Movie Name
Tomorrow With You (2017)
Year
2017
Generes
Drama, Romance
Code
SKR0791
Type
Series
Size
7.15 GB
Country
Korea
Description
အပိုင်း ( ၁ မှ ၁၆ ) အထိ စ/ဆုံး ဒီတစ်ခါမှာတော့ အစ်မကြီးအင်ရဲ့အချောဆုံးကောင်လေး ၀မ်တောင်းကျီရဲ့ Time Travel စီးရီးဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်…. မင်းသားချော Lee Je-Hoon နဲ့ အတူ ပါးချိုင့်လှလှလေးနဲ့ မင်းသမီးချောလေး Shin Min-A လည်း ပါ၀င်သရုပ်ဆောင်ထားတာမို့ တခြားပြောစရာလိုတော့မယ်မထင်ပါဘူး နှစ်ယောက်ရဲ့ visual ကို ငေးရရုံနဲ့တင် ကြည့်ရတာတန်နေပြီဖြစ်တဲ့ ဇာတ်ကားလေးလို့ပဲ ဆိုချင်ပါတယ်…. ဇာတ်လမ်းအကျဉ်း…. ယူဆိုးဂျွန် (Lee Je-Hoon) ဟာ အနာဂတ်ကို အချိန်ခရီးသွားနိုင်သူဖြစ်ပါတယ်… တစ်နေ့ ဆိုးဂျွန်တစ်ယောက် အချိန်ခရီးသွားရင်း သူသေဆုံးမဲ့နေ့ရက်ဆီကို ရောက်သွားပြီးတော့ မတော်တဆမှုဖြစ်ပြီး သေဆုံးသွားတဲ့ ‘အနာဂတ်ရဲ့ဆိုးဂျွန်’ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပါတော့တယ်…. တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆိုးဂျွန်နဲ့ အတူတူ မတော်တဆမှုဖြစ်ပြီး တစ်ချိန်တည်းမှာ သေဆုံးသွားတဲ့ ဆုန်းမာရင်းဆိုတဲ့မိန်းကလေး (Shin Min-A) လည်း ရှိနေခဲ့ပါတယ်… ဆိုးဂျွန်နဲ့ မာရင်းက ဘာကြောင့် တစ်ရက်တည်း တစ်ချိန်တည်းမှာ အတူတူသေဖို့ ‌ဖြစ်လာရတာလဲ သူတို့နှစ်ယောက်ရဲ့ သေခြင်းတရားကိုရော ဆိုးဂျွန်တစ်ယောက် ဘယ်လိုတွေ တားဆီးသွားမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်…..