-
Movie Name
-
Temptress Moon (1996)
-
Year
-
1996
-
Generes
-
Drama, Romance
-
Code
-
CN0572
-
Type
-
Movie
-
Size
-
942 MB
-
Country
-
China
-
Description
-
Temptress Moon (1996)
~ IMDb – 6.7/10, Rotten Tomatoes – 62% ~
Farewell My Concubine အပြီး Chen Kaige နဲ့ လတ်စလီချောင် ဂေါင်လီအတွဲ ပြန်ဆုံတဲ့ ရုပ်ရှင်ပေါ့။ သူလည်း ကိန်းမှာပြခဲ့ပြန်၊ Palme d’Or အတွက် ပြိုင်ခဲ့ပြန်တာပဲ။ ဒါပေမဲ့ ရတော့မရသွားခဲ့ပါဘူး။ ထပ်ပြီး တူတာက သူလည်း တရုတ်ပြည်မှာ ဘန်းခံထိထားတယ်။
မထူးခြားနားပါပဲ။ ပုရီနန်းစွန့်ပြီးနောက်ပိုင်း ၁၉၁၂မှာ ဇာတ်အိမ်စတယ်။ မင်းရိပ်မင်းရှိန်မကင်းတဲ့အိမ်တစ်အိမ်က ဘိုးဘေးနတ်ကွန်းထဲ အဲဒီအိမ်က ကလေးမလေးက ကစားရင်းဝင်လာလို့ အကုန်ပွက်လောရိုက်နေတာနဲ့ စဖွင့်ထားတယ်။ အဲဒီကလေးမလေးက ဂေါင်လီရဲ့ဇာတ်ကောင် ဖန်းယုရီ။ တရုတ်မှူးမတ်အိမ်တော်ဆိုတော့ အဲဒီအိမ်ရိပ်လာခိုတဲ့ ဆွေရိပ်မျိုးရိပ်မကင်းတဲ့ ကလေး၂ယောက်ရှိတယ်။ တစ်ယောက်ကကျ လတ်စလီချောင်ရဲ့ ဇာတ်ကောင် ကျန်းလိန်။ သူက အဲဒီအိမ်က ဖန်းယုရီအစ်ကို ဖန်းအိမ်တော်က သခင်လေးရဲ့မိန်းမရဲ့မောင်။ နောက်တစ်ယောက်က ဖန်းအိမ်တော်နဲ့ ဆွေမျိုးနည်းနည်းဝေးတဲ့ ဖန်းယုရီရဲ့အစ်ကိုဝမ်းကွဲ သွမ့်ဝူ။ ဒီသုံးယောက်က ဖန်းအိမ်တော်နဲ့ပတ်သက်ပြီး ကြမ္မာမလှခဲ့သလို ဒီဇာတ်ရဲ့အဓိကဇာတ်ကောင်၃ယောက်လည်း ဟုတ်တယ်။
ဂေါင်လီရဲ့ဇာတ်ကောင် ဖန်းယုရီက သူတို့အိမ်တော်က လူကြီးတွေကျေးဇူးနဲ့ ငယ်ငယ်လေးကတည်း ဘိန်းစွဲနေသလို လတ်စလီချောင်ရဲ့ဇာတ်ကောင်ကလည်း ဂေါင်လီရဲ့အစ်ကို ဘိန်းသမားကျေးဇူးနဲ့ စိတ်ဒဏ်ရာတော်တော်မသေးဘူး။ ဘိန်းသမားက ဘိန်းကြောင်ပြီး သူ့မိန်းမနဲ့ သူ့မိန်းမရဲ့မောင်ကို မောင်နှမချင်း အတင်းမဖွယ်ရာမရာပြုခိုင်းတဲ့ဒဏ်ကို လတ်စလီချောင်ရဲ့ဇာတ်ကောင်က ခံစားခဲ့ရတယ်။ သွမ့်ဝူကျ အမျိုးဆိုပေမဲ့ အမျိုးဝေးတော့ ကျွန်သပေါက်သာသာ နှိမ်တာခံခဲ့ရတယ်။ ဒီလိုနဲ့ လတ်စလီချောင်ရဲ့ဇာတ်ကောင်က သူ့ယောက်ဖဒဏ်မခံနိုင်တော့ဘဲ အိမ်ကနေ ပီကင်းကို စာသင်ဖို့ထွက်သွားခဲ့တယ်။ သို့ပေမဲ့ စာသင်တဲ့ဆီမရောက်လိုက်ပါဘူး။ လမ်းမှာ ပစ္စည်းတွေအလုခံရပြီး လူမိုက်ဂိုဏ်းဝင်ဖြစ်သွားခဲ့တယ်။ ဂေါင်လီကလည်း ဘိန်းစွဲနေလို့ စေ့စပ်ကြောင်းလမ်းထားတဲ့အိမ်ကနေ ဖျက်သိမ်းတာခံလိုက်ရတယ်။
