-
Movie Name
-
Happy Birthday (2022)
-
Year
-
2022
-
Generes
-
Action, Comedy
-
Code
-
IND0661
-
Type
-
Movie
-
Size
-
1.11 GB
-
Country
-
Bollywood
-
Description
-
Happy Birthday (2022)
IMDb-5.6/10
ခါတိုင်းတရစပ်အပြောတွေနဲ့ ရွှတ်နောက်နောက်ဟာသမင်းသားကြီး Vennela Kishore က
ဒီကားထဲမှာတော့ ၀န်ကြီးနေရာကသရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းအညွှန်း
“No Gun ,No entry”
သေနတ်သာရှိရင် ဒုစရိုက်မှုတွေနည်းမယ် သေနတ်နဲ့လူကိုလည်း ဘယ်သူမှရန်စရဲမှာမဟုတ်ဘူးဆိုပြီး
လူတိုင်းသေနတ်ကိုင်ဆောင်နိုင်ရေးအဆိုကိုတင်သွင်းခဲ့သူ၀န်ကြီးကျေးဇူးနဲ့
အားလုံးဟာရတနာတွေရောင်းချပြီးတောင် သေနတ်ကိုအပြိုင်အဆိုင်ကိုင်
ရပ်ကွက်ဈေးကအစ သေနတ်တွေတကြော်ကြော်အော်ရောင်းအောင်မြင်နေသည်ထိပါပဲ
ပြသနာဆိုတာလေးက ဇာတ်လမ်းတိုင်းမှာမပါမဖြစ်ဆိုတော့ သူအဲဒီလို
သေနတ်ရောင်းဝယ်ခွင့်ပါမစ်ချပေးခဲ့တဲ့အချိန်မှာ လာဘ်စားမှုလေးတွေရှိခဲ့ပါတယ်
အဲဒီအမှုသက်သေရှိတဲ့သူတစ်ယောက်နဲ့ ဝန်ကြီးနဲ့က ဟိုတယ်တစ်ခုရဲ့
အခန်း ၆၉၆၉ မှာဆုံတွေ့ဖို့စီစဉ်ကြပြီး အဲဒါကို အေးဂျင့်တွေကလဲ စောင့်ကြည့်နေကြပါတယ်
ဒါပေမယ့် အခန်း၆၉၆၉ ကိုလာတဲ့သူတွေက သူတို့ချည်းပဲလားဆိုတော့မဟုတ်ပါဘူး
တခြားလူတွေပါ ပါဝင်လာတဲ့အခါမှာ…..
ကောင်းမွန်တဲ့ ဇာတ်လမ်းဇာတ်ကွက်နဲ့ စိတ်ဝင်စားဖွယ်ရာဇာတ်ကြောင်းအရ
ဒီဇာတ်ကားလေးဟာ ကြည့်လို့ကောင်းမယ့်အနေအထားပါ
အတည်ပေါက်ဟာသထလုပ်တာတွေက ဇာတ်လမ်းကိုပေါ့သလိုဖြစ်စေပေမဲ့
တခါတလေတော့လည်း ကျွန်တော်တို့ ဇာတ်လမ်းတွေကို
အတည်ပေါက်ကြီး ခံစားကြည့်ရှုနေရတာစိတ်ကုန်နေလောက်ပါပြီ
အဲဒီတော့ ဂျက်ကီချမ်းကားတွေလိုပဲ ရီလဲရီရမယ်
အက်ရှင်တွေလဲပါမယ် စပိုင်ဇာတ်လမ်းလေးလဲပါမယ်
မင်းသမီးချောချောလေးတွေလဲ ကြည့်ချင်တယ်ဆိုရင်
ဒီဇာတ်ကားကသင့်အတွက်ပါပဲမိတ်ဆွေ…….