လက်ထပ်လိုက်ရပါတော့တယ်~ မုအိမ်နဲ့ယဲ့အိမ်ကြားမှာရော ဘယ်လိုလျှိဝှက်ချက်တွေ ရှိနေမလဲ? _ကြားထဲက မြေစာပင်ဖြစ်နေတဲ့ “ယဲ့ချင်းလန်”တစ်ယောက် မိမိတကယ် လက်ထပ်ရတဲ့သူက ဘယ်သူဖြစ်နေမလဲ၊ ထိုလက်ထပ်ခြင်း‌‌နှောင်ကြိုးက‌ရော ပထမဆုံးနဲ့နောက်ဆုံးအကြိမ် ထုံးဖွဲခြင်းပဲလား၊ အဆုံးသတ်မှာရော အချစ်နဲ့ကံတရား တစ်ထပ်တည်းကျနိုင်ပါ့မလား…. _မိမိနှလုံးသားတစ်ခုလုံးကို ပုံအပ်ပြီး ချစ်မြတ်နိုးခဲ့ရသော တစ်ဦးတည်းသောသူဟာလည်း ဘာကြောင့် လှည့်စားခဲ့ရသလဲ၊နှလုံးသားကို နင်းချေပစ်လိုက်တာပဲ မဟုတ်လား? _ယဲ့ချင်းလန်ကရော ကွဲ‌ကြေနေတဲ့နှလုံးသားတစ်စုံတစ်ရာနဲ့ အမုန်း၊အငြိုး၊အာဃတ၊ အမိုက်မှောင်လောဘမီးတောက်တွေ ထိုးနှက်နေတဲ့အသိုင်းဝိုင်းအလယ်မှာ မားမားမတ်မတ် ရင်ဆိုင်နိုင်ပါ့မလား…… _နဂိုတည်း မချော‌မွေ့ခဲ့လှတဲ့ချစ်ခြင်းတစ်ခု၊လှည့်စားမှုနဲ့စတင်ခဲ့တဲ့အိမ်ထောင်ရေးတစ်ခုမို ခင်ပွန်းဖြစ်သူရဲ့အသိုင်းအဝိုင်းနဲ့ ယောက္ခမဖြစ်သူရဲ့မေတ္တာတွေရရှိမဲ့အစား နှိပ်စက်မှုကိုသာ ခါးစည်းခံရလေမလား_ *** “လူဆိုတာ ပေးဆပ်မှုနဲ့ပြန်ရတာ မထိုက်တန်တဲ့အခါ စိတ်ထွက်ပေါက်ရှာတတ်ကြတယ်၊ ဒါက “ကလဲ့စား”ဆိုတဲ့ စာလုံးလေးသုံးလုံး ဖြစ်လေမယ်ဆိုရင်ရော~ -“အမုန်း၊အငြိုး၊အချစ်၊အာဃတ၊ယှဉ်ပြိုင်မှု၊လှည့်ဖြားမှု၊တုန့်ပြန်မှု…”ဆိုတဲ့ ခံစားချက်တွေ ဒွန်တွဲနေမှု၊ ဒီမောဟတွေပြည့်နှက်နေတဲ့သံသရာဟာ ဇာတ်သိမ်းဆိုတာရှိလေမလားဆိုတာကို ရသမျိုးစုံနဲ့ ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်ရှင့်။