ဒီလိုနဲ့ သူတို့အရွယ်ရောက်လာပြီး ဖန်းသခင်ကြီးသေသွားတဲ့အချိန်မှာ အစ်ကိုက ဘိန်းဒဏ်နဲ့ နာလန်မထူတော့လို့ ဂေါင်လီက အိမ်ရဲ့ အကြီးအကဲဖြစ်လာခဲ့တယ်။ ဒီအချိန် လတ်စလီချောင်က ပြန်လာပြီး ဖန်းအိမ်က စည်းစိမ်တွေကို အပိုင်သိမ်းဖို့ကြံတယ်။ ဒါပေမဲ့ ဂေါင်လီကို ချစ်မိသွားပြီး အထ,မမြောက်ခဲ့ဘူး။ ဂေါင်လီကလည်း လတ်စလီချောင်ကို ချစ်ပေမဲ့ လတ်စလီက ငယ်ငယ်က သူ့အစ်မနဲ့အတင်းမဖွယ်မရာအပြုခံခိုင်းခဲ့ရတဲ့ စိတ်ဒဏ်ရာနဲ့ဆိုတော့ ဘယ်မိန်းမကိုမှ တကယ်တမ်း မချစ်နိုင်ခဲ့ဘူး။ နောက် သူတို့တွေ အဲဒီအိမ်တော်ကြီးထဲ ဘာဆက်ဖြစ်ကြမလဲဆိုတဲ့ ဇာတ်မျိုးပေါ့။
ဇာတ်ကတော့ တော်တော်လေးရှင်းပေမဲ့ တစ်ခုခုလိုအပ်နေသလိုလို ခံစားရသလို Chen Kaige ဘာပြချင်တာလဲဆိုတဲ့ အချက်ကလည်း တော်တော်လည်းမရှင်းဘူး။ နာမည်ကျော် ဝေဖန်ရေးဆရာ ရော်ဂျာအတ်ဘတ်ကိုယ်တိုင်လည်း ဇာတ်က ဘာပြချင်တာလဲ သူလည်းမရှင်းပေမဲ့ ဇာတ်ဟာ ပုရီနန်းဆင်းပြီးနောက် တည်ထားတာဆိုတော့ ဒီဖြစ်ရပ်တွေအားလုံးဟာ အဲဒီကနေမှ မော်စီတုန်းသေတဲ့အထိကို Symbolism နဲ့ ပြထားသလားတော့မသိဘူးလို့ ပြောတယ်။ တကယ်လည်းဟုတ်လောက်တယ်။ ပြည်မက ဒီကားကို ဘန်းထားရတဲ့အကြောင်းရင်းတော့ ရှိတော့ရှိမှာပဲ။ ပုရီနန်းဆင်းပြီးနောက်ကနေ မော်စီတုန်းသေတဲ့ခေတ်အထိကို ကျမ်းကြေတဲ့လူတွေကတော့ ဒီဇာတ်ကို သဘောပေါက်ချင်ပေါက်မှာပဲ။
ဒီတိုင်းကြည့်ရင်တော့ Chen Kaige ရဲ့ဇာတ်ဟာ ရိုးရှင်းပေမဲ့ သူပြချင်တာတစ်ခုခုကို ဝှက်ထားသလို ကျွန်တော်တို့ ကျိန်းသေခံစားရမှာပါပဲ။ ပုရီနှောင်းပိုင်း တရုတ်ပြည်ရဲ့ အနောက်တိုင်းယဉ်ကျေးမှုစိမ့်ဝင်မှုတွေအကြောင်းလည်း တစ်စွန်းတစ်စပြသထားတယ်။ ဒါပေမဲ့လည်း ဒီဇာတ်ဟာ အပြနဲ့တင်တော်တော်ကြည့်ရတန်ပါတယ်။ တန်ဆို သူ့ စီနီမာတိုဂရပ်ဖာက ဝေါင်ကာဝေးအသည်းကျော် ဟောင်ကောင်ရဲ့နာမည်အကြီးဆုံး စီနီမာတိုဂရပ်ဖာတွေထဲကတစ်ယောက်ဖြစ်တဲ့ Christopher Doyle ကိုး။ ဂေါင်လီ၊ လတ်စလီချောင်၊ ခရစ္စတိုဖာဒွိုင်း… ဒါနဲ့တန်တော်တော်တန်ပါတယ်။ Temptress Moon ဟာ ဘယ်လိုကားလဲတော့ ဖော်ပြရခက်ပေမဲ့ သေချာတာတော့ လတ်စလီချောင်ရဲ့အသိရခက်တဲ့ဇာတ်ကောင်ရယ်၊ ဂေါင်လီရဲ့အလှရယ်၊ ဒွိုင်းရဲ့ စီနီမာရယ်ကတော့ ပရိသတ်ရင်ထဲ အရောက်လှမ်းနိုင်မှာပါပဲ။