Movie Name
Wulin Heroes (သိုင်းလောကရဲ့နတ်ဆေးရှင်) (2023)
Year
2023
Generes
Historical, Romance
Code
SC0616
Type
Series
Size
6.85 GB
Country
China
Description
1-22 Completed အေးစက်တည်ငြိမ်ပြီး ချောမောသောအသွင်အပြင်ရှိသူ ၊ နွေးထွေးလှတဲ့ နှလုံးသားပိုင်ရှင်ဖြစ်သူ ၊ သိုင်းလောကမှ နတ်ဆေးသမားတော်ဟုတင်စားရလောက်အောင်ထိ ဆေးပညာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူ ဖုန်းဟွာတောင်ကြားသခင် – ပိုင်ယွဲအဖြစ် လီဟုန်ရိ ❏ ထက်ထက်မြက်မြက် မိန်းကလေးတစ်ယောက်ဖြစ်သူ ၊ အားနည်းသူတွေကို ကူညီတတ်တဲ့ နွေးထွေးသောစိတ်ထားရှိသူ ၊ ဒါပေမဲ့ လူတွေရဲ့ စိတ်ကိုတော့ နားမလည် အတွေ့အကြုံမရှိသေးသူ ၊ သိုင်းလောကရဲ့ သူရဲကောင်းမလေး ဖြစ်ဖို စိတ်ပိုင်းဖြတ်ထားသူ – ယဲ့ရှီး အဖြစ် ဟွမ်ရစ်ယင် ကြင်နာတတ်ပြီး လိမ္မာပါးနပ်တဲ့ ယဲ့ရှီးဆိုတဲ့ မိန်းကလေးဟာ သူမရဲ့ မျိုးဆက်အတွင်း သိုင်းသမား သူရဲကောင်းတစ်ဦးဖြစ်ဖိုအတွက် စိတ်ပိုင်းဖြတ်ထားပြီး သိုင်းလောကကိုပထမဦးဆုံးဝင်ရောက်ခဲ့ပါတယ် ။ သိုင်းလောက အပေါ်ကို အတွေ့အကြုံမရှိတဲ့ သူမဟာ အားနည်းသူတွေကို ကူညီပေးပြီး အထက်တန်းစား အားကြီးတဲ့သူတွေကို ဖိနှိပ်ဖို ရည်ရွယ်ထားပေမဲ့ သိုင်းလောက လူတွေရဲ့ စိတ်ကိုနားလည်ခြင်းမရှိခဲ့ပါဘူး ။ အဲဒါကြောင့် အကြိမ်ကြိမ် အမြတ်ထုတ်ခံရခြင်း ၊ လှည့်စားခံရခြင်း နဲ့ သစ္စာဖောက်ခံရခြင်းတိုကို ခံရပါတယ် ။ အဲ့တာတင်မကသေးပါဘူး တစ်သက်လုံး ယုံကြည်ရမယ်ထင်ခဲ့တဲ့ သူရဲကောင်း ၊ တစ်သက်လုံး လက်တွဲရမယ်လို ယုံကြည်ထားခဲ့မိတဲ့ ချစ်ရသူကပါသူမကိုသစ္စာဖောက်ခဲ့ပြီး ဂုဏ်သိက္ခာတွေပျက်ပြားကာ ခဏ ခဏ လိုက်လံ တိုက်ခိုက်ခြင်းခံရပါတယ် ။ ပြင်းထန်တဲ့ ရိုက်နှက်မှုဒဏ်တွေကြုံတွေ့ရပေမဲ့လည်း ယဲ့ရှီးရဲ့ မူလရည်ရွယ်ချက်က မပြောင်းလဲခဲ့ပါဘူး ။ အမှန်တရားနောက်ကို ခြေရာခံပြီး သူမရဲ့ အပြစ်မရှိကြောင်း သက်သေပြဖို ကြိုးစားခဲ့ပါတယ် ။ ကံကောင်းထောက်မစွာနဲ့ပဲ ဉာဏ်ကြီးရှင် သမားတော် ပိုင်ယွဲနဲ့ တွေ့ဆုံခဲ့ပြီး သူမက်ိ အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့ပါတယ် ။ ပိုင်ယွဲတစ်ယောက် သူမကို ခရီးလမ်းတစ်လျှောက် တိတ်တိတ်ကလေးကာကွယ်ပေးပြီး သေအတူရှင်မကွာနေလာခဲ့ပါတယ် ။ ယဲ့ရှီးတစ်ယောက်လဲ ပိုမို ရင့်ကျက်လာခဲ့ပြီး ပိုမိုသန်မာ/ယုံကြည်မှုရှိလာခဲ့ကာ နောက်ဆုံးမှာတော့ စစ်မှန်တဲ့ အချစ်မေတ္တာက ဘယ်အရာလဲဆိုတာ ပိုင်ယွဲနဲ့ကျမှ နားလည်သွားခဲ့ပါတယ် ။ ဒီတော့ သမားတော်လေး ပိုင်ယွဲရဲ့ အကူအညီအောက်မှာ မိန်းကလေးယဲ့ရှီးတစ်ယောက် – ❏ သိုင်းလောကမှ သူမကို ထိခိုက်ခဲ့တဲ့ သူတွေကို ပြန်လည်ချေမှုန်းနိုင်ပါ့မလား ? ❏ သူမဖြစ်ချင်တဲ့ သိုင်းလောကရဲ့ စစ်မှန်တဲ့ သိုင်းသမား သူရဲကောင်းမလေးရော ဖြစ်သွားနိုင်ပါ့မလား ? ❏ သမားတော်လေး ပိုင်ယွဲနဲ့ အချစ်ဇာတ်လမ်းဟာလဲ ဖြောင့်ဖြူး နိုင်ပါ့မလား ? ဆိုတာ ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲလေးတစ်ကားပဲဖြစ်ပါတယ်ရှင် ။