-
Movie Name
-
The Influential (ဓားသွားနောက်ကကျည်ဆံ) (2022)
-
Year
-
2022
-
Generes
-
Action, Romance
-
Code
-
ST0719
-
Type
-
Series
-
Size
-
14.7 GB
-
Country
-
Thai
-
Description
-
1-17 Completed
ဧဂရတ် - Louis Hesse
နန်နရင် - Cartoon Natch Boonpong
ရစ်ဆာ - Jayda Saranya Chunhasart
ကလာ့ - Ben Santiraj Kulnoppakiet
အာဆွိ - PP Phatchaya Phiansamoe
ဇာတ်လမ်းအကျဥ်း❣❣
မူးယစ်ဆေးဝါးဂိုဏ်းတွေဖမ်းဖို့ မစ်ရှင်ဦးစီးတဲ့အထူးတပ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူ ဧဂရတ်ဟာ အသင်းသားဖြစ်သူရဲ့သစ္စာဖောက်မှုကြောင့် ထန်ဘွန်ခရိုင်ကိုလိုက်သွားခဲ့ရတယ်။ အဲ့မစ်ရှင်မှာပဲ နန်နရင်တစ်ယောက် အမေကိုဆုံးရှုံးလိုက်ရပြီး အဖေဖြစ်သူနဲ့ပဲ နေထိုင်လာခဲ့ရတယ်။
နန်နရင်မှာ အစ်မဖြစ်သူရစ်ဆာနဲ့ နန်နရင်အမေမွေးစားထားတဲ့ ပီယက်ဆိုတဲ့ မောင်လေးရှိတယ်။ ဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့် ဧဂရတ်တစ်ယောက် ထန်ဘွန်ခရိုင်မှာရှိတဲ့မူးယစ်ဆေးဝါးဂိုဏ်းကိုနှိမ်နင်းဖို့ တာဝန်ယူထမ်းဆောင်လိုက်ပါတော့တယ်။
ဧဂရတ်ရဲ့အစ်ကိုဖြစ်သူ ဖဒိတ်ကလည်း ညီလေးဖြစ်သူနဲ့အတူတူ တိုက်ပွဲဝင်ဖို့ ခေါ်ခဲ့ပါတယ်။ သိုပေမယ့်လည်း ဧဂရတ်ရဲ့ အတိတ်ဇာတ်ကြောင်းကြောင့် အိမ်ပေါ်ကနေဆင်းခဲ့လို့ သူ့သရုပ်အမှန်ကို မဖော်ပြဖို့ အစ်ကိုဖြစ်သူကိုတောင်းဆိုပြီး မစ်ရှင်ကိုသိုသိုတိတ်တိတ်လေးနဲ့ ဆောင်ရွက်နိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။
ဧဂရတ်ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ ကလာ့လည်း ဒီမစ်ရှင်ကိုအထက်အမိန့်ကြောင့် ထန်ဘွန်ဆီရောက်လာခဲ့ပါတယ်။ နှစ်ယောက်သားတွေ့ဆုံပြီး မကောင်းမှုဒုစရိုက်ကိုနှိမ်နှင်းဖို့ ကြိုးစားကြပါတော့တယ်။ ကလာ့တစ်ယောက်အဲ့ခရိုင်ရောက်ပြီးခါမှ အာဆွိဆိုတဲ့ သူဌေးဆိန့်သမီးကိုကြိုက်နှစ်သက်ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူဌေးဆိန့်အသတ်ခံလိုက်ရတာကြောင့် အာဆွိလည်း ကလာ့နဲ့အတူပူးပေါင်းပြီး သူ့အဖေကိုဘယ်သူသတ်ခဲ့တာလဲဆိုတာ ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။
ထန်ဘွန်ခရိုင်ရဲ့ မကောင်းမှုဒုစရိုက် မျက်နှာပန်းပြလူဆိုးဖြစ်တဲ့ ကမ်ဟဲန်က ကူးသန်းရောင်းဝယ်ရေးလုပ်ဖို့အတွက် ဆိပ်ကမ်းနေရာကိုတအားလိုချင်နေပါတယ်။ ကမ်ဟဲန်ရဲ့အစီအစဉ်မအောင်မြင်ဖို့ ဧဂရတ်တို့အဖွဲ့ဘယ်လိုနှိမ်နှင်းကြမလဲ၊ ကမ်ဟဲန်ရဲ့အထက်က ကြိုးကိုင်တဲ့လူကရောဘယ်သူလဲ၊ အနီးအနားကလူပဲဖြစ်နေမလား ဆိုတာတော့ အပစ်အခတ်အက်ရှင်ဇာတ်ကားကောင်းလေးကို လက်မလွှတ်သင့်ဘူးလို့ ပြောပါရစေ။